ရှာကျွေးရမယ့် မိသားစုတွေများလွန်းလို့ ကလေးထပ်မယူဖို့ ဇနီး (၁၂ ) ဦးကို ပြောထားရတဲ့ ကလေး (၁၀၂) ဦးဖခင်

28-12-2022-yyl-120.jpg

ဇနီး (၁၂) ဦးရှိတဲ့ အမျိုးသားတစ်ဦးဟာ သူ့မိသားစုဝင်တွေများလွန်းလို့ ရှာကျွေးဖို့ အခက်အခဲဖြစ်လာတာကြောင့် ကလေးထပ်မယူဖို့ ဆုံးဖြတ်ထားပါတယ်။ သူကတော့ ယူဂန်ဒါနိုင်ငံ၊ လူဆာကာမြို့က အသက် ၆၇ နှစ်အရွယ် မူဆာ ဟာဆာယာဆိုသူပါပဲ။ အခုဆို သူဟာသူ့ဇနီး (၁၂) ဦးကို ကလေးမရအောင် သန္ဓေတားဆေးသောက်ဖို့ ပြောထားရပါတယ်။

မူဆာက မယား (၄)ယောက်ထပ်ပိုယူဖို့ အစီအစဉ်ရှိနေတဲ့သူတွေကိုလည်း စိတ်ကူးပြောင်းဖို့သတိပေးခဲ့ပါတယ်။ မူဆာတို့မိသားစုက အိပ်ခန်း ၁၂ ခန်းပါတဲ့ အိမ်တစ်လုံးမှာ အတူနေထိုင်ကြတာပါ။ သူ့မှာ ကလေး (၁၀) ဦးနဲ့ မြေး (၅၆၈) ဦးရှိပါတယ်။ ကလေး (၁၀၂) ဦးကို မှတ်မိပြီး ခွဲခြားပြောနိုင်ပေမဲ့ မြေး (၅၆၈) ဦးတိုင်းကို သိအောင်လုပ်နေရပါတယ်။ တချို့မြေးတွေရဲ့နာမည်ကိုတောင် သူမသိပါဘူး။

မူဆာ အသက် ၁၆ နှစ်၊ ၁၉၇၁ ခုနှစ်မှာ သူ့ရဲ့ပထမဇနီး ဟာနီဖာနဲ့ လက်ထပ်ခဲ့တာပါ။ လက်ထပ်ပြီးတဲ့နောက်မှာ ကျောင်းထွက်ခဲ့ပြီး (၂) နှစ်အကြာမှာ သမီးလေးရဲ့ဖခင်ဖြစ်လာခဲ့ပါတယ်။ အဲဒီအချိန်တုန်းက မူဆာက စီးပွားရေးသမားအဖြစ်ရော ရွာရဲ့အကြီးအကဲအဖြစ်ပါ လေးစားခံခဲ့ရတဲ့သူဖြစ်ခဲ့ပါတယ်။

သူ့မှာ ပိုက်ဆံနဲ့မြေကွက်တွေရှိတဲ့အတွက် နောက်ထပ်မိန်းမတွေယူပြီး မိသားစုများလာအောင်လုပ်ဖို့ ဆုံးဖြတ်ခဲ့တာပါ။ သူ့မြေက မြေဆီလွှာက မြေဩဇာကောင်းတဲ့အတွက် လုံလောက်တဲ့ရိက္ခာတွေ စိုက်ပျိုးပြီးတော့ မိသားစုကို ထောက်ပံ့နိုင်ဖို့က သေချာခဲ့တာပါ။ ဒါပေမဲ့ နှစ်တွေကြာလာတာနဲ့အမျှ နေထိုင်စရိတ်တွေမြင့်တတ်လာပြီး မိသားစုများလာတာကြောင့် သူ့ရဲ့ဝင်ငွေတွေ နည်းပါးလာခဲ့ပါတယ်။ အခုဆို သူ့ရဲ့ကလေးတွေအားလုံးကို ပညာသင်ကြားစေဖို့ ငွေကြေးမတတ်နိုင်ဖြစ်လာခဲ့တဲ့အတွက် အစိုးရကို အကူအညီတောင်းနေရပါတယ်။

သူ့ရဲ့ပထမဇနီး ဟာနီဖာက မူဆာနဲ့ပတ်သက်ပြီး သူ့မှာ နားထောင်တတ်တဲ့နှလုံးသားရှိတယ်။ တစ်ခုခုဆို အကုန်လုံးရဲ့စကားကို နားထောင်ပြီးမှပဲ ဆုံးဖြတ်တယ်။ တစ်ဦးတစ်ယောက်ရဲ့စကားကို ကြားပြီးတော့ အလျင်စလိုမဆုံးဖြတ်ဘူး။ ဘယ်သူ့ကိုမှ အရှက်မခွဲဘူး။ အားလုံးကို တန်းတူရည်တူဆက်ဆံတယ်လို့ ဆိုပါတယ်။

ယူဂန်ဒါမှာ မယားအများကြီးယူတာက တရားဝင်ပါတယ်။ အမျိုးသားတစ်ဦးက တစ်ခါတည်းနဲ့ ဇနီးမယားအများကြီးကို လက်ထပ်ဖို့ ခွင့်ပြုထားပါတယ်။

Ref: TheMirror “Polygamous dad with 102 children tells 12 wives to go on pill as he struggles to cope”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top