မြန်မာနိုင်ငံရဲ့ အကောင်းဆုံး အခမဲ့အွန်လိုင်းဈေးဝယ် ဝက်ဘ်ဆိုဒ် MYANMARKT.COM ကို တရားဝင်မိတ်ဆက်

Image-2_Founder-of-MyanmarKT-Made-a-Discussion-of-Myanmar-Economy-Trend-with-Business-Organization.png

မြန်မာနိုင်ငံရဲ့ အွန်လိုင်းဈေးဝယ် ဝက်ဘ်ဆိုဒ် ဖြစ်တဲ့ MYANMARKT.COM ကို ရောင်းသူနှင့် ဝယ်သူများကြား ချိတ်ဆက်ပေးမယ့်ရည်ရွယ်ချက်ဖြင့် အဲဒီဝက်ဆိုက်ကို စတင်ခဲ့ပြီး ဧပြီလ ၂၄ ရက်နေ့မှာ တရားဝင်မိတ်ဆက်ခဲ့ပါတယ်။ MYANMARKT.COMမှာ လာရောက်ရောင်းချတဲ့ ရောင်းသူများအနေဖြင့် မိမိရဲ့ကုန်ပစ္စည်းများကို အခမဲ့ရောင်းနိုင်သကဲ့သို့ ဝယ်ယူသူများက ဝန်ဆောင်ခ ပေးချေရန် မလိုအပ်ဘဲ အဆင်ပြေချောမွေ့စွာ ဝယ်ယူရရှိနိုင်မှာဖြစ်ပါတယ်။

မြန်မာနိုင်ငံရဲ့ပထမဆုံး Portal ဖြစ်လာတဲ့ Myanmarkt.com မှ လျှပ်စစ်ပစ္စည်း၊ အိမ်ခြံမြေ၊ မော်တော်ယာဉ်၊ အလုပ်အကိုင်နှင့် ဝန်ဆောင်မှုများကို ဝက်ဘ်ဆိုဒ် တစ်ခုတည်းမှာတင် အသုံးပြုနိုင်ပါတယ်။

လက်ရှိအချိန်မှာ တစ်ကမ္ဘာလုံးတွင် ရင်ဆိုင်ကြုံတွေ့နေရတဲ့ COVID-19 အသက်ရှုလမ်းကြောင်းဆိုင်ရာ ကူးစက်ရောဂါကို မြန်မာနိုင်ငံအနေနှင့်လည်း ရင်ဆိုင်နေရတဲ့အချိန် ဖြစ်သည့်အလျောက် လူမှု့ဆက်သွယ်မှုတွေကိုလည်း လျော့ချခဲ့ကြရပါတယ်။ အခုလိုအခြေအနေမှာ ကုမ္ပဏီများဘက်ကလည်း လုပ်ငန်းတာဝန်များကို ပုံမှန်အတိုင်း ဆက်လက်ဆောင်ရွက်သွားနိုင်ရေးနှင့် ပြည်သူလူထုကလည်း လိုအပ်သည်များကို ရှာဖွေရန်အတွက် ပလက်ဖောင်းတစ်ခု ရှိထားသင့်သော အချိန်ဖြစ်သည့်အတွက် MYANMARKT.COM ကို ခြေလှမ်းစတင်ခဲ့ခြင်းလည်း ဖြစ်ပါတယ်။

ဒါ့အပြင် Portal ဘက်မှ မည်သည့် Product မှ ရောင်းချမှုမရှိခြင်းနှင့် ကော်မရှင်ကြေး ပေးသွင်းစရာမလိုသည့်အပြင် ရောင်းသူနှင့် ဝယ်သူကြား ဝင်ရောက်စွက်ဖက်မှုမရှိခြင်း စတဲ့အချက်များက MYANMARKT.COMရဲ့အားသာချက်များ ဖြစ်ပါတယ်။ လုပ်ငန်းလုပ်ဆောင်တဲ့ ကြာချိန်မှာလည်း အချိန် (၂) မိနစ်နှင့် အဆင့် (၃) ဆင့်သာ ကြာမြင့်မည် ဖြစ်ပြီး ပထမအဆင့်တွင် ကုန်ပစ္စည်းပုံကို Upload တင်ခြင်း၊ ဒုတိယအဆင့်အနေဖြင့် ကုန်ပစ္စည်းအချက်အလက်များ ဖြည့်သွင်းခြင်းနှင့် တတိယအဆင့်တွင် ဆက်သွယ်ရမည့်အချက်အလက် ဖြည့်ခြင်းဖြင့် ဝယ်ယူသူများထံ ရောက်ရှိနိုင်ပါတယ်။

MYANMARKT.COM အနေနှင့်လည်း လက်ရှိအခြေအနေမှာ ကုန်ပစ္စည်းများ၊ ပညာရှင်များ၊ အိမ်ခြံမြေအရောင်းအဝယ် ၊ ကုမ္ပဏီများနှင့် ဝက်ဆိုက်သုံးစွဲသူများအကြား အဲဒီဝက်ဆိုက်ကို ကောင်းမွန်စွာအသုံးချပြီး အခမ်းအနားများ၊ အလုပ်အကိုင်အခွင့်အလမ်းများ၊ ဝန်ဆောင်မှုများနှင့် သတင်းထုတ်ပြန်ချက်များ ဖြန့်ဝေခြင်းတို့ကို လုပ်ဆောင်နိုင်ရန် အစဉ်အမြဲ ကူညီပံ့ပိုးသွားမည် ဖြစ်ပါတယ်။

MYANMARKT.COM ကို ဆက်သွယ်ရေးလုပ်ငန်းများ၊ ဘဏ်လုပ်ငန်းများနှင့် ကုန်စည်ကဏ္ဍတို့မှ တာဝန်ရှိသူများထံ မိတ်ဆက်ခဲ့ပြီးဖြစ်ပြီး လူငယ်ကျွမ်းကျင်သူများအတွက် အဲဒီလုပ်ငန်းများမှ Internship အစီအစဉ်များနှင့် အလုပ်အကိုင်အခွင့်အလမ်းများ ပံ့ပိုးပေးနေသည့်အစီအစဉ်များအတွက်လည်း ကူညီ ဆွေးနွေးပေးခဲ့တယ်လို့ သိရပါတယ်။

MYANMARKT.COM နှင့်ပတ်သက်ပြီး အသေးစိတ် ထပ်မံသိရှိလိုပါက http://www.myanmarkt.com ကို ဝင်ရောက်လေ့လာနိုင်ပါတယ်။

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top