Ritu Phogat၊ Hirata တို့နဲ့ ရင်ဆိုင်ဖို့ အသင့်ဖြစ်နေတဲ့ Stamp Fairtex

12-6-2020-yyl-047.jpg

ကမ္ဘာ့အကြီးဆုံး ကိုယ်ခံပညာသိုင်းပေါင်းစုံ အားကစားအဖွဲ့အစည်း ONE Championship ရဲ့အမျိုးသမီး အက်တမ်ဝိတ်တန်း မွေထိုင်း ကမ္ဘာ့ချန်ပီယံ ထိုင်းအားကစားသမား Stamp Fairtex က ပြိုင်ပွဲတွေပြန်လည်ယှဉ်ပြိုင်ခွင့်ရလာတဲ့ အချိန်ကိုရောက်လာရင် စွမ်းဆောင် ရည်ကောင်းတွေနဲ့ ပြန်လာနိုင်ဖို့ ရည်မှန်းထားပါတယ်။ အသက် ၂၂ နှစ်အရွယ် ၎င်းဟာ အသက်ရှူလမ်းကြောင်းဆိုင်ရာ ကိုရိုနာဗိုင်းရပ်စ် (COVID-19) ကြောင့် ထိုင်းနိုင်ငံမှာ အသွားအလာကန့်သတ်မှုတွေ ပြုလုပ်ထားစဉ်ကတည်းက ရာယောင်းခရိုင်မှာ မိသားစုနဲ့အတူ နေ ထိုင်လျက်ရှိပါတယ်။ Lockdown ကာလအတွင်း Stamp Fairtex ဟာ ချစ်သူဖြစ်တဲ့ ONE ဖလိုင်းဝိတ်တန်း မွေထိုင်းကမ္ဘာ့ချန်ပီယံ Rodtang “The Iron Man” Jitmuangnon နဲ့အတူ လေ့ကျင့်မှုတွေပြုလုပ်ကာ အနာဂတ်ပြိုင်ပွဲတွေအတွက် ကြိုတင်ပြင်ဆင်နေပါတယ်။

ပထမဦးဆုံးအနေနဲ့ ၎င်းဟာ လွန်ခဲ့တဲ့ ဖေဖော်ဝါရီလအတွင်း အမှတ်နဲ့ရှုံးနိမ့်ခဲ့တဲ့ ပြိုင်ဘက်ဟောင်းကြီး Janet “JT” Todd နဲ့ မကြေပွဲပြန် နွှဲခွင့်ရဖို့ ရည်မှန်းထားပါတယ်။ ၎င်းတို့နှစ်ယောက်ဟာ ၂၀၂၀ ပြည့်နှစ်၊ ဖေဖော်ဝါရီ ၂၈ ရက်က စင်ကာပူမှာပြုလုပ်တဲ့ ONE: KING OF THE JUNGLE ပြိုင်ပွဲမှာ ဒုတိယအကြိမ်ဆုံတွေ့ခဲ့ပြီး အမေရိကန်အားကစားသမား Janet Todd က Fairtex Gym အသင်းသားထံက နေ ONE အက်တမ်ဝိတ်တန်း Kickboxing ကမ္ဘာ့ချန်ပီယံခါးပတ်ကို လွှဲပြောင်းရယူနိုင်ခဲ့ပါတယ်။ ကမ္ဘာ့ချန်ပီယံခါးပတ်တစ်ခု လက်လွတ် ခဲ့ရပေမဲ့လည်း Stamp Fairtex ဟာ မွေထိုင်း၊ Kickboxing၊ ကိုယ်ခံပညာသိုင်းပေါင်းအားကစားစတဲ့ မတူညီတဲ့ အားကစားနည်း ၃ ခုရဲ့ ကမ္ဘာ့ချန်ပီယံခါးပတ်တွေကို ရယူနိုင်တဲ့ ပထမဆုံးအားကစားသမားအဖြစ် စံချိန်တင်နိုင်ဖို့ ကြိုးစားနေဆဲပါပဲ။

“ကျွန်မ လေ့ကျင့်ခန်းတွေ ပုံမှန်ပြန်လုပ်နေတယ်။ ပြီးတာနဲ့ ကြိုးဝိုင်းထဲပြန်ဝင်ပြီး Janet Todd ဆီ ပေးခဲ့ရတဲ့ ကမ္ဘာ့ချန်ပီယံခါးပတ်ကို ပြန် ယူသွားမယ်။ ကိုယ်ခံပညာ သိုင်းပေါင်းစုံ အားကစားနဲ့ပတ်သက်ပြီး ကျွန်မမှာ အိပ်မက်တွေရှိတယ်။ အဲဒီအိပ်မက်နောက်ကိုလည်း လိုက် နေတယ်။ မတူညီတဲ့ အားကစားနည်း ၃ ခုမှာ ကမ္ဘာ့ချန်ပီယံ ဖြစ်ချင်တယ်” လို့ ကိုယ်ခံပညာသိုင်းပေါင်းစုံအားကစား ၄ ပွဲကစားထားရာ မှာ ပွဲတိုင်းအနိုင်ရထားတဲ့ ၎င်းက ဆိုပါတယ်။

ထို့အတူပဲ Stamp Fairtex ရဲ့နပမ်းချုပ်ကွက်တွေကို စမ်းသပ်ချင်နေတဲ့ ကိုယ်ခံပညာ သိုင်းပေါင်းစုံ အားကစားသမားတွေလည်း ရှိနေပါ တယ်။ သူတို့ကတော့ နပမ်းကျွမ်းကျင်တဲ့ အိန္ဒိယအားကစားသမား Ritu “The Indian Tigress” Phogat နဲ့ ဂျူဒိုကျွမ်းကျင်တဲ့ ဂျပန်အား ကစားသမား Itsuki “Strong Heart Fighter” Hirata တို့ပါပဲ။ Evolve MMA အသင်းသား Phogat ဟာ Stamp Fairtex ထက်စာရင် အရပ်ပုပေမယ့်လည်း အိန္ဒိယနိုင်ငံရဲ့ နာမည်ကျော် နပမ်းမျိုးရိုးက ဆင်းသက်လာသူဖြစ်သလို ၂၀၁၆ ဓနသဟာယ အားကစားပြိုင်ပွဲမှာ ရွှေတံဆိပ်ရယူထားကာ ကိုယ်ခံပညာသိုင်းပေါင်းစုံအားကစား အဖွင့် ၂ ပွဲဆက် အနိုင်ရထားပါတယ်။ အသက် ၂၀ အရွယ် Hirata က လည်း မြေပြင်ချုပ်ကွက်ပိုင်း ကောင်းမွန်လှသလို ပရော်ဖက်ရှင်နယ်အဖွင့် ၆ ပွဲစလုံး အနိုင်ရထားတာကြောင့် လျှော့တွက်လို့မရပါဘူး။

“Ritu Phogat နဲ့ကျွန်မ ပြိုင်ပွဲတစ်ခုတည်းမှာ တူတူယှဉ်ပြိုင်ဖူးတယ်။ သူက ကျွန်မထက် အရပ်ပုပေမယ့် သန်မာတယ်။ ကျွန်မတို့နှစ် ယောက်က မတူညီတဲ့ ခန္ဓာကိုယ်ပိုင်ရှင်တွေပါ။ Hirata ကတော့ မြေပြင်ချုပ်ကွက်ပိုင်း ပိုင်နိုင်တယ်။ အောက်တိုဘာလက ကျွန်မတို့ နိုင် ငံသားဖြစ်တဲ့ Rika Ishige ကို အနိုင်ရထားတယ်။ ဒါပေမဲ့ Rika က သူ့ထက် လူကောင်သေးပါတယ်။ ကိုယ်ခံပညာသိုင်းပေါင်းစုံ အားက စားမှာ Itsuki က Phogat ထက် အတွေ့အကြုံပိုရှိတယ်” လို့ ၎င်းက သုံးသပ်ပါတယ်။

မွေထိုင်းဘုရင်မ Stamp Fairtex ဟာ Kickboxing ကိုလည်း ကမ္ဘာ့ချန်ပီယံ တစ်ယောက်ဖြစ်အောင် စွမ်းဆောင်ဖူးသလို ကိုယ်ခံပညာ သိုင်းပေါင်းစုံအားကစားမှာပါ ချန်ပီယံဖြစ်အောင် ကြိုးစားသွားမှာပါ။ ဒါပေမဲ့လည်း ၎င်းအနေနဲ့ ONE အမျိုးသမီး အက်တမ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံ စင်ကာပူအားကစားသမား “Unstoppable” Angela Lee ကို စိန်ခေါ်ထိုးသတ်ခွင့်ရနိုင်ဖို့ဆိုရင် မြေပြင်ချုပ်ကွက်နည်းဗျူ ဟာပိုင်း တိုးတက်လာအောင် ဖိဖိစီးစီးလုပ်ဆောင်ရမယ်ဆိုတာ လက်ခံထားပါတယ်။ သူ့အနေနဲ့ Phogat၊ Hirata တို့နဲ့ ယှဉ်ပြိုင်ထိုးသတ် ပြီး အကောင်းဆုံးပြင်ဆင်နိုင်ခဲ့ရင် Angela Lee နဲ့ရင်ဆိုင်ဖို့ လုံလောက်ပြီလို့ Stamp Fairtex က ယုံကြည်နေပါတယ်။

“Angela Lee ကို စိန်ခေါ်ဖို့ဆိုရင် ကျွန်မရဲ့မြေပြင်ချုပ်ကွက်နည်းဗျူဟာ အဆင်သင့် မဖြစ်သေးဘူး၊ လုံလောက်မှုမရှိဘူဆိုတာ သိပါ တယ်။ Ritu Phogat ဒါမှမဟုတ် Hirata ပဲဖြစ်ဖြစ်၊ နှစ်ယောက်စလုံးနဲ့ပဲဖြစ်ဖြစ် ကျွန်မထိုးနိုင်ပါတယ်။ ဘာပြသနာမှ မရှိပါဘူး” လို့ Stamp Fairtex က ပြောပါတယ်။

Team ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top