ရာသီအစကတည်းကသာ သူ့ကိုခေါ်ခဲ့ရင် အေစီမီလန်အသင်း စီးရီးအေဖလား ရနိုင်တယ်လို့ အီဘရာဟီမိုဗစ် ပြော

8-7-2020-yyl-009.jpg

အေစီမီလန်အသင်းသာ သူ့ကို စောစောစီးစီး ခေါ်ယူခဲ့ရင် စီးရီးအေဖလား ဆွတ်ခူးနိုင်လောက်တယ်လို့ ဆွီဒင်တိုက်စစ်မှူး အီဘရာဟီမိုဗစ်က ပြောပါတယ်။ စီးရီးအေအမှတ်ပေးဇယား ထိပ်ဆုံးနေရာမှာ ရပ်တည်နေတဲ့ ဂျူဗင်တပ်အသင်းကို ၄-၂ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ပွဲစဉ်အပြီးမှာ အီဘရာဟီမိုဗစ်က အခုလို ပြောခဲ့တာပါ။ ၂၀၁၁ ခုနှစ်က အေစီမီလန်နဲ့အတူ စီးရီးအေဖလား ဆွတ်ခူးနိုင်ခဲ့ဖူးတဲ့ အီဘရာဟီမိုဗစ်ဟာ ပြီးခဲ့တဲ့ဇန်နဝါရီလအပြောင်းအရွှေ့မှာ မေဂျာလိဂ်ကလပ် အယ်လ်အေဂလက်ဆီကနေ အေစီမီလန်ကို တစ်ကျော့ပြန် ပြောင်းရွှေ့လာခဲ့တာပါ။

” ကျွန်တော်သာ ရာသီအစကတည်းက အေစီမီလန်ကို ရောက်လာရင် ကျွန်တော်တို့အသင်း စကူဒတ်တိုဖလား ရလောက်ပါတယ်။ ကျွန်တော်က အသင်းရဲ့ဥက္ကဋ္ဌ၊ အသင်းရဲ့နည်းပြ၊ အသင်းကစားသမားပါ။ ဒါပေမဲ့ သူတို့က ကျွန်တော့်ကို ကစားသမားလစာပဲ ပေးတယ်”လို့ မိုဗစ်က အရွှန်းဖောက်ခဲ့ပါတယ်။ အသက် ၃၈ နှစ်ရှိတဲ့ မိုဗစ်ဟာ အေစီမီလန်အတွက် ၆ ဂိုးအထိ သွင်းယူနိုင်ခဲ့ပါတယ်။

Nz ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top