အူရီဒူးမြန်မာမှ အဆင့်မြင့် 4G LTE Turbo ကို တနင်္သာရီတိုင်းဒေသကြီး၊ နေပြည်တော်ကောင်စီ၊ မွန်ပြည်နယ် နှင့် ကရင်ပြည်နယ်တို့တွင် ဖြန့်ကြက်

yyl-028-11.jpg

ဆက်သွယ်ရေးအော်ပရေတာ အူရီဒူးမြန်မာက 4G LTE Turbo ကွန်ရက်ကို တနင်္သာရီတိုင်း ဒေသကြီး၊ နေပြည်တော်ကောင်စီ၊ မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်တို့တွင် ဖြန့်ကြက်ပေးလိုက်ပြီ ဖြစ်သည်။ အူရီဒူး 4G LTE Turbo နည်းပညာသည် အဆောက်အအုံအတွင်း၊ အပြင်နှစ်ခုလုံးတွင် တည်ငြိမ်ပြီး လိုင်းဆွဲအားကောင်းမွန်သည့် ကွန်ရက်ဖြင့် ဖြန့်ကြက်ပေးကာ သုံးစွဲသူများအတွက် အကောင်းဆုံးအတွေ့အကြုံများ ပေးအပ်သွားမည်ဖြစ်ပါသည်။

အဆိုပါ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ အူရီဒူးအသုံးပြုသူများအနေဖြင့် ယခုအခါတွင် ပိုမိုကောင်းမွန်သည့် အင်တာနက်ချိတ်ဆက်မှုကို အဆက်မပြတ်ရရှိခံစားနိုင်မည်ဖြစ်ပါသည်။အူရီဒူး 4G LTE Turbo နည်းပညာအသုံးပြုထားသည့် ကွန်ရက်ကို ရခိုင်ပြည်နယ်၊ ဧရာဝတီတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးနှင့် ပဲခူးတိုင်းဒေသကြီးတို့တွင် ဖြန့်ကြက်ထားပြီး၊ အခြားဒေသများသို့လည်း ဆက်လက်ဖြန့်ကြက်ရန် လုပ်ဆောင်လျှက်ရှိနေပါသည်။

Team ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply