‘Doge’ meme နဲ့ နာမည်ကြီးတဲ့ ခွေးလေး သွေးကင်ဆာရောဂါနဲ့ နာမကျန်းဖြစ်နေ

29-12-2022-yyl-123.jpg

လူမှုကွန်ယက်ပေါ်မှာ နာမည်ကြီးနေတဲ့ ‘Doge’ meme မှာပါဝင်တဲ့ ရှီဘာအီနူအမျိုးအစားခွေးလေးဟာ သွေးကင်ဆာရောဂါနဲ့ နာမကျန်းဖြစ်နေပါတယ်။ အသက် ၁၇ နှစ်အရွယ် ခါဘိုဆုအမည်ရတဲ့ အဲဒီခွေးလေးဟာ ခရစ္စမတ်အကြိုနေ့က စားချင်သောက်ချင်စိတ်မရှိဖြစ်ခဲ့တယ်လို့ သိရပါတယ်။

ဂျပန်နိုင်ငံ၊ ဆာကူရာမြို့မှာနေထိုင်တဲ့ ခါဘိုဆုရဲ့သခင် အာဆုကို ဆာတို (သူငယ်တန်းဆရာမ) တင်ခဲ့တဲ့ အင်စတာဂရမ်ပို့စ်တွေမှာ ခါဘိုဆုက Acute Cholangiohepatitis လို့ခေါ်တဲ့ အသည်းရောဂါ နဲ့သွေးကင်ဆာရောဂါစစ်ဆေးတွေ့ရှိခဲ့ပြီးတဲ့နောက်မှာ စိုးရိမ်ရတဲ့အခြေအနေမှာရှိနေတယ်လို့ ဆိုပါတယ်။ “အခု အသည်းက အရမ်းဆိုးနေပြီး အသားတွေဝါလာပါတယ်။ ဒါပေမဲ့ ပဋိဇီဆေးတွေ သောက်သုံးနေတဲ့အတွက် သိသိသာသာတိုးတက်ကောင်းမွန်လာမှာပါ”လို့ ဆာတိုက ပြောပါတယ်။ ဆာတိုက ကမ္ဘာ့တစ်ဝှမ်းကနေ ခွန်အားတွေရရှိနေပါတယ်လို့ ပြောကြားရင်းနဲ့ ခါဘိုဆုရဲ့ပရိသတ်တွေကိုလည်း အပြည့်အဝအားပေးပံ့ပိုးကြတဲ့အတွက် ကျေးဇူးတင်ခဲ့ပါတယ်။

၂၀၁၀ ခုနှစ်က ဆာတိုရဲ့ကိုယ်ပိုင်ဘလော့ဂ်မှာ တင်တဲ့ ခါဘိုဆုရဲ့ပုံတစ်ပုံကို လူမှုကွန်ယက်အသုံးပြုသူတွေ ပြန်လည်မျှဝေခဲ့ပြီးတဲ့နောက် ခါဘိုဆုက နာမည်ကြီးလာခဲ့တာပါ။ ခါဘိုဆုရဲ့မချိပြုံးပြုံးနေတဲ့မျက်နှာ၊ မျက်စောင်းနဲ့ ကြည့်တဲ့အကြည့်၊ လက်ချိတ်ထားပုံက လူမှုကွန်ယက်အသုံးပြုသူတွေရဲ့အာရုံကို ဖမ်းစားနိုင်ခဲ့တာပါ။ သူတို့တွေက ခါဘိုဆုရဲ့အဲဒီပုံမှာ စာသားတွေထည့်ပြီး အသုံးပြုခဲ့ကြပါတယ်။ အသုံးပြုသူတွေက ရုပ်ပုံကို “Doge” လို့ ရည်ညွှန်းပြီး ကမ္ဘာတစ်ဝှမ်းမှာ အသုံးပြုခဲ့တဲ့ Meme ဖြစ်လာခဲ့ပါတယ်။

ပရိုဂရမ်မှာ (၂) ဦးက အင်တာနက်အသုံးပြုသူတွေရဲ့တိရစ္တာန် meme တွေအပေါ် ချစ်ခြင်းမေတ္တာကို ထင်ဟပ်စေတဲ့ Dogecoin လို့ ခေါ်တဲ့ ဒစ်ဂျစ်တယ်ငွေကြေးကို မိတ်ဆက်ခဲ့တဲ့အချိန် ၂၀၁၃ ခုနှစ် ဒီဇင်ဘာမှာ ‘Doge’ meme ရဲ့ကျော်ကြားမှုကို ခိုင်မာစေခဲ့ပါတယ်။

ခါဘိုဆုရဲ့မျက်နှာက ပါစတာခေါက်ဆွဲတွေ၊ Stockholm မြေအောက်ရထားကြော်ငြာတွေနဲ့ ပရော်ဖက်ရှင်နယ်အားကစားသမားတွေရဲ့ဂျာစီအင်္ကျီတွေပေါ်မှာ ပါဝင်ခဲ့တဲ့အထိ ရေပန်းစားခဲ့တာပါ။ Doge meme အဖြစ် ခေတ်စားခဲ့တဲ့ ခါဘိုဆုရဲ့ဓာတ်ပုံကို NFT (အစားထိုးမရတဲ့ ဒစ်ဂျစ်တယ်ပိုင်ဆိုင်မှု) အဖြစ် ဒေါ်လာ ၄ သန်းနဲ့ ၂၀၂၁ ခုနှစ်မှာ ရောင်းချခဲ့ပါတယ်။

Ref: NPR & CNN “The Shiba Inu behind the famous ‘doge’ meme is sick with cancer, its owner says”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top