ဖုန်းအဟောင်းပေးပြီး HUAWEI Mate 50 Series အသစ်များဝယ်ယူနိုင်မည့် အစီအစဉ်ကို Huawei မိတ်ဆက်

31.3.2023-yyl-iamge-29.jpg

Huawei Consumer Business Group (BG) (မြန်မာ)မှ ဖုန်းအဟောင်းပေးပြီး HUAWEI Mate 50 Series အသစ်များ ဝယ်ယူနိုင်မည့် အစီအစဉ်အား မိတ်ဆက်ခဲ့သည်။အဆိုပါအစီအစဉ်မှာ ဝယ်ယူသူများအနေဖြင့် လက်ရှိအသုံးပြုနေသော မည်သည့်ဖုန်းအမျိုးအစားကိုမဆို Huawei Branded Shop (Junction City) ဆိုင်တွင် လက်ရှိပေါက်ဈေးအတိုင်း ဈေးသတ်မှတ်ပြီး HUAWEI Mate 50 Series အသစ်များနှင့် Trade-in လဲလှယ်နိုင်မည့် အစီအစဉ်ဖြစ်သည်။

HUAWEI Mate 50 Series Trade-in အစီအစဉ်သည် Huawei Branded Shop (Junction City) ဆိုင်တွင်လဲလှယ်မှသာ အကျုံးဝင်မည်ဖြစ်ပြီး သတ်မှတ်ကာလမှာ ဧပြီလ (၃၀) ရက်နေ့အထိဖြစ်သည်။ အသေးစိတ်သိရှိလိုပါက Huawei Myanmar Facebook Page ၏ Messenger (သို့) hot line number 09689000900 အား ဆက်သွယ် စုံစမ်းမေးမြန်းနိုင်သည်။

HUAWEI Mate 50 Series များအား Mate Series စမတ်ဖုန်းများထုတ်လုပ်ခဲ့သည့် ၁၀ နှစ်ပြည့်အထိမ်းအမှတ်အနေဖြင့် ထုတ်လုပ်ထားခြင်းဖြစ်ပြီး HUAWEI Mate 50 Series ဖုန်းများ၏ အနောက်ဘက်ဒီဇိုင်းအား မှန်နှင့် Vegan Leather ဟူ၍ နှစ်မျိုး ထုတ်လုပ်ထားသည်။ HUAWEI Mate 50 Pro Vegan Leather Version အား အကြမ်းခံသော “Kunlun Glass” ဖြင့်ထုတ်လုပ်ထားသည့်အတွက် အခြားဖုန်းများထက် ၁၀ ဆပိုမို ပြုတ်ကျမှုခံနိုင်ရည်ရှိသည်။

HUAWEI Mate 50 Series မှာ Switzerland’s SGS မှ Five-Star-Glass Drop Resistance Certification ကိုရရှိထားသည့် ပထမဆုံးဖုန်းလည်းဖြစ်သည့်အပြင် IP68 အထိထောက်ပံ့ပေးပြီး ရေအောက် ၆ မီတာအထိ ရေစိုခံနိုင်ကာ ဖုန်မှုန့်များကိုလည်းခံနိုင်ရည်ရှိသည်။ HUAWEI Mate 50 Series ဖုန်းများသည် နေ့စဉ်အသုံးပြုသည့်အခါတွင် လွယ်ကူအဆင်ပြေစေသည့် နောက်ဆုံးပေါ် EMUI 13 ဖြင့်ထုတ်လုပ်ထားသည့် ပထမဆုံး စမတ်ဖုန်းဖြစ်သည်။

ထို့ပြင် HUAWEI Mate 50 Series တွင် HUAWEI Mate 50 နှင့် Mate 50 Pro တို့ကို RAM 8 GB + 256 GB Storage အမျိုးအစားဖြင့် ရရှိမှာဖြစ်ပြီး အရောင်အားဖြင့် Black (အနက်ရောင်)နှင့် Silver (ငွေရောင်) တို့အားလည်းကောင်း၊ HUAWEI Mate 50 Pro (Kunlun Glass version) လိမ္မော်ရောင်အား RAM 8 GB + 512 GB Storage အမျိုးအစားဖြင့် ရရှိမှာ ဖြစ်ပြီး HUAWEI Mate 50 Pro (Kunlun Glass version) Carbon Black အနက်အရောင်အား RAM 8 GB + 256 GB Storage အမျိုးအစားရရှိမှာဖြစ်သည်။

Huawei Mate 50 အား မြန်မာကျပ် ၂,၂၉၉,၀၀၀ ဖြင့်လည်းကောင်း၊ Mate 50 Pro (အနက်ရောင်နှင့် ငွေရောင်) တို့အား မြန်မာကျပ် ၂,၈၉၉,၀၀၀၊ Mate 50 Pro (Kunlun Glass version, လိမ္မော်ရောင်) အား မြန်မာကျပ် ၃,၃၉၉,၀၀၀ ၊ Mate 50 Pro (Kunlun Glass version, အနက်ရောင်) အား မြန်မာကျပ် ၂,၉၉၉,၀၀၀ တို့ဖြင့်ဝယ်ယူရရှိနိုင်မည်ဖြစ်သည်။

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top