စံသတ်မှတ်ချက်တွေ တညီတညွတ်တည်း ဖြစ်သင့်တဲ့အကြောင်း Standardization ICT Talk

unicode_large.jpg

ရန်ကုန်တိုင်းဒေသကြီး ကွန်ပျူတာ လုပ်ငန်းရှင်များအသင်းက ကြီးမှူးကျင်းပတဲ့ “Standardization ICT Talk” ကို  မနေ့က နေ့လည် (၂) နာရီကနေ ညနေ (၅) နာရီအထိ ရန်ကုန်မြို့ MICT park မှာကျင်းပခဲ့ပါတယ်။

Standardization လို့ ဆိုတဲ့ အတိုင်း နည်းပညာနဲ့ စီးပွားရေး ဆက်စပ်နေတဲ့ ကဏ္ဍနယ်ပယ်အသီးသီးမှာ တူညီတဲ့ စံသတ်မှတ်ချက်တွေ ဘာကြောင့်ထားရှိသင့်လဲ၊ ဘယ်လို စံသတ်မှတ်ချက်တွေ ထားရှိသင့်လဲ၊ ဒီလို စံသတ်မှတ်ချက်တွေ ထားရှိခြင်းအားဖြင့် ဘယ်လို အကျိုးကျေးဇူးတွေ ရရှိလာနိုင်မလဲဆိုတဲ့ အကြောင်းကို ဆွေးနွေးဟောပြောသူ (၅) ဦးက အလှည့်ကျ ဆွေးနွေးသွားတာ ဖြစ်ပါတယ်။
ဆွေးနွေးဟောပြောသူတွေထဲက တစ်ဦးဖြစ်တဲ့ ဦးဇော်သက်အောင် ကတော့ Unicode စနစ်ကို ဘာကြောင့် အသုံးပြုသင့်လဲဆိုတော ဆွေးနွေးတင်ပြသွားခဲ့ပါတယ်။ Unicode ကို အသုံးပြုခြင်းအားဖြင့် စာရှာဖွေခြင်း ၊ အက္ခရာစဉ်နေရာချခြင်း ၊ အချက်အလက် ဖြေရှင်းကိုင်တွယ်ခြင်း၊ တိုင်းရင်းသား ဘာသာစကားတွေနဲ့ တွဲဖက်အသုံးပြုရလွယ်ကူခြင်း စတဲ့ အကျိုးကျေးဇူးတွေ ရရှိနိုင်မယ်လို့ သူက ဆိုပါတယ်။ ဥပမာ တစ်ရပ် အနေနဲ့ “မန္တလေးမြို့” လို့ Zawgyi စနစ်နဲ့ စာရိုက်လိုက်တဲ့ အခါမှာ နငယ်အတိုအရှည် (၂) မျိုး ၊ ပါဌ်ဆင့် တဝမ်းပူ ဘယ်ကပ်ညာကပ် (၂) မျိုး၊ ရရစ် (၈) မျိုး ၊ တစ်ချောင်းငင် အတိုအရှည် (၂)မျိုး ၊ လုံးကြီးတင် တစ်ချောင်းငင် ပုံသဏ္ဍာန် (၂) မျိုး ၊ အောက်မြစ် (၃) မျိုး စသည်ဖြင့် စာရိုက်လို့ ရတဲ့ ပုံစံ အမျိုးမျိုး ရှိနေတာကြောင့် “မန္တလေးမြို့” လို့ စာရိုက်နိုင်တဲ့ စုစုပေါင်းနည်းလမ်းက (၃၈၄) မျိုး ရှိနေပါတယ်။ ဒီနည်းတွေထဲက နည်းလမ်းတစ်မျိုးနဲ့ ရိုက်ထားတဲ့ စာကို တခြားနည်းတွေနဲ့ ပြန်လည်ရှာဖွေကြည့်မယ်ဆိုရင် အခက်အခဲ ရှိနေမှာ ဖြစ်ပါတယ်လို့ ဦးဇော်သက်အောင်က ဥပမာပေး ရှင်းပြခဲ့ပါတယ်။

အခြားဟောပြောသူတွေအနေနဲ့ ဒေါ်နှင်းသက်သက်ရည်က Infra အပိုင်း ၊ ဒေါက်တာ ဇာနည်အောင်က အစိုးရအခန်းကဏ္ဍ ၊ ဦးဇော်မျိုးလှိုင်က လက်လီရောင်းချခြင်း (retail) လုပ်ငန်းနဲ့ ဦးစိုးထိုက်အောင်က ဘဏ်လုပ်ငန်း အသီးသီးတို့မှာ တူညီတဲ့ စံသတ်မှတ်ချက်တွေ ထားရှိဖို့လိုအပ်တဲ့ အကြောင်းကို အသီးသီး ဟောပြောဆွေးနွေးခဲ့ကြပါတယ်။

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top