နေ့တိုင်း (၅) မိုင်လမ်းလျှောက်ပြီး ကျောင်းသား (၇၈) ဦးဆီ နေ့လည်စာ အလကားပို့ပေးခဲ့တဲ့ လေးစားစရာဆရာတစ်ဦး

24-4-2020-yyl-030.jpg

ဟီးရိုးဆိုတာ ဇာတ်ကားတွေထဲကလို ဝတ်ရုံဝတ်ဆင်တာမှမဟုတ်ပါဘူး။ အခြားသူတွေမလုပ်နိုင်တဲ့အရာကို ကိုယ်ကျိုးမငဲ့ဘဲ အများကျိုးအတွက် စွမ်းဆောင်ပေးတဲ့သူတွေကိုလည်း ဟီးရိုးလို့ ခေါ်ထိုက်ပါတယ်။ Lincolnshire ကောင်တီက Grimsbyရဲ့ Western Primary School က ဒုကျောင်းအုပ် ဇိန် ပေါ်လက်စ် ကိုလည်း အများက ဟီးရိုးလို့ သတ်မှတ်ထားကြပါတယ်။ သူဟာ သူ့ရဲ့ကျောင်းသား/သူတွေအတွက် ကျောင်းနေ့လည်စာတွေကို နေ့တိုင်း (၅) မိုင်လမ်းလျှောက်ပြီး လိုက်လံပို့ပေးခဲ့လို့ပါပဲ။

အစားအသောက်တွေအားလုံးက အလေးချိန် ပေါင် (၄၀) ရှိပြီး ဇိန်ဟာ အနည်းဆုံး ကျောင်းသား/သူ (၇၈) ဦးဆီကို နေ့တိုင်း ပို့ပေးပါတယ်။ သူက စစ်သားဟောင်းဖြစ်တဲ့အတွက် ဒီလိုလုပ်ရတာက သူ့အတွက် ကျင့်သားရနေပါပြီ။ နေ့လည်စာကို ပို့ပေးရတာက သူ့ရဲ့ကျောင်းသားတွေ အဆင်ပြေရဲ့လားဆိုတာ သိရဖို့အတွက် အခွင့်အရေးလည်းဖြစ်ပါတယ်။

ဇိန်ဟာ သူ့ကျောင်းသား/သူတွေရဲ့တံခါးပေါက်ရှေ့မှာ ထုပ်ပိုးထားတဲ့နေ့လည်စာတွေကို ထားပြီး တံခါးခေါက်ကာ တစ်စုံတစ်ယောက် ထွက်ယူတဲ့အထိ အနီးနားမှာ စောင့်ပေးပါတယ်။ အစားအသောက်ပို့တာနဲ့ပတ်သက်ပြီး တုံ့ပြန်မှုတွေက သူ့ကို နှိမ့်ချသလို မခံစားရစေတဲ့အပြင် သူရောက်လာတဲ့အချိန်ဆို ကျောင်းသားတွေရဲ့မိဘတွေက ပျော်ရွှင်မိကြတယ်လို့ ဇိန်က ဆိုပါတယ်။ “မိဘတွေနဲ့ကလေးတွေက တံခါးပေါက်ကို လာပြီး လက်ပြနှုတ်ဆက်ကြပါတယ်။ တချို့မိဘတွေဆိုရင် ကျွန်တော်က သူတို့နဲ့ သက်တူရွယ်တူဖြစ်တဲ့အတွက် စကားစမြည်းပြောချင်ကြပါတယ်”လို့ ဇိန်က ပြောပါတယ်။

ဇိန်ရဲ့ကိုယ်ကျိုးမငဲ့တဲ့လုပ်ရပ်က လူတိုင်းရဲ့စိတ်ဝင်စားမှုကို အလျင်အမြန်ရရှိခဲ့ပါတယ်။ သူက လူတွေရဲ့စိတ်ဝင်စားမှုကို ရရှိခဲ့ပေမဲ့ ကျိုးကျိုးနွံ့နွံ့ပဲနေခဲ့ပါတယ်။ “ကျွန်တော်က အမြဲလိုလို သိုသိုသိပ်သိပ်နေတတ်သူပါ။ ဒါကြောင့် အများအာရုံစိုက်ခံရတာက ရှက်ရွံ့စရာပါပဲ။ ကျွန်တော်တို့အားလုံး ကျွန်တော်တို့အလုပ် ကျွန်တော်တို့လုပ်နေကြတာပါ။ ကျောင်းသားတွေရဲ့သက်သာချောင်ချိရေးက ဦးစားပေးပါပဲ။ ကျွန်တော်လုပ်နိုင်တဲ့ အကောင်းဆုံးတွေကို လုပ်နေတာပါ” လို့ ဇိန်က ပြောပါတယ်။ အဲဒီဟီးရိုးဆရာက လူတွေအားလုံးကို အဲဒီလိုလွှမ်းမိုးနိုင်တဲ့အတွက် Grimsby Telegraph’s Golden Apples ဆုကိုတောင် ရရှိခဲ့ပါတယ်။

“ကလေးတွေကို ကူညီပေးတာက အဖွဲ့ရဲ့ကြိုးစားအားထုတ်မှုပါ။ သူတစ်ယောက်တည်း လုပ်နေတာမဟုတ်ပါဘူး။ မိသားစုတော်တော်များများက အတော်လေးရုန်းကန်နေကြရပါတယ်။ ဒါကြောင့် သူတို့အတွက် ရှိနေပေးရတာ၊ ကူညီပေးရတာ (၁၀၀) ရာခိုင်နှုန်းပျော်ရွှင်ရပါတယ်”လို့လည်း ဇိန်က ပြောပါတယ်။ Western Primary School ကို တက်တဲ့ ကလေး (၄၁) ရာခိုင်နှုန်းကသာ ကျောင်းရဲ့နေ့လည်စာအတွက် ရွေးချယ်ခံရတာပါ။ Grimsbyက ကလေးအားလုံးရဲ့ (၃၄) ရာခိုင်နှုန်းဟာ ဆင်းရဲနွမ်းပါးစွာနေထိုင်ကြရပါတယ်။

Ref: Heroic Teacher Walks 5 Miles Every Single Day To Deliver 40 Lbs Of Free Lunches To 78 Students

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top