ကျွေးမွေး စောင့်ရှောက်ထားခဲ့တဲ့ ဝက်ဝံက သတ်ဖြတ် စားသောက်တာကို ခံလိုက်ရတဲ့ ရုရှား အမျိုးသား

7836892-0-image-a-20_1545833783155.jpg

ပြီးခဲ့တဲ့ ဒီဇင်ဘာလအတွင်းက ရုရှားနိုင်ငံက ဆားဂျေး ဂရီဂိုရီယိရ် (Sergey Grigoriyev) ဆိုသူကို အကောင်ပေါက် ဘဝကတည်းက အိမ်မွေးတိရိစ္ဆာန်တစ်ကောင်လို သူမွေးမြူစောင့်ရှောက်ထားတဲ့ ဝက်ဝံက တိုက်ခိုက်သတ်ဖြတ်ပြီး စားသောက်ပစ်ခဲ့တဲ့ ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့ပါတယ်။ မိသားစုဝင်တွေဟာ ဆားဂျေး ဂရီဂိုရီယိရ် (Sergey Grigoriyev) နဲ့ သူ့ရဲ့ ခွေးလေး သေဆုံးသွားတာကို အာဏာပိုင်တွေဆီ အကြောင်းကြားပြီးမှ ဝက်ဝံပါ ပျောက်ဆုံးသွားတာကို သိရှိခဲ့ရတာဖြစ်ပါတယ်။

အသက် (၄၁) နှစ် ရှိပြီဖြစ်တဲ့ ဆာဂျေးက အညိုရောင် ဝက်ဝံပေါက်လေး တစ်ကောင်ကို အကောင်ပေါက် ဘဝကတည်းက မွေးမြူစောင့်ရှောက်ထားခဲ့တာပါ။ အဲဒီဝက်ဝံဟာ ဆာဂျေး မမွေးမြူခင်က အိုဇက်ခ်ဒေသ အပိုင်ဘက်ကဖြစ်ပြီး ထွက်ပြေး လွတ်မြောက်သွားလို့ သေနတ်နဲ့ အပစ်ခံခဲ့ရပါသေးတယ်။ ဒါကို ဆာဂျေးက လွန်ခဲ့တဲ့ (၄) နှစ်လောက်မှာ ကယ်တင်ပြီး မွေးမြူထားခဲ့တာဖြစ်ပါတယ်။

အခင်းဖြစ်တဲ့နေ့မှာ မိသားစုဝင်တွေက ဆာဂျေးကို လှောင်အိမ်ထဲက ဝက်ဝံလွတ်သွားကြောင်း ပြောခဲ့ကြပါတယ်။ ဆာဂျေးရဲ့ ခွေးလေးကတော့ မိသားစုဝင်တွေ ကားဆီရောက်ပြီး ထွက်ပြေး လွတ်မြောက်နိုင်ဖို့ အဲဒီ ဝက်ဝံကို ခုခံ တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။ ဒါပေမဲ့လည်း အင်အား မမျှတာကြောင့် ခွေးလေးဟာလည်း အရေခွံ စုတ်ပြတ်ပြီး အရိုးပေါ်၊ အရေပြားလန်တဲ့ထိ အကိုက်ခံခဲ့ရပြီး သေဆုံးသွားခဲ့ရပါတယ်။

ဝက်ဝံဟာ အရင်ကလည်း ဆာဂျေးကို တိုက်ခိုက်ဖို့ ကြိုးစားခဲ့ဖူးတာကြောင့် စွန့်ပစ်လိုက်ဖို့ မိတ်ဆွေတွေရဲ့ပြောဆိုမှုကို ဆာဂျေးက အကြိမ်ကြိမ်ငြင်းပယ်ခဲ့တာဖြစ်ပြီး နောက်ဆုံးတော့ အခုလို အသက်ပေးသွားရတာဖြစ်ပါတယ်။ ဒီအဖြစ်အပျက်အတွက် အာဏာပိုင်တွေက ဆက်လက် စုံစမ်းစစ်ဆေးနေဆဲ ဖြစ်တယ်လို့ သိရပါတယ်။

Ref: Elitereaders “Russian Hunter is Killed and Eaten By Bear He Rescued And Raised In A Cage”

Po Mo Htoo Aung (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top