Lockdown ချထားချိန်မှာ အထီးကျန်နေတဲ့ သက်ကြီးရွယ်အိုတွေကို အွန်လိုင်းကနေ စိတ်အပန်းပြေအောင်လုပ်ပေးခဲ့တဲ့ မက် သျူးမက်ကောနေ

9-4-2020-yyl-003.jpg

ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါဟာ ကမ္ဘာတစ်ဝှမ်းကလူတွေရဲ့ တစ်နေ့တာ လုပ်ငန်းဆောင်တာတွေကို ပြောင်းလဲသွားစေခဲ့ပါတယ်။ ဗိုင်းရပ်စ်ထိန်းချုပ်ဖို့အတွက် အစိုးရတွေက ဝင်ထွက်သွားလာမှုတွေကိုမဖြစ်မနေ ပိတ်ထားရမှာဖြစ်တာကြောင့် ပြည်သူတွေက အိမ်မှာပဲ နေထိုင်ကြရပါတယ်။ လူတော်တော်များများဟာ အိမ်မှာ တစ်နေ့တာလုပ်ငန်းဆောင်တာတွေ လုပ်နိုင်ဖို့အကောင်းဆုံးနည်းလမ်းတွေ ရှာဖွေနေကြတုန်းပါပဲ။

အခုအချိန်မှာ မိမိတို့ရဲ့ကိုယ်ပိုင်အိမ်ထက် လုံခြုံစိတ်ချရတဲ့နေရာ မရှိတော့ပါဘူး။ ဒါပေမဲ့ အရင်တုန်းက အချိန်တွေလို အပြင်ထွက်သွားလာမှုတွေမရှိတော့ ပျင်းရိလာကြရပါတယ်။ အထူးသဖြင့် သက်ကြီးရွယ်အိုတွေဆို ရောဂါကူးစက်နိုင်ခြေများတဲ့အတွက် အထူးသတိထားပြီးနေ နေရတာကြောင့် အထီးကျန်သလို ခံစားနေကြရမှာဖြစ်ပါတယ်။ ဒါကြောင့် နာမည်ကြီးမင်းသား မက် သျူးမက်ကောနေ (Matthew McConaughey)ဟာ တက္ကဆပ်ပြည်နယ်က သက်ကြီးရွယ်အို စီနီယာတွေရဲ့ နေ့ရက်တွေကို တောက်ပသွားမယ့် နည်းကို ရှာဖွေတွေ့ရှိထားပါတယ်။ အဲဒါကတော့ အွန်လိုင်းပေါ်ကနေ ဘင်ဂိုဂိမ်းကစားနည်းနဲ့ အထီးကျန်မှုတွေ ပပျောက်အောင် လုပ်ဆောင်ပေးခဲ့တာပါပဲ။

မင်းသားမက်သျူးက အခုလအစောပိုင်းမှာ ကိုယ့်ကိုယ်ကို ဂရုစိုက်ကြဖို့နဲ့ အချင်းချင်းဂရုစိုက်ပေးကြဖို့ လူတွေကို တိုက်တွန်းပေးနေတဲ့ ဗီဒီယိုကို တွစ်တာအကောင့်မှာ တင်ခဲ့ပါတယ်။ အဲဒီကတည်းက သူဟာ ဘယ်လိုနေထိုင်ရမယ်ဆိုတဲ့ နည်းကို သေချာပေါက်ရှာတွေ့ထားပုံပါပဲ။ သူဟာ သူ့ရဲ့မွေးရပ်မြေတက္ကဆပ်ပြည်နယ်ရဲ့ Round Rock က The Enclave Senior Living facility မှာ နေထိုင်တဲ့ သက်ကြီးရွယ်အိုတွေ အပျင်းပြေစေဖို့ Video Chat ကနေတဆင့် သူ့ရဲ့မိသားစုနဲ့အတူ ဘင်ဂိုကစားခြင်းဖြင့် အချိန်ကုန်ဆုံးခဲ့ပါတယ်။ ဒါမှ သက်ကြီးရွယ်အိုတွေက မိမိတို့ရဲ့သက်ဆိုင်ရာအိမ်မှာ သီးခြားစီနေထိုင်ရင်း သူတို့ကြိုက်နှစ်သက်တဲ့ဂိမ်းလေးနဲ့ ပျော်ရွှင်ကြရမှာဖြစ်ပါတယ်။

သက်ကြီးရွယ်အိုတွေကလည်း မင်းသားမက်သျူးကို အခုလို Video chat ကနေတဆင့် ဘင်ဂိုဂိမ်းကစားပေးခဲ့လို့ ကျေးဇူးတင်ကြောင်း အစိမ်းရောင် Noteစာရွက်လေးတွေကိုင်ပြီး သူတို့ရဲ့အသိအမှတ်ပြုမှုကို ပြသခဲ့ကြပါတယ်။

ဗီဒီယိုကြည့်ရန်

(၁) https://tinyurl.com/rk96omz

(၂) https://tinyurl.com/w4cuzvv

Ref: Matthew McConaughey Melts Everyone’s Hearts By Hosting A Bingo Game For Isolating Elders

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top