အမျိုးသားများ ဆံပင်ကျွတ်ခြင်း ကင်းဝေးစေမယ့် နည်းလမ်းကောင်းများ

funny-bald-man-combing-his-head-R4ZGD2B.jpg

စားသောက်မှုပုံစံကို အမြဲမပြတ်စောင့်ကြည့်ပါ

ဆံပင်အုံထူပြီး ဆံလုံးကောင်းတဲ့ ဆံသားဖြစ်ဖို့ဆို စားသောက်မှုပုံစံ အရေးပါပါတယ်။ အသား၊ ငါးနှင့် ပဲပိစပ်တို့မှာ တွေ့ရတဲ့ ပရိုတိန်းဓာတ်က ဆံပင်သန်စွမ်းဖို့ အထောက်အကူပြုပါတယ်။ အခွံမာသီး နှင့် အစေ့အဆံတွေမှာ ဗိုက်တာမင် နှင့် ကျန်းမာစေသော အဆီပါလို့ ဆံသား ပျော့ပျောင်း သန်စွမ်းစေပါတယ်။

ရေဓာတ်ပြည့်၀နေပါစေ

ဆံပင် မွေးညင်းပေါက်လေးတွေရဲ့  ၂၅ ရာခိုင်နှုန်းကို ရေဓာတ်နဲ့ ဖွဲ့စည်းထားတာဖြစ်လို့ ရေဓာတ်လျော့ရင် မွေးညင်းပေါက် အသစ်လေးတွေ အားလျော့ကုန်ပါတယ်။

ဗိုက်တာမင် မှီဝဲပါ

စိတ်ဖိစီးမှု၊ မျိုးရိုးဗီဇ တွေအပြင် ဗိုက်တာမင်ဓာတ် ချို့တဲ့တာကလည်း အမျိုးသားတွေ ဆံပင်ကျွတ်ရတဲ့အဓိက အကြောင်းရင်းပါ။ ထိပ်ပြောင်ခြင်း ကင်းဝေးဖို့အတွက်ဆို မျှတတဲ့ အစားအစာမှတဆင့် လုံလောက်တဲ့ ဗိုက်တာမင်တွေ ရဖို့လိုပါတယ်။

ဆံပင်စည်းခြင်းကိုရှောင်ရှားပါ

အခုတလော ယောက်ျားလေး အများစုကြားမှာ ဆံပင်စည်းတဲ့စတိုင် ခေတ်စားလာပါတယ်။ ဒါက ဆံပင်ကျွတ်ခြင်းကို ဖြစ်စေတယ်ဆိုတာ သတိမူမိဟန် မရပါဘူး။ ဆံသားကို အရမ်းတင်းတင်း စုချည်ထားလို့ ဆံပင်မွေးညင်းတွေ ပျက်စီးပါတယ်။ အသက်ငယ်တုန်းမှာ မသိသာပေမယ့် နောက်ပိုင်းမှာတော့ နောင်တရနေရမှာပါ။

စိတ်ဖိစီးမှုလျှော့ပါ

စိတ်ဖိစီးမှုအရမ်းများတဲ့ အမျိုးသားတွေက ဆံပင်ပိုကျွတ်ပါတယ်။ အသက်၀ဝရှူပြီး စိတ်ဖိစီးမှု လျှော့နိုင်သလို လေ့ကျင့်ခန်း မှန်မှန်လုပ်ပြီးတော့လည်း လျှော့ချနိုင်ပါတယ်။

ဆေးလိပ်၊ အရက်တွေရှောင်ပါ

ဆေးလိပ်သောက်ခြင်းနှင့် အရက် အလွန်အကျွံသောက်ခြင်းက ခန္ဓာကိုယ် ဆိုးကျိုးများတယ်ဆိုတာ သိသာထင်ရှားပါတယ်။ ဒီအချက်တွေကြောင့် ဆံသား ထိခိုက်စေတယ်ဆိုတာကို သတိမူသူ ရှားပါတယ်။

လေ့ကျင့်ခန်းမှန်မှန်ပြုလုပ်ပေးပါ

လေ့ကျင့်ခန်းပြုလုပ်တာက ကိုယ်ခန္ဓာကို အထောက်အကူပြုသလို ဆံသားအတွက်လည်း ကောင်းပါတယ်။ စိတ်ဖိစီးမှုကို ကင်းဝေးစေပြီး သွေးလှည့်ပတ်မှု ကောင်းစေတဲ့အပြင် ဆံပင် သန်စွမ်းစေပါတယ်။

Ref: Knowledge > 10 Ways to Stop Hair Loss in Men

May Moe (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top