ပလတ်စတစ်ရေသေနတ်နဲ့ သိဒ္ဓိရေပက်ဖြန်းကာဆုတောင်းပေးနေတဲ့ ဘုန်းတော်ကြီးရဲ့ပုံတွေ လူမှုကွန်ယက်မှာ ပျံ့နှံ့နေ

19-5-2020-yyl-014.jpg

ခရစ်ယာန်ဘုန်းတော်ကြီးတစ်ပါးက Social Distancing ကို လိုက်နာတဲ့အနေနဲ့ သူ့ဘုရားကျောင်းရှေ့လာတဲ့သူတွေကို ပလတ်စတစ်ရေသေနတ်အသုံးပြုပြီး သိဒ္ဓိရေပက်ဖြန်းဆုတောင်းနေပါတယ်။ အဲဒီဘုန်းတော်ကြီးရဲ့ပုံတွေက ဖေ့စ်ဘွတ်ခ်မှာ လူတော်တော်များများ မျှဝေပြီးတဲ့နောက်က နာမည်ကြီးနေပါတယ်။ အဲဒီဘုန်းတော်ကြီးက အသက် (၇၀) အရွယ် ဖာသာ Pelc ဖြစ်ပြီး မီချီဂန်ပြည်နယ်ကဖြစ်ပါတယ်။ သူဟာ သူ့ရဲ့ပုံတွေနဲ့ လူတွေကို ပျော်ရွှင်မှုတွေ ပေးစွမ်းနိုင်တဲ့အတွက် ကျေနပ်ပီတိဖြစ်နေတာပါ။

ဒီပုံတွေဟာ ပြီးခဲ့တဲ့လ Holy Week တုန်းကရိုက်ကူးထားတာဖြစ်ပြီး COVID-19 ကို ကာကွယ်တဲ့အနေနဲ့ mask ၊ ရာဘာလက်အိတ်တွေကို ဝတ်ဆင်က ကားတံခါးပေါက်ကနေတဆင့် လူတွေကို ပက်ဖြန်းပေးနေတာဖြစ်ပါတယ်။ အဲဒီပုံတွေက မြန်မြန်ဆန်ဆန်ပဲ လူစိတ်ဝင်စားမှုများခဲ့ပြီး ပြန်လည်မျှဝေသူတွေလည်း တော်တော်များနေပါပြီ။ ဖာသာက လူမှုကွန်ယက်မှာ ပျံ့နှံ့နေတဲ့ သူ့ရဲ့ပုံတွေနဲ့ ပတ်သက်ပြီး လူတွေက ဘယ်လိုတုံ့ပြန်မလဲဆိုပြီး စိတ်ထဲမတင်မကျတော့ဖြစ်မိတယ်လို့ ပြောပါတယ်။ ဒါပေမဲ့ အဲဒါနဲ့ပတ်သက်ပြီး သူ ဘာမှတော့မကြားရဘူးလို့ ဆိုပါတယ်။ စိတ်ကူးအကြံဉာဏ်ကတော့ ကပ်ရောဂါအတွင်း ရိုးရာမပျက်ဆုတောင်းပွဲကို ဆက်လက်လုပ်နိုင်မယ့် နည်းလမ်းကို ရှာတာပါပဲ။ ပုံတစ်ပုံမှာဆိုရင် ဖာသာက ကားနောက်မှာရပ်ပြီး ပန်းခြင်းလေးနဲ့ ရေပက်ဖြန်းပေးနေတာကို မြင်တွေ့ရမှာပါ။

ဖာသာ Plec က အဲဒီလိုလုပ်ဖို့အတွက် လုံခြုံရေးနဲ့ပတ်သက်ပြီး သူ့ရဲ့သူငယ်ချင်းဆရာဝန်နဲ့ အရင်ဆုံးတိုင်ပင်ခဲ့တာပါ။ သူ့ရဲ့ခရစ်ယာန်အသင်းက နောက်တစ်ပတ်တနင်္ဂနွေနေ့မှာ ပြန်ဖွင့်နိုင်ပေမယ့် တချို့လူတွေအတွက် စောလွန်းနေတယ်လို့ဆိုပါတယ်။ လူတွေက သူတို့အိမ်ကနေ ထွက်မလာချင်သေးဘူးလို့ ပြောနေပါတယ်။ သူတို့တွေ စိုးရိမ်နေကြတုန်းပါပဲ။ သူတို့တွေကို ကျွန်တော်အပြစ်မတင်ပါဘူး” လို့ ဖာသာက ပြောပါတယ်။

ကပ်ရောဂါအတွင်းမှာ ခရစ်ယာန်ကျောင်းတွေနဲ့ ခရစ်ယာန်အသင်းအဖွဲ့တွေကို ပြင်းပြင်းထန်ထန် စီမံချက်တွေလုပ်ထားခဲ့တာဖြစ်ပါတယ်။ ခရစ်ယာန်အသင်းအဖွဲ့တွေက မီချီဂန်ပြည်နယ်မှာ COVID-19 ကြောင့် သေဆုံးတဲ့သူတစ်ယောက်ချင်းစီအတွက် သစ်ပင်မှာ အပြာရောင်ဖဲကြိုးလေးတွေ ချည်နှောင်ပေးကြပါတယ်။ အခုဆိုရင် မီချီဂန်ပြည်နယ်မှာ သေဆုံးသူဦးရေက (၅၀၀၀) ရှိနေပါပြီ။

Ref: ‘Wacky’ priest uses water pistol to bless churchgoers from a distance

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top