ပိုလာဝက်ဝံတွေဟာ ကုန်းမြေပေါ်က အမဲလိုက်သတ္တဝါတွေထဲမှာ ခန္ဓာကိုယ်အလေးချိန် အများဆုံးပါပဲ။ ကနေဒါနိုင်ငံ အွန်တာရီယိုပြည်နယ်က ဘေးမဲ့တောထဲမှ ပိုလာဝက်ဝံကြီး ဟန်နရီဆိုရင် ခန္ဓာကိုယ်အလေးချိန် ပေါင် ၁၂၀၀ လေးလံပါတယ်။

ပုံမှာ မြင်တွေ့ရတာကတော့ ပိုလာဝက်ဝံကြီး ဟန်နရီက သူ့ခန္ဓာကိုယ် အလေးချိန်ထက် ပိုများတဲ့ ရွှေဖရုံသီးကြီးတစ်လုံးကို အားပါးတရ စားသောက်နေတာပါပဲ။ လေ့လာမှုတွေအရ ပိုလာဝက်ဝံတွေဟာ သူတို့ခန္ဓာကိုယ်အလေးချိန်ရဲ့ ၂၀ ရာခိုင်နှုန်းလောက်ရှိတဲ့ စားစရာတွေကို တထိုင်တည်း စားသောက်နိုင်စွမ်း ရှိတယ်လို့ ဆိုပါတယ်။

Ref: Polar Bear Gleefully Eating a 1,400-Pound Pumpkin Donated for His Dinner is a Sight to Behold
NZ ( ရိုးရာလေး)

