COVID-19 ကို ရင်ဆိုင်ကျော်ဖြတ်နိုင်ဖို့ JOOX က COVID-19 Playlists နဲ့ မြန်မာဂီတပရိသတ်တွေကို ပညာပေးကူညီလျက်ရှိ

covid-playlist.jpg

အင်တာနက်မှ သီချင်းနားထောင်လို့ရတဲ့ JOOX က Stay Home ကာလအတွင်း မြန်မာပရိတ်သတ်များအတွက် စိတ်ပြေ လက်ပျောက်ဖြစ်စေရန်၊ အိမ်တွင် နေထိုင်စဉ်ကာလအတွင်း ပျော်ပျော်ရွှင်ရွှင်နေထိုင်နိုင်စေရန်၊ COVID-19 နှင့် ပတ်သက်သည့် အသိပညာများကို ပျံနှံ့စေရန်နှင့် အားကစားနှင့် ကျန်းမာရေးဝန်ကြီးဌာနမှ ချမှတ်ထားသော စည်းမျဉ်းစည်းကမ်းများကို လိုက်နာစေရန်အတွက် စိတ်ဓာတ်ခွန်အား တက်ကြွစရာကောင်းသော Playlists များကို ဖန်တီးလျက်ရှိပါတယ်။

JOOX က “Freemium” အခမဲ့ သီချင်းနားထောင်နိုင်ရသည့် အက်ပလီကေးရှင်းတစ်ခုဖြစ်ပြီး ဟောင်ကောင်၊ ထိုင်း၊ အင်ဒိုနီးရှား၊ မလေးရှားနှင့် မြန်မာအပါအဝင် အာရှဈေးကွက်တွင် ရယူနားဆင်နိုင်မည်ဖြစ်ကာ ကမ္ဘာ တစ်ဝန်းမှာ အသုံးပြုသူဦးရေ သန်းပေါင်း ၂၉၀ကျော်ရှိပြီး ၁၅ ဘီလီယံ မှာ လက်ရှိအသုံးပြုလျက်ရှိပါတယ်။ JOOX က နိုင်ငံတစ်နိုင်ငံချင်းစီမှ အသုံးပြုသူများရဲ့ ဂီတအပေါ် စိတ်ဝင်စားမှုများရှိစေရန် ဝန်ဆောင်မှုများကို ထောက်ပံ့ လျက်ရှိပါတယ်။ JOOX မှာ မြန်မာသီချင်းအားလုံးကို အခမဲ့နားဆင်နိုင်မည်ဖြစ်ပြီး အချို့သော နိုင်ငံတကာမှ သီချင်းများကိုသာလျှင် VIP Membership ဝယ်ယူပြီး နားဆင်နိုင်မှာဖြစ်ပါတယ်။ JOOX သုံးစွဲသူများအတွက် COVID-19 Playlists များက အခမဲ့ဖြစ်ပါတယ်။ ဒါ့အပြင် နားဆင်သူများက အိမ်မှာနေထိုင်စဉ်ကာလအတွင်း VIP သီချင်းများကို နားဆင်နိုင်မည့် Coins များကိုလည်း ရယူနိုင်မည့် အခွင့်အရေးရရှိမှာဖြစ်ပါတယ်။

အဲဒီ Playlist ၃ ခုက “အင်အား” ၊ “အတူကျော်ဖြတ်ကြမယ်” နှင့် ‘Stay at Home’ တို့ ဖြစ်ကြပြီး Playlist တစ်ခုချင်းစီက မြန်မာပရိသတ်များကြား ရေပန်းစားလျက်ရှိပါတယ်။

“အင်အား” Playlist မှာ နာမည်ကျော် မြန်မာဂီတပညာရှင်များရဲ့ အမျိုးမျိုးသော Hip Hop၊ R&B နှင့် Pop သီချင်း ၁၄ ပုဒ်ပါဝင်ပါတယ်။ JOOX က တေးဂီဖြင့် Corona Virus ရဲ့အန္တရာယ်များအကြောင်းကို မြန်မာပြည်သူတို့ကိုအသိပညာပေးရန် Playlist တွင် လက်ရှိနံပါတ် ၁ ဖြစ်နေတဲ့ ဒေါက်တာဖြိုးဝေလင်း (On Doctor) ရေးသားပြီး နာမည်ကြီးအဆိုတော် ဖြိုးပြည့်စုံနှင့် မိစန္ဒီတို့ သီဆိုထားသော ‘Go-away Corona’ သီချင်းကဲ့သို့ ပညာပေး သီချင်းများ ထည့်သွင်းထားကာ COVID-19 ကာလအတွင်း ဘေးကင်းလုံခြုံစွာနေထိုင်နိုင်ရန် ပြုလုပ်ရမည့် အရာများနှင့် မပြုလုပ်ရမည့်အရာများကို ရေးသားထားပါတယ်။ အသုံးပြုသူများကလည်း လက်ရှိကပ်ဘေးတွင် မည်ကဲ့သို့ နေထိုင်ရမည်ကို ဒီ Playlists များမှ သိရှိနားလည်ကြကြောင်း မှတ်ချက်ပြု ရေးသားထားကြပါတယ်။ အသုံးပြုသူများက အဲဒီ “အင်အား” Playlist သီချင်းများကို အခမဲ့နားဆင်နိုင်မှာဖြစ်ပါတယ်။

‘အတူတူကျော်ဖြတ်ကြမယ်’ Playlist က အထူးသဖြင့် မြန်မာပရိသတ်များအတွက် ဖန်တီးထားခြင်းဖြစ်ပြီး ဂီတ ပညာရှင်များဖြစ်သည့် လေးဖြူ၊ ဝေလ၊ မျိုးကြီးနှင့် Idiots တို့ ပါဝင်သီဆိုထားသည့် သီချင်း ၁၄ ပုဒ်ပါဝင်ကာ JOOX တွင် အခမဲ့နားဆင်နိုင်မှာဖြစ်ပါတယ်။ သီချင်းနားထောင်ခြင်းက စိတ်ညစ်မှုတို့ကို ပြေပျောက်စေပြီး၊ စိတ်ခံစားချက်တို့ကို ပြောင်းလဲပေးနိုင်သည် ဆိုသည့်အချက်ကို လက်ကိုင်ထားကာ JOOX ရဲ့ “Stay At Home” Playlist တွင် နားဆင်သူတို့ စိတ်အား တက်ကြွစေရန်နှင့် စိတ်ဖိစီးမှုများမှ လွတ်မြောက်နိုင်စေမယ့် ကမ္ဘာကျော် နာမည်ကြီး အင်တာနယ်ရှင်နယ် အခမဲ့ နားဆင်နိုင်သော ပေါ့ပ်သီချင်း ၃၅ ပုဒ်ကို ထည့်သွင်းပေးထားပါတယ်။

Apple App Store နှင့် Google Play Store တို့တွင် JOOX mobile သို့မဟုတ် Desktop app ကို ‌ဒေါင်းလုပ်ဆွဲခြင်း ၊ JOOX ဝက်ဘ်ဆိုက်ကို ဝင်ရောက်ခြင်းဖြင့် မိမိနှစ်သက်သော အနုပညာရှင်နှင့် သူတို့ရဲ့ဂီတကို အချိန်မရွေး၊ မည်သည့်နေရာမတွင်မဆို ခံစားနားဆင်လို့ရပါတယ်။

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top