KBZPay က ပထမဦးဆုံး ဒစ်ဂျစ်တယ်စနစ် ချေးငွေ ဝန်ဆောင်မှု အဖြစ် ဈေးဝယ်ချေးငွေကို စတင်မိတ်ဆက်

Image-4_Tap-on-Apply-after-submitting-information_Credit-to-KBZ-Bank.jpg

KBZPay က ချေးငွေရယူလိုသူများရဲ့ ချေးငွေရသင့်၊ မရသင့်ဆိုတဲ့အချက်ကို စက်ရဲ့လေ့လာသင်ယူနိုင်စွမ်း နည်းပညာဖြင့် အလိုအလျောက် ဆုံးဖြတ်ပေးမည့် စနစ် (Automated Decision Machine) တစ်ခုထည့်သွင်းအသုံးပြုထားတဲ့ ပထမဦးဆုံး ဒစ်ဂျစ်တယ်စနစ် ချေးငွေ ဝန်ဆောင်မှုအဖြစ် ဈေးဝယ်ချေးငွေကို ဇွန်လ ၁၈ ရက်နေ့မှာ စတင် မိတ်ဆက်လိုက်ပြီ ဖြစ်ပါတယ်။ KBZPay ဈေးဝယ်ချေးငွေကို လခစား ဝန်ထမ်း၊ KBZPay အသုံးပြုသူများအနေဖြင့် ငွေကျပ်သိန်း (၅၀) အထိ လွယ်ယူလျင်မြန်စွာ ချေးငွေရယူပြီး မြန်မာနိုင်ငံတစ်ဝန်းက KBZPay မိတ်ဖက်ဈေးဆိုင်တိုင်းမှာ မိုဘိုင်းဖုန်းနှင့် အီလက်ထရောနစ် အိမ်အသုံးအဆောင်ပစ္စည်းများကို ဝယ်ယူနိုင်ရန်ဝန်ဆောင်မှုပေးသွားမှာဖြစ်ပါတယ်။

ဈေးဝယ်ချေးငွေ လျှောက်ထားမှု လုပ်ငန်းစဉ်တစ်ခုလုံးကို KBZPay မိုဘိုင်းအက်ပလီကေးရှင်းအတွင်း စာရွက်စာတမ်း အသုံးပြုရန်မလိုဘဲ မိုဘိုင်းစနစ်ဖြင့် အစ၊ အဆုံး စီမံဆောင်ရွက်နိုင်ပါတယ်။ ချေးငွေရယူသူများက အပေါင်ပစ္စည်း၊ အာမခံ ပုဂ္ဂိုလ်၊ လျှောက်လွှာကြေး စတာတွေ ပေးအပ်ရန်မလိုအပ်ဘဲ ချေးငွေအတည်ပြုခြင်း အဆင့်ကို ၂၄ နာရီထက်မပိုသည့် ကာလအတွင်း ဆောင်ရွက်ပေးမှာဖြစ်ပါတယ်။ ချေးငွေရရှိကြောင်း အတည်ပြုပြီး နောက်နေ့မှာ KBZPay မိုဘိုင်း ပိုက်ဆံအိတ်အတွင်းရှိ ဈေးဝယ်ချေးငွေကို အသုံးပြုကာ ၁၂ လ၊ ၁၈ လ၊ ၂၄ လ စတဲ့ နှစ်သက်ရာ လစဉ် ချေးငွေပြန်လည်ပေးဆပ်မှုများကို ရွေးချယ်ပြီး စတင် ဝယ်ယူနိုင်ပြီ ဖြစ်ပါတယ်။

KBZPay ဈေးဝယ်ချေးငွေက ကမ္ဘောဇဘဏ်ရဲ့ အလိုအလျောက် စစ်ဆေးဆုံးဖြတ်ပေးတဲ့နည်းပညာကို အသုံးချထားသောပထမဦးဆုံး မိုဘိုင်း app အခြေပြု ချေးငွေဝန်ဆောင်မှု ထုတ်ကုန်တစ်ခု ဖြစ်ပါတယ်။ အဲဒီ ချေးငွေဝန်ဆောင်မှုထုတ်ကုန်များက KBZPay အသုံးပြုသူများအတွက် အာမခံချက်မရှိသော ပြင်ပနေရာများမှ ချေးငွေရယူရခြင်း၊ လပေါင်းများစွာ ငွေစုရန် ကြိုးစားရခြင်းတို့အစား နိုင်ငံ့အကြီးဆုံး ပုဂ္ဂလိကဘဏ် ဖြစ်သည့် ကမ္ဘောဇဘဏ်ရဲ့လုံခြုံစိတ်ချရမှု၊ ခိုင်မာမှုတို့ဖြင့် ပံ့ပိုးပေးထားသည့် ကျယ်ပြန့်စွာ အသုံးပြုနိုင်သော ငွေကြေးဆိုင်ရာ ထုတ်ကုန်နှင့် ဝန်ဆောင်မှုများကို အာမခံချက်ရှိရှိ ချက်ချင်း ရယူနိုင်ရန် ဖန်တီးထားခြင်း ဖြစ်ပါတယ်။ ဒါ့အပြင် ချေးငွေရယူသူများက မိမိတို့ရဲ့ KBZPay မိုဘိုင်းပိုက်ဆံအိတ်ဖြင့်ပင် ဝယ်ယူထားတဲ့ ပစ္စည်းများအတွက် ငွေပေးချေခြင်း၊ လစဉ် ချေးငွေပြန်လည်ပေးဆပ်ခြင်းတို့ ပြုလုပ်နိုင်သဖြင့် ဘဏ်ခွဲများသို့ သွားရောက်ရခြင်း၊ ငွေသားကိုင်တွယ်ရခြင်းများ ပြုလုပ်ရန် မလိုအပ်တော့ပါ။

KBZPay ဈေးဝယ်ချေးငွေ၏ အလိုအလျောက် စစ်ဆေးဆုံးဖြတ်နိုင်သည့် နည်းပညာ

KBZPay ဈေးဝယ်ချေးငွေ အသစ်က ချေးငွေရယူလိုသူရဲ့ ချေးငွေရသင့်၊ မရသင့်ဆိုသည့် အချက်ကို အလိုအလျောက် စစ်ဆေးဆုံးဖြတ်ပေးသည့် နည်းပညာကို အသုံးချထားသော မြန်မာနိုင်ငံရဲ့ပထမဦးဆုံး ဒစ်ဂျစ်တယ်စနစ် ချေးငွေဝန်ဆောင်မှုတစ်ခု ဖြစ်ပါတယ်။ ပြည့်စုံမှုရှိသည့် အချက်အလက်ပေါင်းများစွာနှင့် အဆင့်မြင့် ခွဲခြမ်းစိတ်ဖြာနိုင်သည့် နည်းပညာတို့ရဲ့ ပေါင်းစပ်မှုစွမ်းရည်ကို တိကျသေချာစွာ တွက်ချက်တွေးခေါ်နိုင်သော စွမ်းရည်ဖြင့် တွဲယှက်၍ ချေးငွေရယူလိုသူတစ်ဦးချင်းစီရဲ့ Credit score နှင့် credit limit တို့ကို ချက်ချင်း တွက်ချက်ဆုံးဖြတ်ပေးနိုင်မှာဖြစ်ပါတယ်။ တစ်ဦးချင်းစီရဲ့ ချေးငွေပြန်လည်ပေးဆပ်ရမယ့် ကာလအပိုင်းအခြားကို စက်ရဲ့ လေ့လာသင်ယူနိုင်စွမ်းကို အသုံးချထားသည့် နည်းပညာဖြင့် အလိုအလျောက် စစ်ဆေးဆုံးဖြတ်နိုင်သည့် လုပ်ငန်းစဉ်ကြောင့် ပုဂ္ဂုလ်ရေးအရ အကဲဖြတ်သုံးသပ်မှုကြောင့် ဖြစ်ပွားလာနိုင်သည့် နောက်ဆက်တွဲပြဿနာများနှင့် လူကြောင့်ဖြစ်တတ်သည့် အမှားများကို လျှော့ချပေးနိုင်မှာဖြစ်ပါတယ်။ KBZPay ဈေးဝယ်ချေးငွေရယူပြီး တာဝန်သိစွာ အချိန်မှန် ပြန်လည်ပေးဆပ်သည့် ချေးငွေရယူသူများက credit scores ရမှတ်ကောင်းများ ရရှိနိုင်သောကြောင့် နောက်ပိုင်း ချေးငွေဆိုင်ရာကိစ္စရပ်များအတွက် အကျိုးရှိနိုင်မှာဖြစ်ပါတယ်။

KBZPay ဈေးဝယ်ချေးငွေ လျှောက်ထားခြင်းနှင့် ဝန်ဆောင်မှု စည်းမျဉ်းများ

KBZPay ဈေးဝယ်ချေးငွေ ဝန်ဆောင်မှုကို ရန်ကုန်၊ မန္တလေးနှင့် နေပြည်တော်မြို့များရှိ လစဉ်ဝင်ငွေ အနည်းဆုံး ကျပ် (၁၅၀,၀၀၀) ရှိတဲ့ KBZPay အဆင့် ၂ အသုံးပြုသူတိုင်း လျှောက်ထားနိုင်ပြီဖြစ်ပါတယ်။ အခုချေးငွေဝန်ဆောင်မှုကို လာမယ့် လများအတွင်း အခြားဒေသ နှင့် မြို့ကြီးများတွင် မိတ်ဆက်ပေးသွားမှာဖြစ်ပါတယ်။

KBZPay ဈေးဝယ်ချေးငွေ ဝန်ဆောင်မှုအကြောင်း ပိုမိုသိရှိရန်နှင့် လျှောက်ထားလိုပါက KBZPay အက်ပလီကေးရှင်း ရဲ့ ပင်မစာမျက်နှာပေါ်ရှိ “KBZPay ဈေးဝယ်ချေးငွေ” နေရာကို နှိပ်ပါ။ “ယခု လျှောက်ထားမည်” ကို နှိပ်ပြီး ချေးငွေပမာဏ နှင့် ပြန်လည်ပေးဆပ်ရန် အချိန်ဇယားအား ရွေးချယ်နိုင်ပါတယ်။ လျှောက်ထားသူမှာ ချေးငွေလျှောက်ထားခြင်း လုပ်ငန်းစဉ် ဆက်လက်မပြုလုပ်မီ အတိုးပါထည့်သွင်းတဲ့ လစဉ် ချေးငွေပြန်ဆပ်မှုပမာဏကို တွက်ချက်ပြသပေးထားကြောင်း တွေ့မြင်ရမှာဖြစ်ပါတယ်။ နောက်ဆုံးအတည်ပြုလိုက်သောချေးငွေပမာဏက ချေးငွေတွက်ချက်ရာတွင် ပြသထားသော ပမာဏနှင့် ကွဲပြားမှုရှိနိုင်ပါတယ်။

အချိန် ၁၅ မိနစ်အောက်သာ ကြာမြင့်သော ချေးငွေလျှောက်ထားမှု လုပ်ငန်းစဉ် ဆောင်ရွက်ရန် လျှောက်ထားလိုသူများအနေဖြင့် အောက်ပါ အချက်အလက်များ တင်ပြရန် လိုအပ်ပါသည်။

● လိပ်စာထောက်ခံချက်နေထိုင်ကြောင်းရပ်ကွက်ထောက်ခံစာ (၁လထက်မကျော်သော)

● မီတာခ စာရွက်

● လစာစလစ် (သို့) HR မှ လွန်ခဲ့သော ၃လအတွင်း လစာထောက်ခံချက်

ချေးငွေလျှောက်ထားမှု ပြီးစီးသွားပါက လျှောက်ထားသူများက တာဝန်ခံမှုရှိရှိ ချေးငွေရယူခြင်းနှင့် ချေးငွေပြန်လည် ပေးဆပ်မှုကို စီမံခန့်ခွဲရာတွင် လိုက်နာရမည့် အလေ့အကျင့်ကောင်းများအကြောင်း ရိုက်ကူးထားသော ဗီဒီယိုတစ်ခုကို ကြည့်ရှုရန် လိုအပ်ပါတယ်။

စစ်ဆေး အတည်ပြုခြင်း လုပ်ငန်းစဉ်အတွက် ၂၄ နာရီ ကြာမြင့်ပြီးနောက် ချေးငွေလျှောက်ထားမှု အောင်မြင်ပါက လျှောက်ထားသူများက အက်ပလီကေးရှင်းအတွင်း အသိပေးချက်တစ်ခု လက်ခံရရှိပါမယ်။ အတည်ပြုပြီး ချေးငွေရရှိသူများက QR code တစ်ခု လက်ခံရရှိမှာဖြစ်ပြီး KBZPayရဲ့ မိတ်ဖက်ဈေးဆိုင်မှာ အဲဒီ QR codeကို scan ဖတ်ကာ ဝယ်ယူထားသည့် ပစ္စည်းများအတွက် ငွေပေးချေမှု ပြုလုပ်နိုင်မှာဖြစ်ပါတယ်။

ချေးငွေကို KBZPay ဈေးဝယ်ချေးငွေ ဝန်ဆောင်မှုရဲ့ မိတ်ဖက်ဆိုင်ရှင်များကို ငွေပေးချေမှု ပြုလုပ်ရန်အတွက်သာ အသုံးပြုနိုင်မည်ဖြစ်ပြီး အဓိကအားဖြင့် မိုဘိုင်းဖုန်းများ၊ အီလက်ထရောနစ်ပစ္စည်းများနှင့် အိမ်တွင်း အသုံးအဆောင်ပစ္စည်းများကို ဝယ်ယူရရှိနိုင်မှာဖြစ်ပါတယ်။ ချေးငွေရယူသူများက ချေးငွေကို အခြားတစ်စုံတစ်ယောက်ထံသို့ လွှဲပြောင်းခြင်းနှင့် ချေးငွေပမာဏကို ထုတ်ယူခြင်းများ ပြုလုပ်နိုင်မှာမဟုတ်ပါ။

ချေးငွေရယူသူများက သူတို့ရဲ့KBZPay မိုဘိုင်းပိုက်ဆံအိတ်ထဲမှ ငွေများကို အသုံးပြုပြီး လတစ်လအတွင်း သတ်မှတ်ထားသောနေ့မှာ ချေးငွေပြန်ဆပ်ရပါမယ်။ ချေးငွေပြန်လည်ပေးဆပ်မှုအားလုံးကို ‘မှတ်တမ်း’ တွင် ပြန်လည် ကြည့်ရှုနိုင်ပါတယ်။

KBZPay ဈေးဝယ်ချေးငွေ ဝန်ဆောင်မှုရဲ့မိတ်ဖက်ဈေးဆိုင်များမှာ Technoland ၊ Win Mobile World နှင့် Snoopy Mobile အစရှိတဲ့ အမြို့မြို့အနယ်နယ်တွင် ဆိုင်ခွဲများဖွင့်လှစ်ထားသော ထိပ်တန်း အီလက်ထရောနစ်ပစ္စည်း လက်လီအရောင်းဆိုင်များ ပါဝင်ပါတယ်။ ရန်ကုန်မြို့မှအပ အခြားသော မြို့နယ်များမှာ KBZPay ဈေးဝယ်ချေးငွေကို မော်တော်ဆိုင်ကယ် ဝယ်ယူရန်အတွက် လျှောက်ထားနိုင်ပါတယ်။

ကမ္ဘောဇဘဏ်က ချေးငွေဝန်ဆောင်မှု ရယူသူများကို တာဝန်ယူမှုရှိရှိ ချေးငွေရယူရန်နှင့် လိုအပ်သည့် ပစ္စည်းများအတွက်သာ ဦးစားပေးချေးယူရန် အကြံပြု တိုက်တွန်းလိုပါတယ်။ တာဝန်ယူမှုရှိရှိ ချေးငွေရယူရန်အတွက် အကြံပြုချက်အချို့မှာ အောက်ပါအတိုင်း ဖြစ်ပါတယ်။

● ပစ္စည်းဝယ်ယူရန် လိုအပ်သည့် ငွေပမာဏတစ်ခု သတ်မှတ်ထားပြီး သတ်မှတ်ထားသော ငွေပမာဏထပ်ကျော်၍ ချေးယူခြင်း မပြုလုပ်ခြင်း။

● ချေးငွေပြန်လည်ပေးဆပ်ရန် မိမိ၏ လစဉ်ဝင်ငွေကို ခွဲတမ်းချထားခြင်း။

● ဒဏ်ကြေးငွေ ပေးဆောင်ရခြင်းမှ ရှောင်ရှားနိုင်ရန်အတွက် လစဉ်ပေးသွင်းရမည့် နောက်ဆုံးနေ့ရက် မတိုင်မီ ပြန်လည် ပေးဆပ်ခြင်း။

● လက်ရှိ ဆပ်ရန်ကျန်သည့် ချေးငွေပမာဏကို ပုံမှန်စစ်ဆေးခြင်း။

● အချိန်အပိုင်းအခြား တစ်ခုအတွင်း ချေးငွေ အများအပြား ရယူခြင်းကို ရှောင်ရှားခြင်း။

KBZPay ဈေးဝယ်ချေးငွေနှင့်ပတ်သက်ပြီး အများပြည်သူများအနေဖြင့် ပိုမိုသိရှိလိုပါက KBZPay Customer Service ဖုန်း – ၀၉ ၉၆၉၉၆၃၂၁၁ သို့ခေါ်ဆိုပြီး ဆက်သွယ်စုံစမ်းနိုင်တယ်လို့ သိရပါတယ်။

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top