“The Matrix 4” မှာ ကီနူးရိဗ်နဲ့ အတူ ပါဝင်မယ့် ပရီရန်ကာ ချိုပရာ

8-7-2020-yyl-010.jpg

ဘောလိဝုဒ်မင်းသမီး ပရီရန်ကာ ချိုပရာဟာ The Matrix စီးရီးရဲ့ (၄) ကားမြောက်ဇာတ်ကားမှာ တကယ်ပါဝင်တော့မယ်လို့ သိရပါတယ်။ The Matrix 4 မှာ ပရီရန်ကာ ပါဝင်မယ်ဆိုတဲ့ ခန့်မှန်းချက်တွေက ဇန်နဝါရီလကတည်းက ထွက်ရှိခဲ့တာပါ။ အခုတော့ “The Matrix” ဇာတ်ကားတွေမှာ နီယိုအဖြစ် ပါဝင်တဲ့ ကီနူးရိဗ်နဲ့အတူ ပရီရန်က တကယ်သရုပ်ဆောင်တော့မှာဖြစ်ပါတယ်။ ဒါပေမဲ့ ပရီရန်ကာ ပါဝင်သရုပ်ဆောင်မယ့် ဇာတ်ကောင်နေရာအသေးစိတ်ကိုတော့ ထုတ်ပြောထားခြင်းမရှိသေးပါဘူး။ (၄) ကားမြောက် The Matrix ဇာတ်ကားမှာ အဓိကဇာတ်ဆောင်တွေအဖြစ် ကာရီ အန်နီ မော့စ်၊ နေးလ် ပတ်ထရစ် ဟဲရစ်တို့လည်း ပါဝင်မှာဖြစ်ပါတယ်။

The Matrix 4 ဇာတ်ကားထုတ်လုပ်သူတွေက ဘေးကင်းလုံခြုံစေမယ့် လုပ်ဆောင်ချက်တွေ၊ ကြိုတင်ကာကွယ်မှုတွေနဲ့ ဇာတ်ကားရိုက်ကူးရေးကို ဘာလင်မှာ ပြန်စနေပြီဖြစ်ပါတယ်။ ဒီဇာတ်ကားရိုက်ကူးမှုကို ကိုရိုနာဗိုင်းရပ်စ်ကြောင့် မေလမှာ ရွှေ့ဆိုင်းထားခဲ့တာပါ။ ဒါပေမဲ့ သရုပ်ဆောင်တွေက ဖိုက်တင်ခန်းတွေအတွက် ရက်တစ်ပတ်တော်တော်ကြာ လေ့ကျင့်မှုတွေ ပြုလုပ်ပြီးတဲ့နောက်မှာ ရိုက်ကူးရေးကို အပိုအနေနဲ့ (၈) ပတ်လုပ်ပေးမယ်လို့ သဘောတူထားပြီးသားဖြစ်ပါတယ်။

Martix ဇာတ်ကားတိုင်းမှာ အဓိကဇာတ်ရုပ်အနေနဲ့ အမြဲပါဝင်ခဲ့တဲ့ မင်းသားကြီး ကီနူးရိဗ်က (4) ကားမြောက်က လူတွေကို တအံ့တသြဖြစ်စေမယ့် ဇာတ်အိမ်ပါဝင်ပြီး ၂၀၂၂ခုနှစ် ဧပြီလမှာ ထွက်ရှိမယ်လို့ ပြောပါတယ်။ ဒီဇာတ်ကားကို လာနာ ဝါရှောစကီက ရိုက်ကူးမှာဖြစ်ပါတယ်။

ပရီရန်ကာဟာ ပြီးခဲ့တဲ့အပတ်က Amazon Studios နဲ့လည်း ပူးပေါင်းလိုက်ပြီဖြစ်ကြောင်းလည်း ကြေညာခဲ့ပါတယ်။ သူ့ကို မကြာခင်ပြသမယ့် Netflix documentary စီးရီး Sheela မှာလည်း မြင်တွေ့ရမှာဖြစ်တဲ့အပြင် နာမည်ကြီးဝတ္ထု The White Tiger ကို အခြေခံရိုက်ကူးမယ့် ဇာတ်ကားမှာလည်း ရာ့ချ်ကူးမား ရာအိုနဲ့အတူ ပါဝင်ဦးမှာဖြစ်ပါတယ်။

ပထမဆုံး The Matrix ဇာတ်ကားကို ၁၉၉၉ခုနှစ်က ထွက်ရှိခဲ့ပြီး တော်တော်လေး အောင်မြင်မှုရခဲ့ပါတယ်။ အဲဒီနောက် ၂၀၀၃ခုနှစ်မှာတော့ နောက်ဆက်တွဲ (၂) ကား ထွက်ရှိခဲ့တာပါ။ Matrix ဇာတ်ကား (၃) ကားလုံးက ကြည့်ရှုသူတွေရဲ့ အားပေးနှစ်ခြိုက်မှုနဲ့ ချီးမွှမ်းစကားတွေကို ရရှိခဲ့ပါတယ်။ Matrix ဇာတ်ကား ပရိသတ်တွေကတော့ (၄) ကားမြောက်ကိုတော့ ၂၀၂၂ခုနှစ်မှာ စောင့်မျှော်ကြည့်ရှုရမှာဖြစ်ပါတယ်။

Ref: Priyanka Chopra to star with Keanu Reeves in ‘Matrix 4’

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top