ဂျပန်နိုင်ငံမှာ ပြင်းအား ၇.၆ မဂ္ဂနီကျူ့စ်ရှိတဲ့ အင်အားပြင်းငလျင် လှုပ်ခတ်

31.12.23-yyl-8.jpg

People evacuate following the earthquake in Wajima City, Ishikawa Prefecture on Jan. 1, 2024. A massive magnitude-7.4 earthquake struck Noto district in Ishikawa Prefecture, in central Japan on the same day. ( The Yomiuri Shimbun )

ဂျပန်နိုင်ငံ အနောက်ပိုင်းမှာ ပြင်းအား ၇.၆ မဂ္ဂနီကျူ့စ်ရှိတဲ့ အင်အားပြင်းငလျင် လှုပ်ခတ်ခဲ့ပြီး အဆောက်အအုံအများအပြား ပြိုကျပျက်စီးခဲ့ပါတယ်။ အဆောက်အအုံ ပြိုကျပျက်စီးမှု အကြောင်းကြားချက် အနည်းဆုံး ၃၀ အထိ ရရှိခဲ့တယ်လို့ ဝါဂျီမာမြို့ မီးသတ်ဌာနက ထုတ်ပြန်ခဲ့ပါတယ်။

အနောက်ဘက်ကမ်းရိုးတန်းတွေမှာ ဆူနာမီသတိပေးချက် ထုတ်ပြန်ခဲ့ပြီး ၁၆ ပေအမြင့်ရှိတဲ့ လှိုင်းလုံးကြီးတွေ ရိုက်ခတ်နိုင်တယ်လို့ သတိပေးခဲ့ပေမဲ့ နောက်ပိုင်းမှာတော့ သတိပေးချက်အဆင့်ကို ပြန်လည်လျှော့ချခဲ့ပါတယ်။ ဒါပေမဲ့ အမြင့် ၁၀ ပေနီးပါးရှိတဲ့ လှိုင်းလုံးကြီးတွေ ရိုက်ခတ်နိုင်တယ်လို့ သတိပေးထားဆဲပါပဲ။

လွန်ခဲ့တဲ့ ၅ နာရီအတွင်း ဂျပန်နိုင်ငံအလယ်ပိုင်းမှာ ပြင်းအား ၃.၄ မဂ္ဂနီကျူ့စ်ကနေ ပြင်းအား ၇.၆ မဂ္ဂနီကျူ့စ်ရှိတဲ့ ငလျင်အကြိမ် ၅၀ လှုပ်ခတ်ခဲ့ပါတယ်။ လမ်းတွေ ကွဲအက်ခဲ့တာကြောင့် ယာဉ်ကြောတွေ ပိတ်ထားပြီး အီရှီကာဝါစီရင်စုနဲ့ တိုကျိုမြို့ကြား ကျည်ဆန်ရထား ပြေးဆွဲမှုကိုလည်း ဆိုင်းငံ့ထားပါတယ်။

ငလျင်လှုပ်ခတ်တဲ့ ဒေသတစ်ဝိုက်က နျူကလီးယားစက်ရုံတွေမှာတော့ ပုံမှန်မဟုတ်တဲ့ အခြေအနေမျိုး မရှိဘူးလို့ နျူကလီးယားစည်းကမ်းထိန်းသိမ်းရေး အာဏာပိုင်အဖွဲ့က ဆိုပါတယ်။

Ref: Powerful quake in Japan tears down homes and triggers tsunami warnings

NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top