ဆေးရုံက ကလေးလူနာတွေ ပျော်ရွှင်စေဖို့ စူပါဟီးရိုးဝတ်စုံတွေဝတ်ဆင်ပြီး အားပေးခဲ့ကြတဲ့ ပြတင်းပေါက်မှန်သန့်ရှင်းရေးသမားတစ်စု

25.7.23-yyl-4.jpg

အသက်အန္တရာယ်ခြိမ်းခြောက်နေတဲ့ရောဂါတွေကို ရင်ဆိုင်နေရတဲ့ ကလေးလူနာတွေကို ပြတင်းပေါက်မှန်သန့်ရှင်းရေးသမားတစ်စုက ပျော်ရွှင်အောင် အားပေးခဲ့ကြပါတယ်။ သူတို့တွေက Norton ကလေးဆေးရုံရဲ့ပြတင်းပေါက်မှန်တွေကို သန့်ရှင်းရေးလုပ်ရင်းနဲ့ ကလေးလူနာတွေကြိုက်နှစ်သက်တဲ့ စူပါဟီးရိုးဝတ်စုံတွေဝတ်ဆင်ကာ အားပေးခဲ့ကြတာပါ။

အခုလို ကလေးတွေကို ပျော်ရွှင်အောင်လုပ်ပေးနေတယ်ဆိုတာကို Reddit အသုံးပြုသူတစ်ဦးက မျှဝေပေးခဲ့တာပါ။ ကလေးတွေက သူတို့နှစ်သက်တဲ့ လင်းနို့လူသား၊ စူပါမန်းတွေကို မြင်တွေ့ရတဲ့အတွက် ပျော်ရွှင်ခဲ့ကြရပါတယ်။ ဒီစိတ်ကူးအကြံဉာဏ်ရခဲ့တာဟာ Pro Clean International က သန့်ရှင်းရေးသမားတွေပါ။

သူတို့ရဲ့ဆေးရုံပြတင်းပေါက်မှန်တွေကို သန့်ရှင်းရေးလုပ်ရင် ကလေးတွေ ပြုံးအောင် ဘယ်လိုလုပ်ရမလဲဆိုတာ တော်တော်လေးသိပုံရပါတယ်။ ဒီပြတင်းပေါက်မှန်သန့်ရှင်းရေးသမားတွေက စူပါဟီးရိုးဝတ်စုံဝတ်ပြီး ကလေးတွေကို ပျော်ရွှင်အောင်လုပ်ဖို့အတွက် သူတို့ရဲ့အလုပ်ဝတ်စုံကို လဲခဲ့ရတာပါ။
ကလေးတွေပျော်ရွှင်စေခဲ့တဲ့ အလားတူလုပ်ရပ်မျိုး အရင်ကလည်း အခြားကလေးဆေးရုံမှာ ရှိခဲ့ပါတယ်။

Ref: Window cleaners cheer up kids in the hospital by dressing up as superheroes: ‘Bless those people’

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top