ဒူတာတေးရဲ့သမီး ဖိလစ်ပိုင် ဒုတိယသမ္မတအဖြစ် ကျမ်းသစ္စာကျိန်ဆို

20-6-2022-yyl14.jpg

ဖိလစ်ပိုင်သမ္မတ ဒူတာတေးရဲ့ အကြီးဆုံးသမီးဟာ ဒုတိယသမ္မတအဖြစ် ကျမ်းသစ္စာ ကျိန်ဆိုခဲ့ပါတယ်။ ဒါဗာအိုမြို့မှာ ကျင်းပခဲ့တဲ့ ကျမ်းသစ္စာကျိန်ဆိုပွဲမှာ ဆာရာဒူတာတေးက ” ရှေ့လာမယ့် နေ့ရက်တွေက စိန်ခေါ်မှုတွေနဲ့ ပြည့်ကောင်းပြည့်နေနိုင်ပါပြီး အဲဒီအခြေအနေကြောင့် ကျွန်မတို့နိုင်ငံ ပိုစည်းလုံးမှုရှိဖို့ လိုပါတယ်” ပြောပါတယ်။

သမီးဖြစ်သူရဲ့ ကျမ်းသစ္စာကျိန်ဆိုပွဲမှာ ဒူတာတေးလည်း အတူတကွ တက်ရောက်ခဲ့ပါတယ်။ အသက် ၄၄ နှစ်အရွယ်ရှိတဲ့ ဆာရာဒူတာတေးဟာ လွန်ခဲ့တဲ့ ဆယ်စုနှစ် တစ်ခုကျော်က ဒါဗာအိုမြို့တော်ဝန်အဖြစ် သူ့အဖေရဲ့နေရာကို ဆက်ခံခဲ့သူပါ။ သူဟာ ဖာဒီနန်မားကို့စ်ဂျူနီယာနဲ့ တွဲဖက်ပြီး ဖိလစ်ပိုင်သမ္မတနဲ့ ဒုတိယသမ္မတ ရွေးကောက်ပွဲမှာ ပါဝင်ရွေးကောက်ခံခဲ့တာ ဖြစ်ပါတယ်။

ဖာဒီနန်မားကို့စ်ဂျူနီယာဟာ ဇွန်လ ၃၀ ရက်ကစပြီး ဖိလစ်ပိုင်သမ္မတအဖြစ် ဒူတာတေးရဲ့နေရာမှာ တရားဝင် အစားထိုးဝင်ရောက်မှာဖြစ်ပါတယ်။ ဖာဒီနန်မားကို့စ်ဂျူနီယာရဲ့အဖေဖြစ်သူ အာဏာရှင်ဟောင်း ဖာဒီနန်မားကို့စ်ဟာ ၁၉၆၅ ခုနှစ်ကနေ ၁၉၆၈ ခုနှစ်အထိ ဖိလစ်ပိုင်နိုင်ငံကို အုပ်ချုပ်ခဲ့သူဖြစ်ပါတယ်။

ဖာဒီနန်မားကို့စ်မိသားစုဟာ အာဏာရှင်လက်ထက် ပြည်သူတွေအပေါ် နှိပ်စက်ငြင်းပန်းမှုတွေနဲ့ပတ်သက်ပြီး ပြန်လည်တောင်းပန်ခဲ့ခြင်းမရှိသလို သူတို့ ခိုးယူခဲ့တယ်ဆိုတဲ့ ပြည့်သူ့ဘဏ္ဍာငွေတွေကိုလည်း ပြန်လည်ပေးအပ်ခဲ့ခြင်း မရှိပါဘူး။

Ref: BBC ” Philippines: Sara Duterte sworn in as vice-president”

NZ (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top