ရေမှာ သံပုရာသီးစိပ် ထည့်သောက်ခြင်း ရဲ့ အကျိုးကျေးဇူးများ

yyl-018-12.jpg

မနက်ခင်း၊ နေ့လည်၊ ညတွေမှာ ကျွန်တော်တို့တွေဟာ လက်ဖက်ရည်၊ ကော်ဖီ သောက်လေ့ရှိကြပါတယ်။ ဒါပေမဲ့ အဲဒီတွေကိုသာ သောက်နေကြပေမဲ့ ကျွန်တော်တို့ကျန်းမာရေးအတွက် အရေးပါတဲ့ ရေသောက်ဖို့ မေ့နေတတ်ကြပါတယ်။ တစ်နေ့ကို ရေလုံလုံလောက်လောက် မသောက်ရင် ရေဓာတ်ကုန်ခန်းတာအပါအဝင် အခြားကျန်းမာရေးပြဿနာတွေ ဖြစ်လာနိုင်ပါတယ်။ ရေသောက်တဲ့အခါမှာလည်း ရေမှာ သံပုရာသီးစိပ်ကို ထည့်သောက်မယ်ဆိုရင် ပိုပြီး ကောင်းမွန်ပါတယ်။ ဒါကြောင့် ရေမှာ သံပုရာသီးစိပ်ထည့်သောက်ခြင်းရဲ့ အကျိုးကျေးဇူးတွေကို စာဖတ်ပရိသတ်တွေ သိရှိစေဖို့အတွက် ဖော်ပြပေးလိုက်ရပါတယ်။

အသားအရေထိန်းသိမ်းခြင်း

များစွာသော အလှကုန်ပစ္စည်းတွေက အသားအရေကောင်းမွန်စေပေမဲ့ အကုန်အကျအရမ်းများပါတယ်။ အသားအရေ ကောင်းမွန်စေဖို့အတွက်ဆိုရင် ရေမှာ သံပုရာသီး ထည့်သောက်ကြည့်ပါ။ ဒါအပြင့် အသက်အရွယ် အိုမင်းရင့်ရော်ခြင်း၊ မဲခြောက်တွေနဲ့ မျက်ကွင်းညိုခြင်းတွေကိုလည်း လျှော့ချပေးနိုင်ပါတယ်။

အစာအိမ်ပြဿနာကို ဖြေရှင်းပေးခြင်း

ဝမ်းပြဿနာက လူတော်တော်များများ ဖြစ်လေ့ရှိတဲ့ ကိစ္စဖြစ်ပါတယ်။ အဲဒီလိုဖြစ်လာပြီဆိုရင် ရေနှင့် သံပုရာသီးက ဝမ်းပြဿနာတွေအတွက် အကောင်းဆုံး ဖြေရှင်းနည်းဖြစ်ပါတယ်။ သံပုရာရည်လည်း သွေးကို သန့်စင်စေပြီး အစာမကြေခြင်း၊ ဝမ်းချုပ်ခြင်းတို့ကို လျှော့နည်းစေပါတယ်။ ခန္ဓာကိုယ်အတွင်းမှ အဆိပ်ဖြစ်စေတဲ့ အရာတွေကိုလည်း ဖယ်ရှားပေးနိုင်ပါတယ်။

သွေးဖိအားထိန်းညှိပေးခြင်း

သံပုရာသီးက နှလုံးကျန်းမာရေး အတွက်ကောင်းသလို သွေးဖိအားကို ထိန်းညှိပေးတဲ့ ပိုတတ်စီယံဓာတ် ပါဝင်ပါတယ်။ ရေမှာ သံပုရာသီးထည့်သောက်ခြင်းက သွေးဖိအားကို ထိန်းညှိပေးတဲ့အပြင် မအီမသာဖြစ်ခြင်း နှင့် မူးဝေခြင်းတွေကို လျော့နည်းစေပါတယ်။

စိတ်ပိုင်းဆိုင်ရာကျန်းမာရေး

ရေမှာ သံပုရာသီးစိပ်ထည့်သောက်တာက သင့်စိတ်ကိုလည်း ကြည်လင်လန်းဆန်းစေပြီး စိတ်ဓာတ်ကျခြင်း နှင့် စိတ်ဖိစီးခြင်းမှလည်း ကင်းဝေးစေပါတယ်။

ပန်းနာရင်ကျပ်ပြဿနာ

ရေမှာ သံပုရာသီးစိပ် ထည့်သောက်တာက ချွဲသလိပ်ဖြစ်ခြင်းကို လျော့နည်းစေနိုင်တဲ့အပြင် အသက်ရှုကျပ်တာတွေလည်း မဖြစ်စေပါဘူး။ ပန်းနာရင်ကျပ်ရောဂါ ခံစားနေရတဲ့သူတွေကိုလည်း ဒီအရည်က အကူအညီဖြစ်စေပါတယ်။ မနက်ခင်းပိုင်းသောက်မယ်ဆိုရင် အထူးကောင်းမွန်ပါတယ်။

Ref: Health benefits of lemon water

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top