ခရစ္စမတ်ပွဲတော်ကာလမှာ ပိုလန်လွှတ်တော်အဆောက်အအုံအတွင်း အိမ်ရာမဲ့တွေကို စတုဒီသာ ကျွေးမွေးမယ်

21.12.23-yyl-10.jpg

ခရစ္စမတ်ပွဲတော်ကာလမှာ ပျော်ရွှင်၊ နွေးထွေးမှုတွေ ကူးစက်စေဖို့ ရည်ရွယ်ပြီး ပိုလန်လွှတ်တော် အဆောက်အအုံအတွင်း အိမ်ရာမဲ့တွေနဲ့ ချို့တဲ့နွမ်းပါးသူတွေကို စတုဒီသာ ကျွေးမွေးဧည့်ခံသွားဖို့ ပြင်ဆင်နေပါပြီ။

လွှတ်တော်ဆိုတာ ပြည်သူအားလုံးနဲ့ သက်ဆိုင်တဲ့နေရာဖြစ်ကြောင်း ဖော်ပြလိုတဲ့ အစီအစဉ်တစ်စိတ်တစ်ပိုင်းအဖြစ် အခုလို စီစဉ်ခဲ့တာလို့ ပိုလန်လွှတ်တော်ဥက္ကဋ္ဌသစ် ဟိုလိုနီယာက ဆိုပါတယ်။

ဒီဇင်ဘာလ ၂၂ ရက်ကျရင် ပိုလန်လွှတ်တော် အဆောက်အအုံထဲက အကြီးမားဆုံး ခန်းမကျယ်ကြီးဖြစ်တဲ့ Column Hall မှာ ခရစ္စမတ်အကြို အခမ်းအနားကျင်းပဖို့ စီစဉ်ထားတာပါ။ ဘဝအခက်အခဲ ကြုံနေရသူတွေအတွက် ရည်ရွယ်ကျင်းပတဲ့ စတုဒီသာကျွေးပွဲမှာ ခန်းမတစ်ခုလုံးအပြည့် လူရာချီကို ဖိတ်ခေါ်ကျွေးမွေးမှာ ဖြစ်ပါတယ်။

Ref: Polish Parliament To Host First Ever Christmas Meal For Homeless And Others In Need

NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top