သမ္မတ ရွေးကောက်ပွဲ ဝင်ပြိုင် ချင်တယ်လို့ ကင်းန်ဝက်စ် ပြော

6-7-2020-yyl-015.jpg

အမေရိကန် ရက်ပ်အဆိုတော် ကင်းန်ဝက်စ်က သမ္မတရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ချင်တယ်လို့ ပြောခဲ့ပါတယ်။ ” ဘုရားကို ယုံကြည်၊ ကျွန်တော်တို့အမြင်တွေကို စုစည်းပြီး ကျွန်တော်တို့ အနာဂတ်ကို တည်ဆောက်မယ်ဆိုတဲ့ အမေရိကရဲ့ကတိစကားကို ကျွန်တော်တို့ နားလည်လက်ခံရမယ်။ ကျွန်တော်က အမေရိကန်သမ္မတ ရွေးကောက်ပွဲ ဝင်ပြိုင်သွားမှာပါ”လို့ ကင်းန်ဝက်စ်က တွစ်တာပေါ်မှာ ရေးသားခဲ့ပါတယ်။ ကင်းန်ဝက်စ်ကို သူ့ရဲ့ဇနီးသည် ကင်ကာဒေးရှန်နဲ့ စွန့်ဦးတီထွင်လုပ်ငန်းရှင် အီလွန်မက်စ်တို့က ထောက်ခံအတည်ပြုပေးထားပါတယ်။

ကင်းန်ဝက်စ်ဟာ သမ္မတရွေးကောက်ပွဲ ဝင်ပြိုင်မယ်ဆိုရင် သူလေးစားအားကျတယ်လို့ ထုတ်ပြောထားတဲ့ ဒေါ်နယ်ထရမ့်နဲ့ ယှဉ်ပြိုင်ရမှာပါ။ ဒါပေမဲ့ ကင်းန်ဝက်စ်က ရွေးကောက်ပွဲ တကယ်ဝင်ပြိုင် နေသလားဆိုတာကတော့ တိတိကျကျ မသိရသေးပါဘူး။ သူဟာ လာမယ့်နိုဝင်ဘာလမှာ ကျင်းပမယ့် သမ္မတရွေးကောက်ပွဲအတွက် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်မှာ စာရင်းပေးရပုံ မပေါ်သေးပါဘူး။ ကင်းန်ဝက်စ်ဟာ အရင်တုန်းကလည်း သမ္မတရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မယ်လို့ ပြောခဲ့ဖူးပါတယ်။ ၂၀၁၅ ခုနှစ် MTV Video Music Awards ဆုပေးပွဲမှာ ၂၀၂၀ ပြည့်နှစ် သမ္မတရွေးကောက်ပွဲကျရင် ဝင်ပြိုင်မယ်လို့ ပြောခဲ့ဖူးပါတယ်။

Nz ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top