MPL-MM S4 နှင့် ရှုံးထွက်ပွဲစဉ်တွေကို COVID-19 ကြောင့် ရက်အကန့်အသတ်မရှိ ရွှေ့ဆိုင်းမယ်

31-3-2020-yyl-014.jpg

၂၀၁၇ ခုနှစ် စတင်ကာ ကမ္ဘာတစ်ဝှမ်းက Esports လောကကို ဖွံ့ဖြိုးတိုးတက်လာစေရန် ရည်ရွယ်ပြီး စီစဉ်ကျင်းပလျက်ရှိတဲ့ Mobile Legends: Bang Bang Professional League ဟာ ယခုနှစ် ၂၀၂၀ အထိ သုံးကြိမ်တိုင်အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ပြီဖြစ်ပါတယ်။ ဒါပေမဲ့လည်း COVID 19 ရောဂါဖြစ်ပွားမှုကြောင့် ယခုနှစ် MPL-MM S4 ရဲ့ ပုံမှန်ရာသီပွဲစဉ်များ နှင့် ရှုံးထွက်ပွဲစဉ်များ ကျင်းပမည့်ရက်ကို နောက်ထပ်အသိပေးအကြောင်းကြားမှုမပြုလုပ်မီ အချိန်အထိ ရွေ့ဆိုင်းလိုက်ပြီဖြစ်ပါတယ်။ WHOက ကမ္ဘာ့ကပ်ရောဂါအဖြစ်ထုတ်ပြန်ကြေညာပြီးနောက် Covid-19 ရောဂါက နိုင်ငံပေါင်းများစွာသို့ လျင်မြန်စွာ ကူးစက်ပျံနှံ့လျက်ရှိပြီး ရောဂါကို ထိန်းချုပ်နိုင်ရန် လျင်မြန်တိကျသော တိုင်းတာဆောင်ရွက်မှုများ လိုအပ်လျက်ရှိပါတယ်။

၂၀၂၀ ခုနှစ် မတ်လ ၂၅ ရက်နေ့ မှာ မြန်မာနိုင်ငံ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ အဆုတ်ရောင် ကူးစက်မြန်ရောဂါ Covid-19 ကူးစက်ထားသူ လူနာသုံးဦးကို မြန်မာနိုင်ငံတွင် တွေ့ရှိထားကြောင်း စတင်သိရှိခဲ့ရပါတယ်။ ဒါကြောင့် ဝန်ကြီးဌာနအနေဖြင့် မြန်မာနိုင်ငံအတွင်း အဲဒီကပ်ရောဂါပိုးကူးစက်ပြန့်ပွားမှုကို ကြိုတင်ကာကွယ်တားဆီးနိုင်ရန် လုပ်ဆောင်ရမည့် အချက်များ နှင့် စည်းမျဉ်းစည်းကမ်းများကို အချိန်နှင့်တစ်ပြေးညီ ထုတ်ပြန်လျက်ရှိပြီး လူစုလူဝေးဖြစ်ပေါ်စေမည့် ပွဲလမ်းသဘင်များ ကျင်းပခြင်းကိုလည်း ကန့်သတ်ထားပါတယ်။

အစိုးရမှချမှတ်ထားသော စည်းကမ်းများကို အထူးအလေးပေး လိုက်နာသောအားဖြင့် MPL-MM S4 ပြိုင်ပွဲစီစဉ်သူများက ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မယ့် ကစားသမားများ၊ မိသားစုဝင်များ နှင့် အခြားသော ပါဝင်ပတ်သက်နေသူများအားလုံးရဲ့ တန်ဖိုးရှိလှသော အသက်အိုးအိမ်များကို ကာကွယ်ရန် တာဝန်အပြည့်အဝရှိတယ်လို့ ခံယူထားပါတယ်။ အဲဒါကြောင့် ညွှန်ကြားချက်များကို ဂရုတစိုက်လိုက်နာဆောင်ရွက်ကာ MPL-MM S4 ရဲ့ပုံမှန်ရာသီပွဲစဉ်များ နှင့် ရှုံးထွက်ပွဲစဉ်များ ကို အကန့်အသတ်မရှိ ရွေ့ဆိုင်းလိုက်ပြီဖြစ်ကြောင်း နှင့် ပြန်လည်ကျင်းပမည့် နေရက် နှင့် အချိန်အတိအကျကို ကြိုတင်၍ ကြေညာသွားမှာဖြစ်ပါတယ်။

Mobile Legends: Bang Bang Professional League က မြန်မာနိုင်ငံ၏ အကြီးမားဆုံးနှင့် လူကြိုက်အများဆုံး Mobile Legends: Bang Bang Esports ဂိမ်းပြိုင်ပွဲဖြစ်ပြီး ပရော်ဖက်ရှင်နယ် ကစားသမားများအနေဖြင့်လည်း အဲဒီပြိုင်ပွဲမှ တစ်ဆင့် သူတို့ရဲ့ ကျွမ်းကျင်မှုကို နိုင်ငံတကာအဆင့်သို့ ထုတ်ဖော်ပြသနိုင်မှာဖြစ်ပါတယ်။ Mobile Legends: Bang Bang Professional Leagueကို လက်ရည်စစ်ပွဲ၊ ပုံမှန်ရာသီပွဲစဉ်များ နှင့် ရှုံးထွက်ပွဲစဉ်များဟူ၍ အဆင့်သုံးဆင့်ခွဲကာ ကျင်းပလျက် ရှိပြီး ပြိုင်ပွဲအချိန်ကာလအားဖြင့် ၄ လနီးပါးခန့် ကြာမြင့်လေ့ရှိပါတယ်။ ယခုနှစ် MPL-MM S4 တွင်မူ စုစုပေါင်းဆုကြေးငွေ ဒေါ်လာ ၁၀၀,၀၀၀ ကျော် ချီးမြင့်သွားမှာဖြစ်ပါတယ်။

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top