အရည်အသွေးအိုလံပစ်ပြိုင်ပွဲမှာ ၆ နှစ်ဆက် ရွှေတံဆိပ်ဆွတ်ခူးခဲ့တဲ့ Chery Automobile

6-1-2023-yyl-53.jpg

မကြာသေးခင်က အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာမြို့မှာ ကျင်းပခဲ့တဲ့ အရည်အသွေးထိန်းသိမ်းရေးအဝန်းအဝိုင်းရဲ့ ၄၇ ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ ညီလာခံမှာ Chery ကားကုမ္ပဏီရဲ့ Lingpao QC Team၊ QCC the Group of Intelligenced Connectivity တို့က ရွှေတံဆိပ်ဆုတွေ ဆွတ်ခူးခဲ့ပြီး Crucial Pioneer QC Team က ပထမဆုအဖြစ် Prime Gold Award ဆွတ်ခူးခဲ့ပါတယ်။ Chery ကုမ္ပဏီဟာ ကမ္ဘာလုံးဆိုင်ရာ အရည်အသွေးစီမံခန့်ခွဲမှုပြိုင်ပွဲမှာ ၆ နှစ်ဆက် ရွှေတံဆိပ်ရခဲ့တာဖြစ်ပြီး နိုင်ငံတကာအရည်အသွေး စီမံခန့်ခွဲမှုပြိုင်ပွဲမှာ သမိုင်းသစ် ရေးထိုးနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။

”အရည်အသွေးမြှင့်တင်ကြိုးပမ်းမှုဖြင့် ပိုမိုကောင်းမွန်အောင် တည်ဆောက်စို့” ခေါင်းစဉ်နဲ့ ကျင်းပခဲ့တဲ့ အခုနှစ်ပြိုင်ပွဲမှာ နိုင်ငံတွေနဲ့ ဒေသ ၁၃ ခုမှ အရည်အသွေးထိန်းသိမ်းရေးအဖွဲ့ ၈၀၀ နီးပါး ပါဝင်ခဲ့ကြတာဟာ ပြိုင်ပွဲဝင်အရေအတွက် စံချိန်တင် မြင့်တက်လာတာဖြစ်ပြီး တိုးတက်မှုရလဒ်တွေကို အွန်လိုင်းနဲ့ အော့ဖ်လိုင်းမှာ ဖလှယ်ခဲ့ကြပါတယ်။ ဒီပြိုင်ပွဲမှာ Chery Group ကိုယ်စားပြု အဖွဲ့ ၃ ဖွဲ့ ပါဝင်ယှဉ်ပြိုင်ခဲ့ကြတာပါ။

ကိုဗစ်-၁၉ ကပ်ရောဂါ ကာကွယ်၊ ထိန်းချုပ်မှုစည်းမျဉ်းတွေအရ ပြိုင်ပွဲဝင်အဖွဲ့အားလုံးဟာ ညီလာခံကို Cloud Meeting ကတစ်ဆင့် တက်ရောက်ခဲ့ကြပြီး CASC ၊ State Grid၊ Chery Automobile၊ Xiaomi Corporation၊ Gree နဲ့ တခြားထိပ်တန်းကုမ္ပဏီတွေရဲ့ အရည်အသွေး ထိန်းသိမ်းရေးအဖွဲ့တွေ ပါဝင်ဆင်နွှဲခဲ့ကြပါတယ်။

ထုတ်ကုန်ပစ္စည်း ဖွံ့ဖြိုးတိုးတက်ရေးစီမံခန့်ခွဲမှုစင်တာနဲ့ အရည်အသွေးစီမံခန့်ခွဲမှုစင်တာမှ Lingpao QC Team ဟာ ယာဉ်အရည်အသွေးပိုင်းဆိုင်ရာ ပြဿနာတွေကို ဖြေရှင်းရာမှာ ကာလရှည် ပါဝင်ဆောင်ရွက်ခဲ့ပြီး စက်မှုလုပ်ငန်းနဲ့ နိုင်ငံအဆင့် ဆုတံဆိပ်တွေ ကြိမ်ဖန်များစွာ ဆွတ်ခူးခဲ့ဖူးပါတယ်။

Lingpao QC Team ရဲ့အဖွဲ့ဝင်တွေဟာ အရည်အသွေးနဲ့ နည်းစနစ်ပိုင်းဆိုင်ရာ တီထွင်ဖန်တီးမှုတွေ စဉ်ဆက်မပြတ် လုပ်ဆောင်ခဲ့ပြီး ဖြေရှင်းချက်တွေကို အပြန်ပြန်အလှန်လှန် နှိုင်းယှဉ်ကာ ပြဿနာကို ဖြေရှင်းနိုင်ခဲ့ပါတယ်။ ကုမ္ပဏီရဲ့ တခြားမော်ဒယ်သစ်တွေမှာလည်း ဒီဖြေရှင်းချက်တွေကို ကျယ်ကျယ်ပြန့်ပြန့် အသုံးချခဲ့ပြီး ကားထုတ်လုပ်ရေးလုပ်ငန်းရဲ့ အလားတူပြဿနာတွေအတွက် အကိုးအကားနဲ့ ဖြေရှင်းနည်းတွေ ပေးအပ်ခဲ့ပါတယ်။

QCC the Group of Intelligenced Connectivity အဖွဲ့ဟာ Chery Automobile ရဲ့ အဆင့်မြင့်နည်းပညာရဲ့ ပြယုဂ်ပါပဲ။ ဒီအဖွဲ့ ဖွဲ့စည်းပြီးနောက်ပိုင်း ကွန်ရက်ပိုင်းဆိုင်ရာ ထုတ်ကုန်ပစ္စည်းတွေကို သုတေသနလုပ်ကာ အောင်မြင်စွာ ထုတ်လုပ်နိုင်ခဲ့ပါတယ်။ QCC the Group of Intelligenced Connectivity အဖွဲ့ဟာ မော်တော်ယာဉ်ရဲ့ လျှပ်စစ်ပစ္စည်းများ အရည်အသွေး တန်းတူညီမျှရှိမှု တိုးတက်ကောင်းမွန်အောင် လုပ်ဆောင်ခဲ့တဲ့အတွက် နိုင်ငံအဆင့် ဆုတံဆိပ် ၂ ဆု၊ ပြည်နယ်အဆင့် ဆုတံဆိပ် ၂ ဆု ဆွတ်ခူးနိုင်ခဲ့ပါတယ်။

ယခုအခါမှာတော့ Group of Intelligenced Connectivity အဖွဲ့ဟာ ယာဉ်တစ်စီးလုံးရဲ့ ကားတာယာလေပေါင်ကို မှန်ကန်အောင် ပြသနိုင်တဲ့နှုန်း တိုးတက်ကောင်းမွန်အောင် ဆောင်ရွက်ခဲ့တာပါ။ ကွင်းဆင်းစစ်ဆေးမှုနဲ့ သုတေသန ပြုလုပ်မှုတွေအရ ကားတာယာလေပေါင်ကို မှန်ကန်အောင် ပြသနိုင်တဲ့နှုန်းဟာ ၃၂ ရာခိုင်နှုန်းအထိ တိုးတက်လာခဲ့ပါတယ်။ ဒါဟာ အရည်အသွေး ထိန်းချုပ်မှုပမာဏကို သိသိသာသာ တိုးတက်ကောင်းမွန်စေခဲ့တာဖြစ်ပါတယ်။ ကားလေပေါင်ပြသမှုနဲ့ လျှပ်စစ်ပိုင်းဆိုင်ရာ စစ်ဆေးမှု အဆင့်မြှင့်တင်ရေးအစီအစဉ် ၂ ရပ်လုံးကို တိုးတက်ကောင်းမွန်စေခဲ့တာပါ။

ကားအမျိုးအစားသစ်တွေကို ဖွံ့ဖြိုးတိုးတက်အောင် လုပ်ဆောင်နေတဲ့အဆင့်မှာ အရည်အသွေးတိုးတက်ရေးကို အဓိကအာရုံစိုက်လုပ်ဆောင်တဲ့ Crucial Pioneer QC Team ဟာ ၂၀၂၁ ခုနှစ်အတွက် အမျိုးသားစက်ယန္တယားလုပ်ငန်းဆိုင်ရာ အကောင်းဆုံး အရည်အသွေးစီမံခန့်ခွဲမှုအဖွဲ့အဖြစ် ပထမဆု ရရှိခဲ့ပါတယ်။

ယခုအခါမှာတော့ ကားမော်ဒယ်တစ်ခုကို ဖွံ့ဖြိုးတိုးတက်အောင် လုပ်ဆောင်နေတဲ့အဆင့်မှာ ကားတစ်စီးလုံး မိုးရေထိမှုကို ၄၂ ရာခိုင်နှုန်းကနေ ဝ.၄ ရာခိုင်နှုန်းအထိ အောင်မြင်စွာ လျှော့ချပေးနိုင်ခဲ့တာပါ။ ဒါ့အပြင် ဖွံ့ဖြိုးတိုးတက်အောင် လုပ်ဆောင်ဆဲအဆင့်မှာ ကားမော်ဒယ်သစ်တွေ မိုးရေထိမှုပြဿနာတွေကို စနစ်တကျ လေ့လာမှတ်သားပြီး မော်ဒယ်သစ်တွေ ဖွံ့ဖြိုးတိုးတက်အောင် လုပ်ဆောင်ချိန်မှာ အဖိုးတန်အတွေ့အကြုံတွေကို စုဆောင်းခဲ့ပါတယ်။ ဒီအဖွဲ့မှာ ကိရိယာဆိုင်ရာ မူပိုင်ခွင့်လျှောက်ထားပြီး စာတမ်း ပုံနှိပ်ထုတ်ဝေခဲ့ပါတယ်။

Chery Automobile က နှုန်းစံအရည်အသွေး တည်ဆောက်မှုဓလေ့ကို ကာလရှည် နှစ်မြှုပ်ဆောင်ရွက်ခဲ့သလို အရည်အသွေးစီမံခန့်ခွဲမှု လုပ်ရှားမှုအများအပြားကိုလည်း ရှေ့ဆက်ဆောင်ရွက်နေဆဲပါ။ ဝန်ထမ်းအားလုံးကိုလည်း အရည်အသွေးရဲ့ အရေးပါမှု၊ အရည်အသွေးတိုးတက်ဖို့ အရေးပါမှုတွေကို စွဲမြဲမှတ်သားတတ်အောင် လေ့ကျင့်ပေးနေလို့ ကောင်းမွန်တဲ့ အရည်အသွေးစီမံခန့်ခွဲမှုရပ်ဝန်းတစ်ရပ် ဖြစ်ပေါ်စေပါတယ်။ ” အရည်အသွေး အနှစ်အသားပေါ်က အကောင်းဆုံး ဖန်တီးမှု” ဆိုတဲ့ အရည်အသွေးမူဝါဒကို လက်ကိုင်ထားလို့ Chery Automobile ရဲ့ ဝန်ထမ်းအားလုံးကလည်း အရည်အသွေးတိုးတက်ကောင်းမွန်ဖို့၊ အရည်အသွေးမြင့်မားတဲ့ တိုးတက်မှုတွေ အားကောင်းလာစေဖို့ အဓိကထား ဆောင်ရွက်နေပါတယ်။

ICQCC ပြိုင်ပွဲမှာ ၆ နှစ်ဆက်တိုက် ဆွတ်ခူးနိုင်တာဟာ Chery Automobile အတွက် အားတက်စရာဖြစ်ရုံသာမက အမှီအခိုကင်းတဲ့ အမှတ်တံဆိပ်ဖြစ်တဲ့ Chery ကို အရည်အသွေးပိုင်းအရ နိုင်ငံတကာဈေးကွက်က လှိုက်လှိုက်လှဲလှဲ အသိအမှတ်ပြုတယ်ဆိုတဲ့ ပြယုဂ်လည်း ဖြစ်နေပြန်ပါတယ်။

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top