လူမှုအကျိုးပြုလုပ်ငန်းများကို အကောင်းဆုံးဦးဆောင်ပြီးလုပ်ဆောင်နိုင်ခြင်းအတွက် နိုင်ငံတကာအသိအမှတ်ပြု ဆု (၄) ဆုကို အူရီဒူးမြန်မာက ဆွတ်ခူးရရှိ

Ooredoo-Myanmar-Global-CSR-Award.jpg

ပြည်သူများရဲ့ လူနေမှုဘဝများ ပိုမိုမြင့်မားလာစေရမည် ဆိုတဲ့ ရည်မှန်းချက်ကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်အတွက် လူမှုအကျိုးပြုလုပ်ငန်းများကို အစဉ်တစိုက် လုပ်ကိုင်ဆောင်ရွက်နေတဲ့ အူရီဒူးမြန်မာက ကမ္ဘာ့လူမှုအကျိုးပြု လုပ်ငန်းများနေ့ (World CSR Day) တွင် ကျင်းပပြုလုပ်ခဲ့တဲ့ လူမှုအကျိုးပြုလုပ်ငန်းများကို အကောင်းဆုံးဦးဆောင်ပြီးလုပ်ကိုင်ဆောင်ရွက်နိုင်ခြင်းအတွက် ချီးမြှင့်သည့် ဆုပေးပွဲဖြစ်သော Global CSR Excellence and Leadership Awards 2020 ဆုချီးမြှင့်ပွဲအခမ်းအနားမှာ နိုင်ငံတကာအသိအမှတ်ပြု ဆု ၄ ဆုကို ဆွတ်ခူးရရှိခဲ့ပါတယ်။

အခုနှစ် Global CSR Excellence and Leadership Awards 2020 ဆုချီးမြှင့်ပွဲ အခမ်းအနားမှာ အူရီဒူး မြန်မာက ကျေးလက်ဒေသနှင့် မြို့ပြနှင့်ဝေးကွာသော နေရာဒေသများက မိုဘိုင်းဖုန်း အသုံးပြုသူများကို ဘေးကင်းလုံခြုံစွာနှင့် တာဝန်သိစွာ အင်တာနက် အသုံးပြုတတ်စေရန် အသိပညာပေးခဲ့တဲ့ သူတို့ရဲ့ နိုင်ငံတဝန်း ဒစ်ဂျစ်တယ် ဗဟုသုတ တိုးပွားရေး အစီအစဉ် “Internet 101” အတွက် အကောင်းဆုံး အသိပညာပေးနိုင်သောအစီအဉ်ဆုဖြစ်တဲ့ Awareness Campaign Award ဆုတံဆိပ်၊ နိုင်ငံတဝန်းရှိ စာကြည့်တိုက်ပေါင်း ၂၁၀ အား ဒစ်ဂျစ်တယ် စာကြည့်တိုက်များအဖြစ် အဆင့်မြှင့်တင်နိုင်ရန် ကူညီပံ့ပိုးပေးခြင်းနှင့် နိုင်ငံတဝန်းရှိ အမျိုးသမီးငယ်များရဲ့ ဒစ်ဂျစ်တယ်နည်းပညာပိုင်းဆိုင်ရာ ကျွမ်းကျင်မှုများ နှင့် သူတို့ရဲ့ဘဝကို နှင့် သူတို့ရဲ့ ပတ်ဝန်းကျင်ရှိပြည်သူလူထုကို ဦးဆောင်နိုင်စေရန်အတွက် ကူညီမြှင့်တင်ပေးတဲ့ Tech Age Girls Myanmar အစီအစဉ်ကို ဆောင်ရွက်ခဲ့ခြင်း တို့အတွက် အကောင်ဆုံး ရပ်ရွာလူထုခြေပြု ဖွံ့ဖြိုးတိုးတက်ရေးဆုဖြစ်တဲ့ Community Development Award ဆုတံဆိပ်၊ နိုင်ငံတဝန်းမှ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများ၊ မိဘမဲ့ကလေးကျောင်းများ၊ လူငယ်လေ့ကျင့်ရေး သင်တန်းကျောင်းများနှင့် တက္ကသိုလ်များတွင် စာသင်ကျောင်း အဆောက်အအုံ စုစုပေါင်း ၃၈ လုံးနှင့် လှူဒါန်းမှု စုစုပေါင်း ၁၉ ကြိမ် ပြုလုပ်နိုင်ခဲ့ပြီး ပညာရေးနှင့် လူမှုဖွံ့ဖြိုးတိုးတက်ရေး ကဏ္ဍများအတွက် ကူညီထောက်ပံ့နိုင်ခဲ့သည့် “မိနစ်များများပြောလေ၊ အူရီဒူးက များများလှူပေးလေ’ လူမှုအကျိုးပြုလုပ်ငန်း အစီအစဉ်အတွက် ဆန်းသစ်တီထွင်မှုအရှိဆုံး လူမှုအကျိုးပြုလုပ်ငန်းအလေ့အထဆုအဖြစ် Innovative Corporate Social Responsibility Practices Award ဆုတံဆိပ်နှင့် ကျန်းမာရေး၊ ပညာရေး၊ လူမှုရေးနှင့် ဒီဂျစ်တယ် အသွင်ကူးပြောင်းရေး ကဏ္ဍများတွင် ပွင့်လင်းမြင်သာမှု ရှိသော ရေရှည်အကျိုးဖြစ်ထွန်းစေမည့် လူမှုအကျိုးပြုလုပ်ငန်းများ လုပ်ဆောင်ခဲ့မှုအတွက် အကောင်းဆုံး လူမှုအကျိုးပြုလုပ်ငန်းလုပ်ဆောင်ခြင်းဆုအဖြစ် Best Corporate Social Responsibility Practices Award ဆုတံဆိပ်များကို ဆွတ်ခူးရရှိခဲ့ပါတယ်။

အူရီဒူးမြန်မာက မြန်မာနိုင်ငံရဲ့ပညာရေး၊ ကျန်းမာရေးနှင့် လူမှု့ဖွံဖြိုးတိုးတက်ရေး ကဏ္ဍများကို အဓိက အာရုံစိုက် ကူညီပံ့ပိုးပေးလျက်ရှိပြီး လူမှုအကျိုးပြုလုပ်ငန်းများအား လုပ်ဆောင်ရာတွင် အဆင့်မြင့် နည်းပညာများအား အသုံးပြု၍ ဘက်ပေါင်းစုံမှ ကူညီပံ့ပိုးပေးလျက် ရှိပါတယ်။ ပြည်သူလူထုအပေါ် အဓိက အခြေခံသည့် ကုမ္ပဏီတစ်ခု ဖြစ်သည်နှင့်အညီ အူရီဒူးမြန်မာက နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးနှင့် လူနေထိုင်မှု့ အဆင့်အတန်း ပိုမိုမြင့်မားရေးအတွက် ရေရှည်စီမံကိန်းများနှင့်အတူ ကူညီပံ့ပိုးပေးသွားနိုင်ရန် ရည်ရွယ်လုပ်ဆောင်လျက် ရှိပါတယ်။

ကော်ပိုရေးရှင်းကြီးများ၊ အစိုးရ တာဝန်ရှိသူများ၊ အေဂျင်စီများ၊ NGO လုပ်ငန်းများ၊ အရပ်ဖက် လူ့အဖွဲ့အစည်း ပညာရှင်များနှင့် အခြားသော အဖွဲ့အစည်းများမှနေ၍ လူမှု အကျိုးပြုလုပ်ငန်းများမှ တဆင့် သက်ဆိုင်ရာ လူမှု့အသိုင်းအဝန်းများရဲ့ နေထိုင်မှုစနစ်များအား အဆင့်မြှင့်တင်ကူညီပေးရာတွင် ၎င်းတို့၏ မျှော်လင့်ချက်များ၊ စိတ်အားထက်သန်မှုများနှင့် တာဝန်ယူမှုများအား အချင်းချင်း ဖလှယ်နိုင်မည့် ပလက်ဖောင်း တစ်ခုအဖြစ် ဖော်ဆောင်နိုင်ရန် ရည်ရွယ်ချက်ဖြင့် ကမ္ဘာ့လူမှုအကျိုးပြုလုပ်ငန်းများနေ့ (World CSR Day) အား စတင်သတ်မှတ်ခဲ့ခြင်း ဖြစ်ပါတယ်။ အခုနှစ် ကမ္ဘာ့ လူမှုအကျိုးပြုလုပ်ငန်းများနေ့ (World CSR Day) ၂၀၂၀ အခမ်းအနားကို နိုင်ငံပေါင်း ၁၃၀ ကျော်မှ ပါဝင်ဆင်နွှဲခဲ့ကြပြီး ပိုမိုကောင်းမွန်သော လူနေမှုစနစ်၊ ပိုမိုကောင်းမွန်သော ပတ်ဝန်းကျင်ကို တည်ဆောက်နိုင်ရန်အတွက် ဝိုင်းဝန်းဆွေးနွေး ခဲ့ကြပါတယ်။

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top