ရှားပါး အနီရောင်စိန်တုံးကို ဒေါ်လာ သန်းပေါင်းများစွာနဲ့ ရောင်းချဖွယ်ရှိ

170728101548-argyle-rio-tinto-4-exlarge-169.jpg

အာဂိုင်းလ် အဲဗားဂလိုး (Argyle Everglow) ဟာ ၂.၁၁ကာရက် (Carat) ရှိတဲ့ သွေးပြီးသား အနီရောင် စိန်တုံးတစ်တုံးဖြစ်ပြီး အဲ့ဒီ အမျိုးအစားတွေထဲမှာ အကြီးဆုံး စိန်တုံးတွေထဲကတစ်ခု ဖြစ်ပါတယ်။ ဗြိတိန် လေလံတွေပွဲမှာ အာရှထွက် ကျောက်မျက်ရတနာတွေကို လေလံပစ်နေကြဖြစ်တဲ့ ဂရေမီသွန်ဆင် (Graeme Thompson) ကလွန်ခဲ့တဲ့ ငါးနှစ်လောက်ကပဲ အနီရောင် စိန်တစ်လုံးကို သူ လေလံပစ်ဖူးပါတယ်လို့ ပြောပါတယ်။ အနီရောင်စိန်တွေဟာ အရှားပါးဆုံးတွေထဲမှာ ပါဝင်ပြီး ဆောင်ထားသူကို ကံကောင်းစေတတ်တယ်လို့ သူကဆိုပါတယ်။

ကျောက်မျက်တူးဖော်ရေး ကုမ္ပဏီတစ်ခုဖြစ်တဲ့ ရီယိုတင်တို (Rio Tinto) က ဩစတြေးလျနိုင်ငံ အနောက်ပိုင်း အာဂိုင်းလ် (Argyle) မိုင်းတွင်းမှ ကျောက်မျက်တွေကို လွန်ခဲ့တဲ့ ၃၃နှစ်လုံးလုံး တူးဖော်ခဲ့ပါတယ်။ ဒီအတောအတွင်း ၂ဝကာရက်ရှိတဲ့ အနီရောင်စိန် အလုံး၂၀လောက်ကို တူးဖော်ရောင်းချခဲ့ပြီးပါပြီ။ အနီရောင်စိန်တွေဟာ ပန်းရောင်သမ်းနေတတ်ပြီး အရောင်တင်အဆင့်မြှင့်ထားတာ ဖြစ်ပါတယ်။ ရီယိုတင်တိုဟာ ဗုဒ္ဓဟူးနေ့က သူ့ရဲ့သွေးပြီးသား အကြီးဆုံး အနီရောင် စိန်တုံးကို တစ်ခြား ပန်းရောင်စိန်တွေနဲ့အတူ ပြသခဲ့ပါတယ်။ Argyle Everglow လို့သိကြတဲ့ ဒီစိန်တုံးဟာ သေသေသပ်သပ်သွေးပြီး ဖြတ်ထားတဲ့ စိန်တစ်လုံးဖြစ်ပါတယ်။ မန်နေဂျာ ဂျိုးဇက်ဖင်းဂျွန်ဆင် ( Josephine Johnson) က ဒီစိန်မျိုးဟာ အရမ်းရှားပါးပြီး အဖိုးတန်တာကြောင့် တစ်ကမ္ဘာလုံးက စုဆောင်းသူတွေနဲ့ ကျွမ်းကျင်သူတွေကို ပြိုင်ဘက်ကင်းဆွဲ ဆောင်နိုင်ပါလိမ့်မယ်လို့ ဆိုပါတယ်။

ဥရောပရဲ့ အကြီးမားဆုံး အွန်လိုင်း ကျောက်မျက်ရတနာ ရောင်းဝယ်ရေးဝက်ဘ်ဆိုဒ်က မန်နေဂျင်းဒါရိုက်တာ တိုဘီးယပ်စ်ကော်မိုင်း (Tobias Kormind) က ဒီစိန်တုံးဟာ တစ်ဆင့်တန် ဒင်္ဂါး တစ်ဝက်စာဆိုဒ်ရှိပြီး အမေရိကန်ဒေါ်လာ ဆယ်သန်းကျော်နဲ့ ရောင်းချနိုင်မယ်လို့ ခန့်မှန်းပါတယ်။ သွန်ဆင်ကလည်း ကျောက်ကို သေချာမလေ့လာရသေးပဲ ဈေးခန့်မှန်းတာတွေကို သိပ်မကြိုက်ဘူးလို့ ပြောပါတယ်။ အလေးချိန်၊ အရောင်အသွေး၊ မာကြောမှု၊ ကြည်လင်မှု အစရှိတာတွေအားလုံးကို ထည့်သွင်းစဉ်းစားသင့်ပြီး ကြည်လင်နေတဲ့ ကျောက်တစ်ခုနဲ့ ခုနကဟာတွေ ပါဝင်မှုတွေကို ထည့်သွင်းစဉ်းစားထားတဲ့ ကျောက်တစ်ခုဟာ တန်ဖိုးခြင်းကွာခြားနိုင်တယ်လို့ ပြောပါတယ်။

ကမ္ဘာ့အကြီးဆုံး အနီရောင် စိန်တုံးကတော့ ၅.၁၁ကာရက်ရှိတ ဲ့စိန်တုံးဖြစ်ပြီး ၁၉၉၀ပြည့်နှစ်တွေမှာ ဘရာဇီးနိုင်ငံမှာရှာဖွေတွေ့ရှိခဲ့တာဖြစ်ပါတယ်။ လက်ရှိ ပိုင်ဆိုင်ထားသူကတော့ ကျောက်မျက် အရောင်းအဝယ်သမား မောဆက်အက်ဖ် (Moussaieff) ဖြစ်ပါတယ်။

Ref: CNN; Rare ‘Argyle Everglow’ Fancy Red diamond could sell for millions

Sophia (yoyarlay)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top