လက်လွတ်မခံဘဲကြည့်ရှုသင့်တဲ့ ၂၀၁၇ ရဲ့ အကောင်းဆုံးကိုရီးယားဒရာမာ (၁၅) ခု

Fight-My-Way-1.jpg

ခန့်မှန်းရခက်တဲ့ ဇာတ်ကွက် အလှည့်အပြောင်းတွေကနေ နောက်ဆုံး တူနှစ်ကိုယ်ရွှေလက်တွဲတဲ့ဇာတ် ပေါင်းခန်းတွေထိ ၂၀၁၇ ရဲ့ ကိုရီးယားဒရာမာတွေက ဒီနှစ်မှာ ပရိသတ်တွေကို ပိုပြီး စိတ်လှုပ်ရှားစေခဲ့ပါတယ်။

၂၀၁၇ အတွင်းထွက်ရှိခဲ့တဲ့ ဇာတ်လမ်းတွဲတွေထဲက အကောင်းဆုံး ဒရာမာ ၁၅ ကားက ဘာတွေဖြစ်မလဲကြည့်ကြရအောင်။

၁။ Fight for My Way။

Fight for My Way ဇာတ်လမ်းတွဲက လက်တွေ့ဘဝနဲ့နီးစပ်တဲ့ ဇာတ်အိမ်၊ ချစ်စရာကောင်းတဲ့ ဇာတ်ရုပ်လေးတွေနဲ့ပေါင်းစပ်ထားတဲ့ ခေတ်ပေါ်မေတ္တာနှောင်ဖွဲ့ဇာတ်လမ်းလေးပါ။ ဒါကြောင်မို့ ဒီဇာတ်လမ်းတွဲစလွှင့်ပြီးအချိန်တိုလေးအတွင်းမှာအားပေးမှုအများဆုံးအဖြစ်ရပ်တည်နိုင်ခဲ့တာပါ။

၂။ Because This is My First Life

တခြားစိတ်ကူးယဉ်ဆန်ဆန်ဒရာမာဇာတ်လမ်းတွဲတွေနဲ့မတူဘဲ Because This is My First Life ဇာတ်လမ်းတွဲမှာတွေ့မြင်နိုင်တာက အသက် ၂၀ နဲ့ ၃၀ ကြားအရွယ်ရောက်ပြီးသူတွေက အိမ်ထောင်ပြုခြင်းနှင့် လူငယ် ဘဝ နေထိုင်မှုပုံစံ ဆိုတဲ့ ပြောင်းလဲနေတဲ့ ခေတ်ရေစီးကြောင်းအပေါ်ဘယ်လိုအမြင်ရှိလဲဆိုတာ ဖော်ပြပေးပါတယ်။ သာမန်ရိုက်နေကျ ကိုရီးယားဒရာမာတွေကနေကွဲထွက်ပြီး လက်ရှိလူငယ်မျိုးဆက်သစ်တွေအကြောင်း ပိုပြီးအသားပေးထားတာပါ။

၃။ Weightlifting Fairy Kim Bok Joo

သူငယ်ချင်းအဖြစ်ကနေ တစ်ဆင့်တက်ပြီးချစ်သူဖြစ်သွားတဲ့ ချစ်စရာဇာတ်အိမ်လေး နဲ့ ပရိသတ်အများကြီးကို ဆွဲဆောင်ပေးခဲ့တာက Weightlifting Fairy Kim Bok Joo ပါ။ တကယ့်စစ်မှန်တဲ့ အလှတရားကိုစံနမူနာအဖြစ်ပေါ်လွင်အောင်ပြသပေးခဲ့တဲ့ အဓိက ဇာတ်ဆောင်မင်းသမီး Bok Joo ပါဝင်တဲ့အတွက်လည်း ပရိသတ်တွေက ချီးမွမ်းခဲ့ကြပါတယ်။

၄။ Strong Woman Do Bong Soon

သဘာဝလွန်စွမ်းအင်တွေနဲ့ စိတ်ကူးယဉ်ဆန်ဆန် ဇာတ်အိမ်ကိုပေါင်းစည်းထားပြီး ပရိသတ်တွေကို ပျော်ရွှင်စေတဲ့ ဇာတ်လမ်းလေးပါ။ ဒါကြောင့်လည်း Strong Woman Do Bong Soon ကဒီနှစ် အတွက် ကြည့်ရှုသူအများဆုံး ဇာတ်လမ်းတွဲအဖြစ်ရပ်တည်ခဲ့တာပါ။

၅။ Defendant

Defenant ဇာတ်လမ်းတွဲက ပရိသတ်တွေကို ကြိုတင်မသိနိုင်တဲ့ ဇာတ်လမ်းဇာတ်ကွက်၊ စိတ်လှုပ်ရှားဖွယ် ရာဇဝတ်မှုတွေနဲ့ ဇာတ်လမ်းအစမှာတည်းက ဖမ်းစားနိုင်ခဲ့ပါတယ်။ ကိုရီးယားမှာလေးစားအားအကျရဆုံးသရုပ်ဆောင်တွေဖြစ်တဲ့ Ji Sung နှင့် Um Ki Joon တို့ ၂ ဦးပါဝင်သရုပ်ဆောင်ထားပါတယ်။

၆။ Missing 9

Missing 9 ဇာတ်လမ်းတွဲက  အကျော်ကြားဆုံးသရုပ်ဆောင်တွေကိုဒရာမာလောကမှာ ထူးခြားတဲ့ဇာတ်အိမ်လေးနဲ့ ပေါင်းစပ်ပြီးရိုက်ကူးထားတာပါ။ ကျွန်းလေးတစ်ကျွန်းမှာ လူသတ်သမားဖြစ်နိုင်ချေရှိသူနဲ့ ထောင်ချောက် ပိတ်မိနေတဲ့ ကားပါ။ ဒီဇာတ်လမ်းတွဲက Exo အဖွဲ့ဝင် Chanyeol ရဲ့ ၂၀၀၈ ခုနှစ်တည်းက ပထမဆုံးအကြိမ် ရုပ်သံဇာတ်လမ်းတွဲမှာ ပါဝင်သရုပ်ဆောင်ခြင်းပါ။

၇။ While You Were Sleeping

အဓိကဇာတ်ဆောင်မင်းသမီးရဲ့ အိမ်မက်ကနေ အနာဂတ်ကိုကြိုမြင်နိုင်တဲ့ စွမ်းအင်အပေါ်အခြေခံပြီးရိုက်ကူးထားတာပါ။ ဒီဇာတ်လမ်းတွဲမှာဆို အကျော်ကြားဆုံးကြယ်ပွင့် တွေဖြစ်တဲ့ Suzy နှင့် Lee Jong Suk တို့ပါဝင်သရုပ်ဆောင်ထားပါတယ်။

၈။ Save Me

ကျော်ကြားတဲ့ Out of the World ဆိုတဲ့ ကာတွန်းဇာတ်လမ်းကိုအခြေခံထားပြီး ရာဇဝတ်မှုတွေအကြောင်းရိုက်ကူးထားတဲ့ ဒီဇာတ်လမ်းတွဲက အစွန်းရောက်အယူဝါဒကျင့်ထုံးရှိသူတွေ နဲ့ စိတ်ပိုင်းဆိုင်ရာသက်ရောက်မှုတွေက လူတစ်ယောက်ကိုဘယ်လိုမျိုးလုံးဝပြောင်းလဲ စေတယ်ဆိုတာရိုက်ကူးပြထားပါတယ်။ ဒီဇာတ်လမ်းတွဲကမင်းသမီး Seo Yae Ji ဟာဆိုရင် သူမဇာတ်ရုပ်ကိုပီပြင်အောင် သရုပ်ဆောင်ဖို့ကြိုးစားရင်းစိတ်ကျရောဂါပါရခဲ့ပါတယ်တဲ့။

၉။ Suspicious Partner

စိတ်လှုပ်ရှားဖွယ်ဇာတ်ကွက်လေးနည်းနည်းပါပြီး ရိုမန့်တစ်ဆန်ဆန်ပျော်စရာကောင်းတဲ့ ဇာတ်လမ်းတွဲလေးကြည့်ချင်ပါသလား။ သူတို့ ဘဝကိုပြောင်းလဲစေခဲ့တဲ့ လူသတ်မှုအမှုတွဲကို လိုက်လံစုံစမ်းရှာဖွေဖို့ကြိုးစားရင်း Ji Chang Wook နှင့် Nam Ji Hyun တို့ ၂ ဦးဘယ်လိုချစ်ကြိုက်သွားမယ်ဆိုတာတော့ စိတ်ဝင်စားစရာပါ။

၁၀။ The Liar And His Lover

ဂျပန်ကာတွန်းစာအုပ် “ The Liar And His Lover” ကို အခြေခံပြီးရိုက်ကူးထားတဲ့ ဒီဇာတ်လမ်းတွဲက Red Velvet အဖွဲ့ဝင် Joy ပထမဆုံးပါဝင်သရုပ်ဆောင်တဲ့ ဒရာမာပါ။ ချစ်ဖို့ကောင်းတဲ့ စိတ်ကူးယဉ်ဆန်ပုံလေးနဲ့ ယနေ့ခေတ်လူငယ်ထုအကြောင်းဇာတ်အိမ်လေးကြောင့် ဒီဇာတ်လမ်းတွဲက ကိုရီးယား နှင့် ကမ္ဘာတစ်ဝန်းကြည့်ရှုသူတွေအကြားရေပန်းအစားဆုံးပါ။

၁၁။ Avengers Social Club

Avengers Social Class ဇာတ်လမ်းတွဲက ဝက်ဘ်ကာတွန်းပေါ်အခြေခံပြီး ရိုက်ကူးထားတာပါ။ လက်စားချေဖို့မစ်ရှင်ထမ်းဆောင်ကြမယ့် မင်းသမီးတွေ ဟာသဇာတ်ရုပ်ခိုင်ခိုင်မာမာ နဲ့ရိုက်ကူးထားတာပါ။

၁၂။ Voice

Voice ဇာတ်လမ်းတွဲက OCN ရဲ့အစဉ်အလာတစ်လျှောက် အအောင်မြင်ဆုံးဒရာမာဖြစ်လာခဲ့ပါတယ်။ စွမ်းအားပြင်းပြင်းနဲ့ တခါတလေကြောက်ဖို့ကောင်းတဲ့ဇာတ်အိမ်တွေကြောင့် ဒီဇာတ်လမ်းတွဲကပိုအသက်ဝင်တာပါ။ ၂၀၁၈ မှာ ဒုတိယပိုင်းအနေနဲ့ ထပ်ထွက်ဖို့ရှိတယ်လို့လည်းသိရပါတယ်။

၁၃။ Woman of Dignity

ဖြစ်ရပ်မှန်ဇာတ်လမ်းပေါ်အခြေခံထားတဲ့ Woman of Dignity ဇာတ်လမ်းတွဲက စွဲမက်ဖွယ်ရာဖက်ရှင်စတိုင်နဲ့ ကြွယ်ဝချမ်းသာတဲ့ နေထိုင်မှုပုံစံတွေအကြောင်း ရင်သပ်ရှုမောဖွယ်တွေ့မြင်ရတာကြောင့် ကြည့်ရှုသူပရိသတ်ကိုဖမ်းစားနိုင်တဲ့ ဇာတ်လမ်းတွဲပါ။ JTBC ရဲ့ အအောင်မြင်ဆုံး ဇာတ်လမ်းတွဲဆိုလည်းမမှားပါဘူး။

၁၄။ My Father is Strange

ဒီဇာတ်လမ်းတွဲလေးကတော့ ဘဝသင်ခန်းစာတွေအများကြီးပေးပြီး မေတ္တာနှောင်ဖွဲ့ ဇာတ်လမ်းစုံပါတဲ့အတွက် မဖြစ်မနေကြည့်သင့်တဲ့ ဇာတ်ကားပါ။ ဒီကားမှာဆို Lee Joon မိသားစုတစ်ခုလုံးကို ဘယ်လို ကသောင်းကနင်းဖြစ်စေခဲ့လဲဆိုတာ မြင်တွေ့ရမှာပါ။

၁၅။ Stranger

Bae Doona နှင့် Jo Seung တို့ရဲ့ အက်ရှင်တိုက်ကွက်တွေနဲ့ သရုပ်ဆောင်ပီပြင်ချက်တွေနဲ့အတူ ဇာတ်အိမ်အကွက်ကျနတဲ့အတွက် ပရိသတ်ထောက်ခံအားပေးမှု ကောင်းကောင်းရရှိထားတဲ့ဇာတ်လမ်းတွဲပါ။ “The New York Times” ကတောင်မှ ၂၀၁၇ ရဲ့ အကောင်းဆုံး TV ဇာတ်လမ်းတွဲအဖြစ်ဖော်ပြပေးခဲ့ပါတယ်။

May Moe (ရိုးရာလေး)

Ref : Koreaboo : 15 Best K-Dramas of 2017

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top