Samsung ရဲ့ Official Content Collaborator တစ်ဦးဖြစ်နိုင်မယ့် Create to Express အစီအစဉ်

Photo_Create-to-Express-Campaign1.jpg

Samsung Myanmar က Video Contents တွေ ဖန်တီးရတာကို ကြိုက်နှစ်သက်တွေအတွက် ‘Create to Express’ လို့ အမည်ပေးထားတဲ့ စိတ်လှုပ်ရှားဖွယ်အစီအစဉ်တစ်ရပ်ကို မကြာသေးမီက စတင်မိတ်ဆက်ခဲ့ပါတယ်။ စိတ်ပါဝင်စားသူတွေက စာရင်းပေးသွင်းနိုင်ပြီ ဖြစ်ပြီး ပါဝင်ယှဉ်ပြိုင်ရန် ဆန်ကာတင် ရွေးချယ်ခံရသူများစာရင်းကို မတ်လ ၂၇ ရက်နေ့မှာ Samsung Myanmarက ကြေညာပေးသွားမှာ ဖြစ်ပါတယ်။ အဲဒီ ‘Create To Express’ အစီအစဉ်အတွက် ဆန်ကာတင်ရွေးချယ်ခံရသူတွေအနေနဲ့ Samsung Galaxy S20 Series စမတ်ဖုန်းကိုအသုံးပြုပြီး Video Contents တွေဖန်တီး ယှဉ်ပြိုင်သွားနိုင်ရန်အတွက် Samsung မြန်မာက စီစဉ်ပေးသွားမှာဖြစ်ပါတယ်။

ဆန်ကာတင် ရွေးချယ်ခံရသူတွေက မတ်လ ၃၁ ရက်နေ့ကနေ ဧပြီလ ၃ ရက်နေ့အတွင်း Video Contents တွေကို အပြီးသတ်ဖန်တီးရမှာဖြစ်ပြီး ဧပြီလ ၄ ရက်မှာ Samsung Myanmar ကိုပေးပို့သွားရမှာဖြစ်ပါတယ်။ အစီအစဉ်မှာ အနိုင်ရရှိသူရဲ့ အမည်ကို Samsung Myanmar ရဲ့ တရားဝင် Facebook စာမျက်နှာမှတဆင့် ဧပြီလ ၉ ရက်နေ့တွင် ကြေညာပေးသွားမှာ ဖြစ်ပါတယ်။ အနိုင်ရရှိသူက Samsungရဲ့ Official Content Collaborator တစ်ဦးအဖြစ် လက်တွဲဆောင်ရွက်ခွင့်ရရှိမှာဖြစ်တဲ့အပြင် Samsung Galaxy S20+ စမတ်ဖုန်းတစ်လုံးကိုလည်း ရယူပိုင်ဆိုင်ခွင့် ရရှိမှာဖြစ်ပါတယ်။

အသေးစိတ် အချက်အလက်တွေကို သိရှိချင်ရင်တော့ Samsung Myanmarရဲ့ တရားဝင် Facebook စာမျက်နှာမှာ ဝင်ရောက် ကြည့်ရှုနိုင်မှာဖြစ်ပါတယ်။

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top