Samsung ရဲ့ နောက်ဆုံးပေါ် A31 နဲ့ A11 စမတ်ဖုန်းများကို မြန်မာနိုင်ငံတွင် စတင်မိတ်ဆက်

1.-Galaxy-A11_Blue.png

Samsung Electronics Co. , Ltd. က သင့်တင့်မျှတမှု အရှိဆုံးနှုန်းထားများဖြင့် ဝယ်ယူရရှိနိုင်မယ့် နောက်ဆုံးပေါ် Galaxy A31 နှင့် Galaxy A11 စမတ်ဖုန်းအသစ်များကို မြန်မာနိုင်ငံမှာ ဇွန်လ ၅ ရက်နေ့က စတင် မိတ်ဆက်ခဲ့ပါတယ်။ အသုံးပြုသူများကို စိတ်ကျေနပ်မှုအပြည့် ပေးစွမ်းနိုင်မယ့် စိတ်လှုပ်ရှားဖွယ် တီထွင်ဆန်းသစ်မှုများဖြင့် ပေါင်းစပ်ဖန်တီးထားတဲ့ ဒီ Galaxy A31 နှင့် Galaxy A11 စမတ်ဖုန်းအသစ်များအား ကြီးမားကျယ်ပြန့်သော ၆.၄” Infinity မျက်နှာပြင်၊ အချိန်စက္ကန့်အမျှ အမှတ်တရများအား လက်မလွတ်တမ်း ကြည်လင်ပြတ်သားစွာ ရိုက်ကူးပေးနိုင်သည့် ကင်မရာများနှင့် တစ်နေ့တာလုံး ကြာရှည်ခံနိုင်စွမ်း ရှိသည့် ဘက်ထရီတို့ဖြင့် ဖွဲ့စည်းတည်ဆောက်ထားပါတယ်။

Galaxy A31 – မိမိနှစ်သက်သည့် အရာများအား စိတ်ကျေနပ်မှုအပြည့်ဖြင့် လုပ်ဆောင်နိုင်စေရန် ဖန်တီးပေးနိုင်မည့် စမတ်ဖုန်း

Galaxy A31 စမတ်ဖုန်းအား aspect ratio ၂၀:၉၊ ၆.၄” FHD + Super AMOLED Infinity-U မျက်နှာပြင်ဖြင့် တည်ဆောက်ထားသည့်အတွက် သုံးစွဲသူများအနေနှင့် အကြိုက်နှစ်သက်ဆုံးသော ဒီဂျစ်တယ် ဖျော်ဖြေရေး အစီအစဉ်များ၊ အက်ပလီကေးရှင်းများ၊ ရုပ်ရှင်ဗီဒီယိုများနှင့် အခြားသော အစီအစဉ်များ၊ အကြောင်းအရာများကို စိတ်ကျေနပ်မှု အပြည့်ဖြင့် ကြည့်ရှုခံစားသွားနိုင်မှာဖြစ်ပါတယ်။ ဒါ့အပြင် Galaxy A31 စမတ်ဖုန်းမှာ Dolby Atmos အသံစနစ်ကိုလည်း ထည့်သွင်းပေးထားတဲ့အတွက် ကြည်လင်ပြတ်သားမှု အပြည့်ရှိသော 3D အသံစနစ်ကို ခံစားနိုင်မှာဖြစ်ပါတယ်။

Galaxy A31 စမတ်ဖုန်းတွင် အဆင့်မြင့် လုပ်ဆောင်ချက်များ ပါဝင်သည့် ကျောဖက်ကင်မရာ ၄ လုံး (48 MP main camera + 8 MP Ultra Wide camera + 5 MP Depth camera + 5 MP Macro camera) တပ်ဆင်ပေးထားသည့် အတွက် ပရော်ဖက်ရှင်နယ်အဆင့် ကင်မရာရိုက်ကူးမှု အတွေ့အကြုံအား ရရှိခံစားနိုင်မည် ဖြစ်ပြီး သုံးစွဲသူများ အနေနှင့် အရည်အသွေးမြင့် ပုံရိပ်များကို ရိုက်ကူးသွားနိုင်မည် ဖြစ်သည့်အပြင် အနီးကပ် ပုံရိပ်များကို ရိုက်ကူးရာတွင်လည်း အသေးစိတ် ကြည်လင်ပြတ်သားစွာ ရိုက်ကူးသွားနိုင်မှာဖြစ်ပါတယ်။ ဒါ့အပြင် live focus လုပ်ဆောင်ချက် ပါဝင်သည့် 20 MP ရှေ့ကင်မရာကလည်း မည့်သည့်ပုံစံ အနေအထားတွင်မဆို၊ အရည်အသွေးမြင့်ပုံရိပ်များကို ရိုက်ကူး ပေးနိုင်စွမ်း ရှိမှာဖြစ်ပါတယ်။

Galaxy A31 စမတ်ဖုန်းမှာ 15W fast charging စနစ်ထောက်ပံ့ထားသည့် 5,000 mAh ဘက်ထရီကို ထည့်သွင်းပေးထားသည့်အတွက် သုံးစွဲသူများအနေနှင့် တစ်နေ့တာလုံး အပူအပင်မရှိ စိတ်ကြိုက် အသုံးပြုနိုင်မှာဖြစ်ပါတယ်။ ဒါ့အပြင် မှတ်ဉာဏ်တုစနစ် ပါရှိသည့် Game Booster ကိုလည်း ထည့်သွင်းပေးထားသည့် အတွက် အကောင်းမွန်ဆုံး မိုဘိုင်းဂိမ်းကစားမှု အတွေ့အကြုံများကိုရရှိခံစားသွားနိုင်မှာဖြစ်ပါတယ်။

Galaxy A11 – နေ့စဉ်လိုအပ်ချက်များအတွက် အသင့်တော်ဆုံး စမတ်ဖုန်း

Galaxy A11 စမတ်ဖုန်းက ကိုင်တွယ် အသုံးပြုရာတွင် သက်တောင့်သက်သာ ရှိရုံသာမက ကျယ်ပြန့်သော ၆.၄” TFT LCD Infinity-O မျက်နှာပြင်၊ rear fingerprint scanner (ကျောဖက် လက်ဗွေရာ လုံခြုံရေး စနစ်) နှင့် face recognition စနစ်များလည်း ပါရှိသည့်အတွက် သုံးစွဲသူများ အနေနှင့် အရည်အသွေးမြင့် စမတ်ဖုန်း အသုံးပြုမှု အတွေ့အကြုံများကို သင့်တင့်မျှတသော ဈေးနှုန်းဖြင့် ရရှိခံစားသွားစေနိုင်မှာဖြစ်ပါတယ်။

Galaxy A11 ဖုန်းတွင် ကျောဖက် ကင်မရာ ၃ လုံး (13 MP, f/1.8 main camera + 5 MP, f/2.2 Ultra-Wide camera + 2 MP f/2.4 Depth camera) ထည့်သွင်းပေးထားသည့် အတွက် ကြည်လင်ပြတ်သားမှု အရှိဆုံး အရည်အသွေးမြင့် ပုံရိပ်များအား ရိုက်ကူးပေးသွားနိုင်မှာဖြစ်ပါတယ်။ ဒါ့အပြင် smart selfie expression လုပ်ဆောင်ချက် ပါဝင်သည့် 8 MP, f/2.0 ရှေ့ကင်မရာကလည်း သုံးစွဲသူများ စိတ်ကြိုက်ဖြစ်စေမည့် ကြည်လင်ပြတ်သားမှု အရှိဆုံး selfie ပုံရိပ်များကို မည်သည့်အချိန်၊ မည်သည့် နေရာတွင် မဆို ရိုက်ကူးပေးနိုင်စွမ်း ရှိမှာဖြစ်ပါတယ်။

Galaxy A11 စမတ်ဖုန်းတွင် 1.8 GHz Octa-Core processor၊ 2GB RAM၊ 32GB ROM တို့ဖြင့် ဖွဲ့စည်း တည်ဆောက်ထားသည့် အပြင် 15W fast charging စနစ် ထောက်ပံ့ပေးထားသော 4,000 mAh ဘက်ထရီကိုလည်း ထည့်သွင်းပေးထားသည့် အတွက် သုံးစွဲသူများ အနေနှင့် အရည်အသွေးမြင့် လုပ်ဆောင်ချက်များနှင့် စွမ်းဆောင်ရည်များ အား ရရှိခံစားသွားနိုင်မှာဖြစ်ပါတယ်။ ။

Galaxy A31 စမတ်ဖုန်းကို အရောင်အားဖြင့် Prism Crush Black, Prism Crush White နှင့် Prism Crush Blue ဆိုပြီး တောက်ပဆန်းသစ်သော အရောင် ၃ မျိုးဖြင့် ဝယ်ယူရရှိသွားနိုင်မည် ဖြစ်ပြီး မြန်မာငွေကျပ် ၃၉၉,၀၀၀ ကျပ် ဖြင့် ရောင်းချပေးသွားမှာ ဖြစ်ပါတယ်။ Galaxy A11 စမတ်ဖုန်းကို စတိုင်ကျနလှပသော အပြာရောင်၊ အနက်ရောင်၊ အဖြူရောင်တို့ဖြင့် ရရှိနိုင်မှာ ဖြစ်ပြီး အသက်သာဆုံးနှုန်းထား မြန်မာငွေကျပ် ၁၉၉,၀၀၀ ကျပ်ဖြင့် ဝယ်ယူရရှိသွားနိုင်မှာဖြစ်ပါတယ်။

A31 နှင့် A11 စမတ်ဖုန်းများကို ဝယ်ယူအားပေးသူများအတွက် အထူးအခွင့်အရေးများ

Galaxy A31 နှင့် A11 စမတ်ဖုန်းများကို ဝယ်ယူအားပေးသူများအနေနှင့် No Worry Crack ဝန်ဆောင်မှုအပြင် ထပ်ဆောင်း အင်တာနက်အစီအစဉ်များနှင့် ဖုန်းခေါ်ဆိုခွင့်မိနစ်များကိုလည်း အပိုလက်ဆောင်အဖြစ် ခံစားရရှိသွားနိုင်မှာဖြစ်ပါတယ်။ Galaxy A31 စမတ်ဖုန်းများကို ဝယ်ယူသူများအနေနှင့် 10 GB Mytel အင်တာနက် အစီအစဉ် နှင့် Mytel နံပါတ်အချင်းချင်း မိနစ် ၁၀၀ အခမဲ့ ဖုန်းခေါ်နိုင်မည့် အစီအစဉ်များ (တစ်ကြိမ်သာခံစားခွင့် ရှိမည် ဖြစ်ပြီး ရက် ၆၀ အတွင်း အသုံးပြုသွားနိုင်မည်) ကို ရရှိ သွားမှာဖြစ်ပါတယ်။ No Worry Crack ဝန်ဆောင်မှုတွင်မူ Galaxy A31 အသုံးပြုသူများအနေနှင့် ဝယ်ယူပြီးသည့်နေ့မှ ၆ လ အတွင်း မတော်တဆ ဖြစ်ရပ်များကြောင့် ဖုန်းမျက်နှာပြင် အရှေ့ ထိခိုက်ပျက်စီးခြင်းအတွက် ပြန်လည်ပြုပြင်ရာတွင် ပစ္စည်းဖိုးနှင့် လက်ခ ၅၀% အထိ သက်သာခွင့် တစ်ကြိမ်ကို ရရှိခံစားသွားနိုင်မှာဖြစ်ပြီး ကုန်ဆုံးရက် မှာ ၂၀၂၀ ခုနှစ်၊ ဒီဇင်ဘာလ ထိဖြစ်ပါတယ်။

အဲဒီလိုပဲ Galaxy A11 စမတ်ဖုန်းများကို ဝယ်ယူသူများအနေနှင့် 4 GB Mytel အင်တာနက် အစီအစဉ် နှင့် Mytel နံပါတ်အချင်းချင်း မိနစ် ၄၀၀ အခမဲ့ ဖုန်းခေါ်နိုင်မည့် အစီအစဉ်များအား ရရှိသွားမှာဖြစ်ပြီး အဲဒီခံစားခွင့်များကို တစ်ကြိမ်သာ ခံစားခွင့် ရှိမည် ဖြစ်ကာ ရက် ၆၀ အတွင်း အသုံးပြုသွားနိုင်မှာဖြစ်ပါတယ်။ No Worry Crack ဝန်ဆောင်မှုတွင်မူ Galaxy A11 အသုံးပြုသူများအနေနှင့် ဝယ်ယူပြီးသည့်နေ့မှ ၃ လ အတွင်း မတော်တဆ ဖြစ်ရပ်များကြောင့် ဖုန်းမျက်နှာပြင် အရှေ့ ထိခိုက်ပျက်စီးခြင်းအတွက် ပြန်လည်ပြုပြင်ရာတွင် ပစ္စည်းဖိုးနှင့် လက်ခ ၄၀% အထိ သက်သာခွင့် တစ်ကြိမ်အား ရရှိခံစားသွားနိုင်မှာဖြစ်ပြီး ကုန်ဆုံးရက်မှာ ၂၀၂၀ ခုနှစ်၊ ဒီဇင်ဘာလထိဖြစ်တယ်လို့ သိရပါတယ်။

Team ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top