ဗြိတိန်နိုင်ငံရဲ့ စူပါမားကတ်ထဲမှာ အဆိပ်သင့်ဖားတစ်ကောင် တွေ့ရှိ

6-7-2020-yyl-014.jpg

တောင်အမေရိကနိုင်ငံမှာ တွေ့ရလေ့ရှိတဲ့ အဆိပ်သင့်ဖားတစ်ကောင်ကို ဗြိတိန်နိုင်ငံရဲ့ စူပါမားကတ်တစ်ခုမှာ တွေ့ရှိခဲ့ပါတယ်။ လာနယ်လီမြို့ရဲ့ Asda စူပါမားကတ်မှာ မျက်စိလျင်တဲ့ ဝန်ထမ်းတစ်ယောက်က ငှက်ပျောဖီးတွေကြားက လက်မအရွယ်အစားရှိတဲ့ ဖားတစ်ကောင်ကို တွေ့ခဲ့တာပါ။ ကိုလံဘီယာနိုင်ငံဟာ ငှက်ပျောသီးတန်ချိန်သိန်းချီ စိုက်ပျိုးပြီး ဗြိတိန်နိုင်ငံကို နှစ်စဉ် ငှက်ပျောသီးတင်ပို့လေ့ရှိလို့ ဒီဖားက ကိုလံဘီယာနိုင်ငံကနေ ရောက်ရှိလာတာလို့ ယူဆကြပါတယ်။

ဖားတွေဟာ သဘာဝပတ်ဝန်းကျင် အခြေအနေအလိုက် ဇီဝကမ္မဖြစ်စဉ်ကို အရှိန်လျှော့ချနိုင်လို့ မိုင် ၅၀၀၀ ကွာဝေးတဲ့ခရီးစဉ်မှာ အစာမစား၊ ရေမသောက်ဘဲ အသက်ရှင်ခဲ့တာဖြစ်လိမ့်မယ်လို့ ယူဆကြပါတယ်။ Asda စူပါမားကတ်ရဲ့ ဝန်ထမ်းတွေက RSPCA(Royal Society for the Prevention of Cruelty to Animals)ကို ဆက်သွယ်ခဲ့ပြီး အဲဒီဖားကို Silent World Zoo To You ထံ ပေးပို့ခဲ့ပါတယ်။ Silent World Zoo To You ဟာ ရေနေသတ္တဝါတွေအတွက် အထူးတည်ဆောက်ထားတဲ့ စင်တာဖြစ်ပါတယ်။

Nz ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top