ငှက်ဖျားရောဂါ ကုသနိုင်တဲ့ ဆေးတစ်မျိုး ထပ်မံတွေ့ရှိ

tiger-mosquito-PRHTXFL.jpg

ငှက်ဖျားရောဂါကြောင့် တစ်ကမ္ဘာလုံးမှာ နှစ်စဉ် လူပေါင်း ၈.၅ သန်းလောက် နာမကျန်း ဖြစ်နေရပြီး သွေးရည်ကြည်ထဲမှာ ရှိနေတဲ့ ကပ်ပါးပိုးတွေကြောင့် ဖြစ်တာ ပိုများတယ်လို့ ဆိုပါတယ်။

ဒီငှက်ဖျားပိုး အမျိုးအစားဟာ တစ်ခုချင်း ဖယ်ရှားရတာဖြစ်တာကြောင့် အသည်းထဲမှာ ကျန်နေနိုင်ပြီး နှစ်ပေါင်းများစွာ အသက်ရှင်နေနိုင်ပါတယ်။

ကလေးတွေမှာတော့ ခံနိုင်ရည် နည်းတာကြောင့် အဖြစ်များတတ်ပြီး ငှက်ဖျားပိုး သယ်ဆောင်လာတဲ့ ခြင်ရဲ့ တစ်ကြိမ်ကိုက်ခြင်း ခံရရုံနဲ့တင် ကူးစက်ခံရနိုင်ပါတယ်။ အခုလို ဖြစ်နေတာကြောင့်ပဲ တစ်ကမ္ဘာလုံးမှာ ငှက်ဖျားရောဂါကို တိုက်ဖျက်နိုင်အောင် ဝိုင်းဝန်းကြိုးပမ်းနေကြပါတယ်။

အခုအခါမှာ အမေရိကန်နိုင်ငံ အစားအသောက်နဲ့ဆေးဝါးကွက်ကဲရေးအဖွဲ့ (FDA) က တဖီနိုကွင်း (Tefenoquine) ဆိုတဲ့ ဆေးနဲ့ ကုသဖို့ ခွင့်ပြုလိုက်ပြီ ဖြစ်ပါတယ်။ ဒီဆေးဟာ အသည်းထဲမှာ ကပ်တွယ်နေတဲ့ မမြင်နိုင်တဲ့ ကပ်ပါးပိုးတွေကို တိုက်ထုတ်နိုင်ပါတယ်။

ဒါဟာ ငှက်ဖျားရောဂါကို သုတ်သင်ဖို့ နောက်ထပ် နည်းလမ်းတစ်ခုလည်း ဖြစ်ပါတယ်။ အရင်က အသည်းထဲမှာ ပုန်းကွယ်နေတတ်တဲ့ မမြင်နိုင်လောက်တဲ့ ငှက်ဖျားပိုးတွေကို ကုသဖို့ ပရိုင်မာကွင်း (Primaquine) ဆိုတဲ့ဆေးကို အသုံးပြုခဲ့ဖူးပါတယ်။

တဖီနိုကွင်းဟာ ပရိုင်မာကွင်းဆေးလိုမျိုး ၁၄ ရက်လောက် မကြာမကြာ ဆေးထိုးနေဖို့ မလိုအပ်ဘဲ ဆေးတစ်လုံးတည်း ထိုးရုံနဲ့ အဆင်ပြေစေမယ်လို့ ဆိုပါတယ်။ နောင် အနာဂတ်မှာ ဆေးပြားတွေ သောက်ပြီး ငှက်ဖျားကို ကုသနေရတာတွေ မရှိတော့ဘဲ အသည်းထဲက ပိုးတွေကို ဆေးထိုးလိုက်ရုံနဲ့ ပျောက်ကင်းသွားဖို့ အထိ မျှော်လင့်နေကြပါတယ်။

Ref : BBC “New Drug for recurring malaria”

Cj (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top