သစ်ပင်ခုတ်လဲစရာမလိုဘဲ သစ်ထုတ်ယူနိုင်ခဲ့တဲ့ ဂျပန်တို့ရဲ့ ၁၄ ရာစုနည်းပညာ

20-12-2022-yyl-81.jpg

ဂျပန်နိုင်ငံရဲ့ စိုက်ပျိုးရေးအတတ်ပညာနဲ့ပတ်သက်လာရင် ဘွန်ဆိုင်း(သက်ကြီးပုပင်)ဆိုတဲ့ ဝေါဟာရကို မသိသူမရှိသလောက်ပါပဲ။ ဒါပေမဲ့ ဘွန်ဆိုင်းနဲ့ အလားသဏ္ဍာန်တူတဲ့ ဒိုင်ဆူဂီ(Daisugi)နည်းပညာကိုတော့ လူသိနည်းပါတယ်။ ဒိုင်ဆူဂီဆိုတာ သစ်ပင်ရဲ့ ဖြာထွက်နေတဲ့ ဘေးဘက် အကိုင်း၊ အခက်တွေကို ခုတ်ထွင်ပြီး ဖြောင့်တန်းအောင် ကြံဆတဲ့ ၁၄ ရာစုနည်းပညာ ဖြစ်ပါတယ်။

၁၄ ရာစုတုန်းက ဂျပန်နိုင်ငံမှာ ဖြောင့်တန်းပြီး ညီညာလှပတဲ့ ဆူကီယာဇုကူရီ ဗိသုကာလက်ရာတွေ ခေတ်စားခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီလို အဆောက်အအုံတွေဆောက်ဖို့ ညီညာဖြောင့်တန်းတဲ့ သစ်သားကုန်ကြမ်းက ရှားပါးပါတယ်။ နောက်တစ်ချက်ကတော့ ဒိုင်ဆူဂီနည်းပညာကို စတင်တီထွင်ခဲ့တဲ့ ကျိုတိုမြို့မှာရှိတဲ့ ကီတာယာမဒေသကလည်း သစ်ပင်စိုက်ပျိုးစရာ မြေပြန့်နည်းပါတယ်။ ဒီတော့ ကျဉ်းမြောင်းတဲ့ မြေပြန့်လေးမှာ သစ်ပင်ရအောင်စိုက်ဖို့ နည်းလမ်းသစ် ရှာဖွေရင်းနဲ့ ဒိုင်ဆူဂီနည်းပညာကို တွေ့ရှိခဲ့တာပါ။

အောက်ခံသစ်ပင်ကြီးကနေ ဖြောင့်တန်းတဲ့ အလက်တွေ ထွက်ရှိလာတာဖြစ်လို့ သစ်ပင်ကို ခုတ်လဲစရာမလိုဘဲ သစ်သားထုတ်ယူနိုင်တဲ့ နည်းလမ်းလည်း ဖြစ်ပါတယ်။ ကျိုတိုမြို့မှာရှိတဲ့ ကီတာယာမဒေသမှာ ဒိုင်ဆူဂီနည်းပညာ အသုံးပြုထားတဲ့ သစ်တောအုပ်တွေ ရှိပါတယ်။ နှစ် ၂၀၀-၃၀၀ ဝန်းကျင် သစ်သားထုတ်ယူခဲ့တဲ့ သစ်ပင်ကြီးတွေလည်း ဒီနေ့အထိ ရှိနေဆဲပါပဲ။

Ref:This Ancient Japanese Technique From The 14th Century Allows People To Produce Lumber Without Having To Cut Down Trees

NZ (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top