ရန်ကုန်တိုင်း မြို့နယ်နှစ်ခုက အသက် (၆၅) နှစ်အထက် ပြည်သူ (၆၀၀) ကျော်ကို ကိုဗစ်ကာကွယ်ဆေးထိုးနှံ

224017320_4710260299003238_5676826944989146523_n.jpg

ရန်ကုန်၊ သြဂုတ် (၂)

ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြို့နယ်နဲ့ အင်းစိန်မြို့နယ်က အသက် (၆၅) နှစ်အထက် ပြည်သူ (၆၀၀) ကျော်ကို ကိုဗစ်ကာကွယ်ဆေးထိုးနှံပေးခဲ့တယ်လို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက သိရပါတယ်။

လှိုင်မြို့နယ်က အသက် (၆၅) နှစ်အထက် ပြည်သူ (၃၈၈) ဦး နဲ့ အင်းစိန်မြို့နယ်က အသက် (၆၅) နှစ်အထက် ပြည်သူ (၂၂၂) ဦးကို သြဂုတ်လ (၁) ရက်နေ့က ကိုဗစ်ကာကွယ်ဆေးထိုးနှံပေးခဲ့တာဖြစ်ပါတယ်။

ကာကွယ်ဆေးများထိုးနှံရာမှာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့ လမ်းညွှန်ချက်တွေနဲ့ အညီ ရေးဆွဲထားတဲ့ မြန်မာနိုင်ငံ Covid-19 ရောဂါ ကာကွယ်ဆေးထိုးစီမံချက် Myanmar National Vaccine Deployment Plan အရ ဦးတည်အုပ်စုတွေကို သတ်မှတ်ပြီး ဦးစားပေး အစီအစဉ်အလိုက် ထိုးနှံပေးနေတာဖြစ်တယ်လို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းက ပြောပါတယ်။

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနအနေနဲ့ ကျန်ရှိနေသေးတဲ့ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေမှာရှိတဲ့ အသက် (၆၅) နှစ်အထက် ပြည်သူတွေကိုလည်း ကိုဗစ်ကာကွယ်ဆေး ဆက်လက်ထိုးနှံပေးသွားမှာဖြစ်ပါတယ်။

Photo- ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန

Cherry(ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top