ဆီးအရမ်းရွှင်တဲ့သူတွေ စားသင့်တဲ့၊ မစားသင့်တဲ့ အစားအစာတွေ

24-4-2020-yyl-046.jpg

ဘယ်အချိန်မဆို ခဏခဏ ဆီးသွားရတဲ့ ပြဿနာက လူကိုအတော်လေး စိတ်ကသိကအောက်ဖြစ်စေပါတယ်။ အထူးသဖြင့် အစည်းအဝေးကျင်းပနေတဲ့အချိန်၊ ပွဲတတ်နေရတဲ့အချိန်မျိုးတွေမှာပါပဲ။ ဆီးအရမ်းရွှင်ရတာက ဆီးအိမ်ရဲ့ကြွက်သားတွေက ဘာမှ အချက်မပြဘဲ ရုတ်တရက် ကျုံ့သွားတဲ့အခါမှာ ဖြစ်လာရပါတယ်။ သင့်ဆီးအိမ်မှာဆီးပမာဏနည်းသွားရင်တောင် သန့်စင်ခန်းကို သွားဖို့ အတင်းအကျပ်တိုက်တွန်းသလိုဖြစ်စေပါတယ်။ ဒီအခြေအနေက သန့်စင်ခန်းကို မကြာခဏသွားရတဲ့အတွက် ညဘက်တွေမှာ သင့်အိပ်စက်ချိန်ကို အနှောင့်ယှက်ဖြစ်စေပါတယ်။ တချို့အစားအစာတွေက ဆီးအရမ်းရွှင်စေပါတယ်။ သင့်ဆီးအိမ်က ထိလွယ်ရှလွယ်တဲ့အတွက်ကြောင့်ပါပဲ။ ဒါကြောင့် ဒီကျန်းမာရေးနဲ့ပတ်သက်ပြီး တစ်နေ့တာလုံး သင် စားတဲ့အစားအသောက်ကို ဂရုစိုက်ဖို့လိုပါတယ်။ အောက်မှာဖော်ပြပေးထားတဲ့အစားအစာတွေကတော့ ဆီးအရမ်းရွှင်တတ်တဲ့သူတွေအတွက် စားသင့်တဲ့အစားအစာနဲ့ မစားသင့်တဲ့အစားအစာတွေပါပဲ။

စားသင့်တဲ့အစားအစာ

ငှက်ပျောသီး

ပိုတတ်စီယမ်နဲ့အမျှင်ဓာတ်ကြွယ်ဝတဲ့ ငှက်ပျောသီးက သင့်ရဲ့ဆီးလမ်းကြောင်းအတွက် ကောင်းမွန်ပါတယ်။ ငှက်ပျောသီးကို နေ့စဉ်စားသုံးပေးမယ်ဆိုရင် ကျင်ကြီးစွန့်ရတာ လွယ်ကူအောင် ကူညီပေးနိုင်သလို ဆီး ခဏခဏမသွားအောင်လည်း ကူညီပေးနိုင်ပါတယ်။ ငှက်ပျောသီးကို ဒီအတိုင်းစားလို့ရတဲ့အပြင် ဖျော်ရည်လုပ်သောက်လို့လည်းရပါတယ်။

အစေ့အဆံ

သီဟိုဠ်စေ့၊ အယ်မွန်စေ့၊ မြေပဲတွေက ဆီးအရမ်းရွှင်တာနဲ့ပတ်သက်ရင် တစ်နေ့တာစားသုံးပေးသင့်တဲ့အစားအစာတွေထဲမှာပါဝင်ပါတယ်။ အစေ့အဆံတွေက ပရိုတင်းဓာတ်တွေပြည့်ဝပြီး ကျန်းမာရေးနဲ့ညီညွှတ်တဲ့ သွားရည်စာမုန့်တွေပါပဲ။ ဒါ့အပြင် အမျှင်ဓာတ်နဲ့ အခြားကျန်းမာရေးနဲ့ညီညွှတ်တဲ့အာဟာရဓာတ်တွေ ပါဝင်ပါတယ်။

သခွားသီး

နွေရာသီရောက်နေပါပြီ။ သခွားသီးလို အသီးတွေက ရာသီစာတွေပါပဲ။ အန်တီအောက်စီဒန့်၊ အမျှင်ဓာတ်၊ ဗီတာမင်ကေကြွယ်ဝတဲ့သခွားသီးက ဆီးရွှင်တဲ့သူတွေအတွက် အကောင်းဆုံးရွေးချယ်မှုပါ။ ကျန်းမာတဲ့ဆီးအိမ်ဖြစ်ဖို့အတွက် သခွားသီးပန်းကန်လုံးနဲ့ တစ်ပန်းကန်စားသုံးပေးသင့်ပါတယ်။

ပဲနီလေး

ပဲနီလေးက အမျှင်ဓာတ်မြင့်မားတဲ့အစားအစာဖြစ်ပြီး သင့်ရဲ့တစ်နေ့တာအစားအစာမှာ တစ်စိတ်တစ်ပိုင်းအနေနဲ့ ပါဝင်သင့်ပါတယ်။ ပဲနီလေးက ခန္ဓာကိုယ်တစ်ခုလုံးကျန်းမာရေးအတွက် ကောင်းမွန်တဲ့ ပေါ်လီဖီနော် ဒြပ်ပေါင်းတွေနဲ့ ထုပ်ပိုးထားပါတယ်။

မစားသင့်တဲ့အစားအစာ

စပ်တဲ့အစားအစာ

စပ်တဲ့အစားအစာတွေက သင့်ဆီးအိမ်ပြဿနာကို ပိုပြီးဆိုးရွားစေပါတယ်။ ဒါကြောင့် ဆီးအရမ်းရွှင်တဲ့သူတွေက အစပ်မစားတာအကောင်းဆုံးပါပဲ။ ငရုပ်သီးဆော့နဲ့ စပ်တဲ့အစားအစာတွေကို စားသုံးတာက သင့်ဆီးအိမ်ကို နီးမြန်းယားယံစေပါတယ်။

ကော်ဖီ

ကော်ဖီက ဆီးရွင်စေသလို ဆီးအိမ်ကို အနှောင့်ယှက်ဖြစ်စေပါတယ်။ ဒါကြောင့် ဆီးအိမ်ပြဿနာရှိရင် ကဖင်းဓာတ်ပမာဏကို ဖြတ်တောက်ပစ်လိုက်ပါ။ ကဖင်းဓာတ်က သင့်ကျောက်ကပ်ကို ပိုပြီး ဆီးသွားအောင်ပြုလုပ်ပေးပြီး သင့်ရဲ့ဆီးအိမ်ကို ကသိကအောက်ဖြစ်စေပါတယ်။

ဆီထရစ်ဓာတ်ပါတဲ့အသီးတွေ

လိမ္မော်သီး၊ ခရမ်းချဉ်သီး၊ ဘယ်ရီသီးအချဉ်လို ဆီထရစ်ဓာတ်ပါတဲ့အသီးတွေကို ဆီးအရမ်းရွှင်တဲ့သူတွေက မစားသင့်ပါဘူး။ အဲဒီအသီးတွေက အက်ဆစ်ဓာတ်ပါပြီး ဆီးလမ်းကြောင်းကို အနှောင့်ယှက်ဖြစ်စေပါတယ်။ အက်ဆစ်ဓာတ်နည်းတဲ့အသီးတွေကို စားသုံးပေးသင့်ပါတယ်။

သဘာဝအတိုင်း မပြုလုပ်ထားတဲ့ သကြား

တုပပြုလုပ်ထားတဲ့သကြားတွေက ဆီးရွှင်တဲ့လက္ခဏာရပ်တွေကို ပိုဆိုးရွားလာစေနိုင်ပါတယ်။ သဘာဝအတိုင်းချိုတာမဟုတ်ဘဲ ဆေးသကြားပါဝင်တဲ့အစားအစာတွေကို မစားသုံးပါနဲ့။ ပစ္စည်းတစ်ခုခုကို ဝယ်တဲ့အခါ ပါဝင်ပစ္စည်းကို ဖတ်ပြီးမှ ဝယ်သင့်ပါတယ်။ တချို့လူတွေက ပျားရည်နဲ့တောင် ဆီးပြဿနာဖြစ်တတ်ပါတယ်။

Ref: 4 foods you should eat (and 4 to avoid) for your overactive bladder

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top