AAT စင်တာကို ရိုးရာလေးက စာရင်းကိုင်ပညာရပ်နဲ့ပတ်သက်တဲ့ မေးခွန်းတွေ မေးမြန်း

Rob_Alder-0552.jpg

စာရင်းကိုင်ပညာရပ်ကို လေ့လာလိုက်စားနေသူတွေ ဗဟုသုတရရှိစေဖို့ ရည်ရွယ်ပြီး မြန်မာနိုင်ငံမှာ စာရင်းကိုင်ပညာရပ် သင်တန်းပို့ချနေတဲ့ AAT စင်တာကို ရိုးရာလေးက စာရင်းကိုင်ပညာရပ်နဲ့ ပတ်သက်တဲ့ မေးခွန်းတွေ မေးမြန်းခဲ့ပါတယ်။ အဲဒီမေးခွန်းတွေကို AAT ရဲ့ Business Development အကြီးအကဲ မစ္စတာရော့အယ်ဒါက အခုလို ပြန်လည်ဖြေဆိုပေးထားပါတယ်။

AAT မှ MICPA နှင့် နားလည်မှုစာချွန်လွှာ ရေးထိုးခဲ့ရခြင်း၏ အဓိကရည်ရွယ်ချက်

AAT နဲ့ MICPA တို့ နားလည်မှုစာချွန်လွှာရေးထိုးလိုက်တာက မြန်မာနိုင်ငံမှာရှိတဲ့ အခြေခံနဲ့အလယ်အလတ်အဆင့် စာရင်းကိုင် ပညာရှင်တွေ ဖွံ့ဖြိုးတိုးတက်စေရေးဆိုတဲ့ ရည်မှန်းချက်ကို ခိုင်မာအားကောင်းစေပါတယ်။ ဒီနားလည်မှုစာချွန်လွှာဟာ မြန်မာနိုင်ငံရဲ့လိုအပ်ချက်ကို ဖြည့်ဆည်းပေးဖို့၊ လက်တွေ့ဆန်တဲ့ စာရင်းကိုင်ပညာစွမ်းရည်တွေ ပံ့ပိုးပေးဖို့၊ မြန်မာနိုင်ငံရဲ့ စာရင်းကိုင်လုပ်ငန်းခွင်မှာ ပါဝင်လုပ်ကိုင်နိုင်သူ ပိုများလာစေဖို့ လိုအပ်တယ်ဆိုတာ ပြသနေပါတယ်။ မြန်မာနိုင်ငံရဲ့ စာရင်းအင်းပညာရပ် အဆင့်အတန်းကို ပရော်ဖက်ရှင်နယ်ဖြစ်လာဖို့၊ ရည်မှန်းချက်ပြည့်ဝစေမယ့် အလုပ်အကိုင် အခွင့်အလမ်းကောင်းတွေ ဖန်တီးပေးနိုင်အောင် နားလည်မှုစာချွန်လွှာက ကူညီပေးနိုင်မှာပါ။

AAT အနေနဲ့ မြန်မာနိုင်ငံကို ဘာတွေလုပ်ပေးခဲ့ပြီးပြီလဲရယ် MOU ထိုးပြီးတဲ့နောက်ပိုင်း တိုးတက်မှုလေးတွေ သိချင်ပါတယ်။

AAT နဲ့ MICPA က ၂၀၁၉၊ မတ်လကျမှ MOU ထိုးခဲ့ပေမဲ့ AAT ဟာ ၂၀၁၆ ဖေဖော်ဝါရီလကတည်းက မြန်မာနိုင်ငံမှာ အသက်မွေးဝမ်းကြောင်းဆိုင်ရာ စာရင်းကိုင် ဘာသာရပ် အရည်အချင်းစစ် စာမေးပွဲတွေ ကျင်းပခဲ့တာပါ။ ကျောင်းသားတွေအနေနဲ့ လက်ရှိမှာ AAT ပညာရပ်ကို ရန်ကုန်မြို့နဲ့ မန္တလေးမြို့တွေမှာ လေ့လာသင်ယူနိုင်ပါတယ်။ ၂၀၁၇ ဇူလိုင်လမှာတော့ သင်ယူလေ့လာသူတွေကို နိုင်ငံတကာအသိအမှတ်ပြု စာရင်းကိုင်ဘာသာရပ်နဲ့ စာရင်းရေး သွင်းမှု ဘာသာရပ်တွေ ပိုပြီးလေ့လာစေနိုင်ဖို့အတွက် ဒေသတွင်းစျေးနှုန်းသတ်မှတ်မှု လုပ်ခဲ့ပါတယ်။ Des Cutchey ကို အာရှပစိဖိတ်ရဲ့ ခေါင်းဆောင်အသစ်အဖြစ် ခန့်အပ်လိုက်ခြင်းဟာလည်း AAT ရဲ့ မြန်မာနိုင်ငံ စာရင်းကိုင်လုပ်ငန်းခွင် တိုးတက်ဖိို့ဆိုတဲ့ ရည်ရွယ်ချက်ကို ပိုပြီးခိုင်မာလာစေပါတယ်။

AAT ရဲ့ LCCI နဲ့ ACCA တို့ကြား ကွဲပြားချက်က ဘာတွေလဲ။

AAT ရဲ့ အရည်အချင်းတွေဟာ စာရင်းကိုင်တယောက်ဖြစ်ဖို့ ပထမဆုံးခြေလှမ်းဖြစ်တယ်လို့ သတ်မှတ်လို့ရပါတယ်။ အခြား စာရင်းကိုင်ပညာရပ်ဖြစ်တဲ့ ACCA ဆိုရင် စာရင်းအင်းနဲ့ပတ်သက်တဲ့ အခြေခံရှိပြီးသား သူတွေအတွက် နောက်တစ်ဆင့်လို့ သတ်မှတ်ထားကြပါတယ်။ အရေးကြီးတာတခုကတော့ ဒီအရည်အချင်းတွေဟာ ပညာရပ်တစ်ခုနဲ့တစ်ခု ဆက်နွယ်နေပါတယ်။ ဥပမာအားဖြင့် AAT သင်ရိုးတချို့ ပြီးမြောက်အောင်မြင်ခဲ့ရင် ACCA ရဲ့ သင်ရိုးတချို့ကို တက်စရာ လိုအပ်မှာမဟုတ်ပါဘူး။ AAT ဟာ နိုင်ငံပေါင်း ၁၀၀ ကျော်မှာအသင်းဝင်ပေါင်း ၁၃၀,ဝဝဝရှိပြီး စာရင်းကိုင်ပညာရှင်တွေအတွက် နိုင်ငံတကာအသိအမှတ်ပြု စာရင်းကိုင်ပညာရပ်ဆိုင်ရာ ကမ္ဘာ့ထိပ်တန်း လုပ်ငန်းခွင်ဝင် အထောက်အကူပြု အဖွဲ့အစည်းတစ်ခု ဖြစ်ပါတယ်။ AAT စာရင်းကိုင်တယောက်ရဲ့ ပုံမှန်အလုပ်ခွင်ကဏ္ဍတွေကတော့ Financial Accountant, Commercial Analyst, Senior Finance Officer, Payroll Manager, VAT Accountant and Tax Supervisor တွေပဲဖြစ်ပါတယ်။

ဘာကြောင့် မြန်မာနိုင်ငံကသူတွေဟာ သူတို့ရဲ့ စာရင်းကိုင်ပညာအတွက် AAT ကို သင်ယူသင့်တာလဲ။

AAT ပညာရပ်တတ်မြောက်ပြီးသူ တွေဟာစာရင်းကိုင်လုပ်ငန်းခွင်ထဲဝင်ဖို့ လိုအပ်တဲ့စွမ်းရည်တွေနဲ့ စာရင်းကို်င်အရည်အချင်း ပြည့်ဝနေမှာဖြစ်သလို စာရင်းကိုင်ပညာနဲ့ပတ်သက်တဲ့ ဗဟုသုတတွေရှိတယ်လို့ အလုပ်ရှင်တွေရဲ့ အသိအမှတ်ပြုခံရမယ့်အပြင် နိုင်ငံတကာရဲ့အသိအမှတ်ပြုမှု ခံရမှာပါ။ ဒါ့အပြင် AAT course တွေကို မြန်မာနိုင်ငံက သင်ယူသူတွေအတွက် လွယ်လွယ်ကူကူနဲ့ စာရင်းသွင်း အသင်းဝင်နိုင်အောင် ၂၀၁၇ ဇူလိုင်လကတည်းက မြန်မာနိုင်ငံနဲ့ ကိုက်ညီမယ့် သင်တန်းကြေး သတ်မှတ်ခဲ့ပါတယ်။ အခုဆိုရင်တော့ကျွန်တော်တို့ဟာ မြန်မာနိုင်ငံရဲ့ ပထမဆုံး ဒေသတွင်းအခြေစိုက်၊ ထောက်ခံချက်ရ AAT စင်တာအဖြစ် MAS Education နဲ့ ပူးပေါင်းလုပ်ကိုင်နေပြီး လက်ရှိမြန်မာနိုင်ငံမှာ စင်တာ ၂ ခုဖွင့်လှစ်ထားပါတယ်။

နိုင်ငံထဲ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ တိုက်ရိုက်ဝင်လာတာနဲ့အမျှ အလုပ်အကိုင် အခွင့်အလမ်းသစ်တွေလည်း တိုးလာပြီး ကျွန်တော်တို့အနေနဲ့လည်း AAT ရဲ့ နိုင်ငံတကာအသိအမှတ်ပြု ပညာရပ်ဟာ၄င်းပညာရပ်ကို စိတ်အားထက်သန်မှုရှိတဲ့ သူတွေ အတွက်တာ့ သူတို့ရဲ့ စာရင်းကိုင်လုပ်ငန်းခွင်တွေမှာ သေချာပေါက် ကူညီထောက်ပံ့ပေးနိုင်မယ်လို့ ယုံကြည်ပါတယ်။ ကျွန်တော်တို့မှာ AAT ရဲ့ထောက်ခံမှုကို ရရှိထားပြီး AAT ပညာရပ်ကို သင်ယူနိုင်မယ့် နောက်ထပ်လေ့ကျင့်ရေး သင်တန်းကျောင်း ၃ခု ရှိပါသေးတယ်။ အဲ့ဒီကျောင်းတွေကတော့ Excellent Choice Institute, Strategy First Institute နဲ့ Everdone Business School တို့ပဲဖြစ်ပါတယ်။ ဒါဟာ နိုင်ငံအတွင်း ကောင်းတဲ့ချဲ့ထွင်မှု တခုဖြစ်သလို ဒေသခံသင်တန်းကျောင်းတွေရဲ့ ထောက်ပံ့မှုကို လည်း ပြသနိုင်ပါတယ်။ ကျောင်းသားတွေအတွက် သင်ယူဖို့ရွေးချယ်စရာတိုးသလို ဒေသတွင်းမှာ AAT ရဲ့ ဂုဏ်သတင်းကိုလည်း ကြီးထွားစေပါတယ်။

AAT ဘွဲ့ရကျောင်းသားတွေရဲ့ လုပ်ငန်းခွင်လမ်းကြောင်း အကြောင်းလေး ရှင်းပြပေးပါအုံး။

သင့်အနေနဲ့ ဘဏ္ဍာရေးလောကကို အခုမှဝင်ရောက်လာတဲ့ သူပဲဖြစ်ဖြစ်် ရှိပြီးသားစွမ်းရည်ကို တိုးတက်ချင်လို့ပဲဖြစ်ဖြစ် AAT ပညာရပ်ဟာ သင့်ရဲ့ လုပ်ငန်းခွင်လမ်းကြောင်း တလျှောက်လုံး ကူညီပေးနိုင်ပါတယ်။ AAT ဘွဲ့ရထားတဲ့သူတွေဟာ စီးပွားရေးနယ်ပယ်တိုင်းမှာ အကူအညီဖြစ်မယ့် လိုက်လျောညီထွေရှိတဲ့ soft skill တွေ ရှိနေမယ့်အပြင် အခွင့်အလမ်းတွေ အများကြီး ရရှိစေမယ့် နိုင်ငံတကာ အသိအမှတ်ပြုလက်မှတ် လည်း ရရှိမှာပါ။ ပြည်တွင်းကုမ္ပဏီတွေကအစ နိုင်ငံတကာကုမ္ပဏီတွေအထိ စာရင်းအင်းနဲ့ ဘဏ္ဍာရေးကဏ္ဍဟာ စီးပွားရေးတိုင်းရဲ့ အဓိကအချက်အချာဖြစ်ပြီး အခုခေတ် အလုပ်ရှင်တွေဟာလည်း AAT လိုမျိုး အသက်မွေးဝမ်းကြောင်း ပညာရပ်တွေရဲ့ အရေးကြီးပုံကိုလည်း သိလာပြီဖြစ်ပါတယ်။

Team ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top