Viber မှ သင့်ကိုယ်ပိုင် တမူထူးခြားသော GIF များကို ဖန်တီးနိုင်မည့် လုပ်ဆောင်ချက် အသစ်တစ်ခု စတင်မိတ်ဆက်

Gif-creator.jpg

ရန်ကုန်၊ ဇူလိုင်လ ၈ ရက်၊ ၂၀၂၀ – ဆက်သွယ်ရေးတွင် အသုံးပြုရလွယ်ကူပြီး ဝန်ဆောင်ခပေးဆောင်ရန် မလိုအပ်သော ကမ္ဘာ့ထိပ်တန်း အက်ပလီကေးရှင်းတစ်ခု ဖြစ်သည့် Rakuten Viber မှ အသုံးပြုသူများ မိမိတို့၏ မိသားစုဝင်များ မိတ်ဆွေသူငယ်ချင်းများထံသို့ ပေးပို့နိုင်ရန် GIF ဖန်တီးပြုလုပ်သည့် လုပ်ဆောင်ချက်အား စတင်မိတ်ဆက်ခဲ့သည်။ ကမ္ဘာနှင့်တစ်ဝှမ်း အသင့်စာတိုပေးပို့ခြင်း နှင့်ပတ်သတ်ပြီး တောင်းဆိုချက်များ မြင့်တက်လာသည်နှင့်အမျှ Viber မှ အသစ်မိတ်ဆက်လိုက်သော GIF လုပ်ဆောင်ချက်သည် လတ်တလော မိတ်ဆက်လိုက်သည့် အသုံးပြုသူ ‌အယောက် ၂၅၀ အထိအသုံးပြုနိုင်သော အဖွဲ့လိုက်စာတိုပေးပို့မှု နှင့် အသုံးပြုသူ ၂၅ ယောက်ထိ ချိတ်ဆက်နိုင်သော ‌အဖွဲ့လိုက်ဖုန်းခေါ်ဆိုနိုင်သည့် လုပ်ဆောင်ချက်တို့အတွက် လိုက်ဖက်သည့် အသုံးဝင်ဆုံး လုပ်ဆောင်ချက်သစ်တစ်ခုဖြစ်သည်။ GIF ဖန်တီးပြုလုပ်သည့် လုပ်ဆောင်ချက်ကို iOS များအတွက် စတင်အသုံးပြုနိုင်ပြီဖြစ်ပြီး လာမည့် ရက်သတ္တပတ်များတွင် Andriod များအတွက် အသုံးပြုနိုင်တော့မည်ဖြစ်သည်။

စာတိုဖတ်ရှုရာတွင် အခြားတစ်ဘက်ရှိလူ၏ စိတ်ခံစားချက်ကိုသိရှိရန်ခက်ခဲသည်။ တစ်ခါတစ်ရံတွင် Emoji များကတစ်ဖက်သူ၏ခံစားချက်အား သိရှိနိုင်ရန် အကူအညီပေးနိုင်သော်လည်း အပြည့်အဝနားလည်နိုင်ရန် အကန့်အသတ်များရှိသည်။ Viber ၏ စတင်အသုံးပြု၍ရနေပြီဖြစ်သော စိတ်ကြိုက်ပြုပြင်နိုင်သည့် စတစ်ကာ အပြင် ယခုအသစ်ထပ်မံမိတ်ဆက်လိုက်သည့် GIF လုပ်ဆောင်ချက်တို့သည် စာတိုပေးပို့ရာတွင် အရင်ကထက် ပိုမိုလွယ်ကူအဆင်ပြေပြီး တိကျမှန်ကန်စေရန် ရည်ရွယ်ပါသည်။

Viber အသုံးပြုသူများအနေနှင့် မည်သည့်ချက်တွင်မဆို ‌အက်ပလီကေးရှင်းတွင်ပါဝင်သည့် ကင်မရာကို အသုံးပြုပြီး သို့မဟုတ် မိမိဖုန်းထဲတွင်ရှိသော ဗီဒီယိုကိုရွေးချယ်ပြီး အထင်ကရဖြစ်ပြီး ထပ်ကာတစ်လဲလဲ ပြန်ပြနေသော GIF အား boomerang၊ fast play နှင့် reverse တို့အဖြစ် ဖန်တီးနိုင်သည်။

ဗီဒီယိုကို GIF အသစ်တစ်ခုအဖြစ် ပြောင်းလဲရန်အတွက် အသုံးပြုသူများအနေဖြင့်

● မိမိအနှစ်သက်ဆုံး ဗွီဒီယိုအပိုင်းကို ရွေးချယ်ပြီး GIF တွင်ဖော်ပြနိုင်ရန်ဖြတ်ပါ

● GIF အားကြည့်ရှုနိုင်ရန် ပုံစံကိုရွေးချယ်ပါ – အဆုံးအစမရှိ ရပ်တန့်မသွားသည့် boomerang မှစပြီး၊ reverse ပုံစံ၊ အနှေးပြကွက် နှင့် ၂ဆ နှင့် ၄ဆ အမြန်ပြကွက်တို့ကိုရွေးချယ်နိုင်ပါသည်

● GIF အသစ်အား စာသားဖောင့်မျိုးစုံ အရောင်မျိုးစုံ doodle များနှင့် စတေကာမျိုးစုံတို့ကို အသုံးပြုပြီး အလှဆင်နိုင်ပါသည်။

“အထူးသဖြင့်အခုလိုအချိန်မျိုးမှာ ကျွန်တော်တို့ Viber ကနေပြီးတော့ အသုံးပြုသူတွေအနေနဲ့ စာတိုပေးပို့တဲ့အခါမှာ သူတို့ကိုယ်သူတို့ အကောင်းဆုံးဖော်ပြနိုင်ဖို့ ရည်သန်ပြီးကြိုးစားလျက်ရှိပါတယ်။ ကျွန်တော်တို့ Viber မှာ emoji တစ်ခုက စာတစ်လုံးကိုအစားထိုးနိုင်တယ်ဆိုရင် GIF တစ်ခုက စာကြောင်းတစ်ကြောင်းကို အစားထိုးနိုင်မှာဖြစ်ပါတယ်။

Team ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top