၂၀၂၃ ခုနှစ်ရဲ့အော်စကာဆုပေးပွဲမှာ ဂျင်မီ ကင်မီလ်က အခမ်းအနားမှူးအဖြစ် ဆောင်ရွက်မယ်

8-11-2022yyl23.jpg

တီဗီအစီအစဉ်တင်ဆက်သူ ဂျင်မီကင်မီလ်ဟာ ၂၀၂၃ ခုနှစ်ရဲ့ အော်စကာဆုပေးပွဲမှာ အခမ်းအနားမှူးအဖြစ် ဆောင်ရွက်သွားမှာဖြစ်တယ်လို့ ပွဲစီစဉ်သူတွေက နိုဝင်ဘာ ၇ ရက်နေ့မှာ ပြောကြားခဲ့ပါတယ်။ ပွဲစီစဉ်သူတွေက ၂၀၂၃ ခုနှစ်ပွဲအတွက် ဝါရင့်တီဗီအစီအစဉ်တင်ဆက်သူကို ရွေးချယ်ခဲ့တာပါ။

၂၀၂၂ ခုနှစ်ရဲ့အော်စကာပွဲကတော့ မင်းသားဝီလ်စမစ်က အခမ်းအနားမှူး ခရစ်ရော့ခ်ကို ပါးရိုက်ခဲ့တာကြောင့် ဟိုးလေးတကျော်ကျော်ဖြစ်ခဲ့တာပါ။ ၂၀၂၃ ခုနှစ်မှာ ဘယ်သူက အခမ်းအနားမှူးဖြစ်မလဲလို့ သိချင်နေကြတာပါ။ ခရစ်ရော့ခ်ကို ၂၀၂၃ ခုနှစ်ဆုပေးပွဲမှာ အခမ်းအနားမှူးအဖြစ် ဆောင်ရွက်ပေးဖို့ ကမ်းလှမ်းခဲ့ပေမဲ့ ငြင်းဆိုခဲ့တယ်ဆိုတဲ့ သတင်းတွေလည်း ရှိခဲ့ပါတယ်။

“အော်စကာဆုပေးပွဲကို တင်ဆက်ပေးဖို့ တတိယကြိမ်မြောက် ဖိတ်ကြားခံရတာက ဂုဏ်ယူစရာပါပဲ။ ကျွန်တော့်ကို ကမ်းလှမ်းတဲ့အတွက် the Academy ကို ကျေးဇူးတင်ပါတယ်”လို့ ဂျင်မီ ကင်မီလ်က ထုတ်ပြန်ချက်မှာ ပြောကြားထားပါတယ်။

The Academy of Motion Picture Arts and Sciences က ဆုပေးပွဲရဲ့ကြည့်ရှုနှုန်းများစေချင်နေပါတယ်။ ဒါကြောင့် ၂၀၁၇ နဲ့ ၂၀၁၈ ခုနှစ်တွေမှာ အော်စကာပွဲရဲ့အခမ်းအနားမှူးအဖြစ် ဆောင်ရွက်ခဲ့တဲ့ ဂျင်မီကင်မီလ်က ကြည့်ရှုနှုန်းများဖို့နဲ့ ဆုပေးပွဲမှာ မမေ့နိုင်တဲ့အတွေ့အကြုံတွေ ယူဆောင်လာဖို့ ကူညီနိုင်လိမ့်မယ်လို့ မျှော်လင့်ထားပါတယ်။

ပြီးခဲ့တဲ့နှစ်ရဲ့ရုပ်သံထုတ်လွှင့်မှုက ဆုပေးပွဲရဲ့ဒုတိယအနိမ့်ဆုံးကြည့်ရှုနှုန်းဖြစ်ခဲ့ပါတယ်။ ဒါပေမဲ့ စင်ပေါ်မှာ ရော့ခ်ရဲ့မျက်နှာကို ဝီလ်စမစ်ရိုက်တဲ့ ဗီဒီယိုက လူမှုကွန်ယက်မှာ တော်တော်လေးပျံ့နှံ့ခဲ့ပြီး သတင်းခေါင်းကြီးပိုင်းမှာ နေရာယူခဲ့ပါတယ်။

ဝီလ်စမစ်က ဆုပေးပွဲမှာ ခရစ်ရော့ခ်ကို ပါးရိုက်ခဲ့တဲ့အတွက် အော်စကာဆုပေးပွဲတက်ရောက်ခွင့် ၁၀ နှစ်တာပိတ်ပင်ခံခဲ့ရပေမဲ့ အော်စကာဆုစာရင်းမှာ ဆန်ကာတင်စာရင်းဝင်နိုင်ပြီး ဆုရပိုင်ခွင့်တော့ ရှိပါသေးတယ်။

အော်စကာဆုပေးပွဲကို ၂၀၂၃ ခုနှစ် မတ်လ ၁၂ ရက်နေ့မှာ ကျင်းပပြုလုပ်သွားမှာဖြစ်ပါတယ််။

Ref: Asiaone “Comedian Jimmy Kimmel to return as Oscars host in 2023”

WL( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top