အပူဒဏ် အန္တရာယ် ကာကွယ်ပါ

8-5-2020-yyl-021.jpg

ဒီရက်ပိုင်းမှာ ရာသီဥတု တော်တော်ပူလာတာကို သတိပြူမိမှာပါ ။ အထူးသဖြင့် နေလယ်နေခင်းအချိန်တွေက နေပူထဲထွက်ဖို့ မဝံ့ရဲအောင်ပါပဲ ။ စာရေးသူလို သန်သန်မာမာ လူငယ်တစ်ယောက်တောင် နေပူဒဏ်ကို ကြာကြာမခံနိုင်တဲ့အတွက် နေပူထဲမှာ သွားလာနေရတဲ့ စာဖတ်ပရိတ်သတ်အတွက် အပူဒဏ်ကြောင့် ဖြစ်တတ်တဲ့ အန္တရာယ်တွေကို သတိပြုမူစေနိုင်ဖို့‌ ဒီဆောင်းပါးကို ရည်ရွယ်ပါတယ် ။

အပူဒဏ်ကြောင့် အန္တရာယ်ရှိတဲ့ ကြွက်တက်ခြင်း ၊ မောပန်းနွမ်းနယ်ခြင်း ၊ ‌အပူကြောင့် သတိလစ်ခြင်း တွေဖြစ်တတ်ပါတယ် ။ အထူးသဖြင့် မြန်မာနွေက ပိုမိုပူပြင်းတတ်တဲ့အတွက် သက်ကြီးရွယ်အို ၊ ကလေးသူငယ်များအဝလွန်သူများနဲ့ အရက်သောက်တဲ့လူတွေကို ပိုမို ဂရုစိုက်ဖို့ လိုအပ်ပါတယ် ။

အပူဒဏ်ကြောင့် မောပန်းနွမ်းနယ်ခြင်းရဲ့ လက္ခဏာတွေက

ကြွက်တက်ခြင်း
မူးဝေခြင်း
အသက်ရှူမြန်ခြင်း၊ နှလုံးခုန်နှုန်း မြန်ခြင်း
ခေါင်းကိုက်ခြင်း
ဂနာမငြိမ်ဖြစ်ခြင်း
ရေအလွန်ငတ်ခြင်း
အသားအရည် ဖြူဆုတ်သွားခြင်း
ချွေးအထွက်လွန်ပြီး မေ့လဲခြင်းတွေ ဖြစ်တတ်ပါတယ် ။
ဒီထက်ဆိုးတဲ့ အခြေအနေကတော့ အပူကြောင့် သတိလစ်ခြင်းဖြစ်ရင်တော့ အပေါ်က လက္ခဏာတွေအပြင်
ကိုယ်ပူချိန် ၁၀၄ ဒီဂရီဖာရင်ဟိုက်ထက် တက်ခြင်း
ကယောင်ကတမ်းဖြစ်ခြင်း
သတိ‌မေ့မြောခြင်း
သွေးခုန်နှုန်း ကျသွားခြင်း
တက်ခြင်း
အရေပြား ခြောက်သွေ့ခြင်းတွေ ဖြစ်တတ်ပါတယ် ။

ဒီအခြေအနေတွေက အရေးပေါ် ကုသမှုခံယူရမယ့် အခြေအနေဖြစ်တဲ့အတွက် ဆေးရုံကို အမြန်ဆုံးပြေးဖို့ လိုအပ်ပါမယ် ။ လမ်းမှာ လူနာက သတိလစ်ခြင်း အန်ခြင်းတွေ ဖြစ်နေရင်တော့ ရေမတိုက်သင့်ပါဘူး ။ အဖျော်ယမကာ နဲ့ ကဖင်းဓါတ်ပါတဲ့ အရည်တွေကိုလည်း ရှောင်သင့်ပါတယ် ။

အပူကြောင့် ကြွက်တက်သူတွေအနေနဲ့

အရိပ်ရတဲ့နေရာမှာ နေထိုင်ပါ
ကြွက်တက်နေတဲ့ နေရာကို အနည်းငယ်နှိပ်နယ်ပေးခြင်း ၊ ကြွက်သားဖြေလျှော့ခြင်းတွေ လုပ်ပါ
sport drink သို့မဟုတ် ရေအေးအေးကို ၁၅မိနစ် တစ်ကြိမ်ခန့်သောက်ပါ
အပူဒဏ်ကြောင့် ပင်ပန်းနေတဲ့လူနာတွေကို အရိပ်ရပြီး အေးတဲ့နေရာမှာ နေထိုင်စေခြင်း
အဝတ်အစား ချောင်ချိအောင် ပြုလုပ်ခြင်း
မျက်နှာ ၊လည်ပင်း၊ ရင်ဘတ်နဲ့ ခြေလက်တွေကို ရေပတ်တိုက်ပေးခြင်း
ကိုယ်အေးအောင် ယပ်တောင်ခပ်ပေးခြင်း
ရေအေးအေးကို ၁၅မိနစ် တခါသောက်ပေးစေခြင်းတွေကို ပြုလုပ်သင့်ပါတယ် ။

အပူကြောင့် သတိလစ်ခြင်းကတော့ အသက်အန္တရာယ်ရှိတဲ့အတွက် ဆေးရုံကို အမြန်ပြေးရပါမယ် ။ လမ်းမှာ

လူနာကို အဝတ်အစား ချောင်ချိတာ ဝတ်စေခြင်း
ချွေးထွက်နေတဲ့ အဝတ်စိုမှန်သမျှ ဖယ်ခြင်း
မျက်နှာ ၊လည်ပင်း၊ ရင်ဘတ်နဲ့ ခြေလက်တွေကို ရေပတ်တိုက်ပေးခြင်း
ချိုင်းကြား ပေါင်ကြားများ ရေခဲကပ်ပေးခြင်း
ယပ်တောင် ခပ်ခြင်း
လူနာသတိရနေလျှင် ရေ‌အေးအေး တိုက်ပေးခြင်းတွေ ပြုလုပ်သင့်ပါတယ် ။

အပူကြောင့် ဖြစ်တတ်တဲ့ အန္တရာယ်တွေကို ကာကွယ်ဖို့အတွက်

အနားယူပါ
အဝတ်အစား အရောင်ဖျော့‌ဖျော့ ချောင်ချောင်ချိချိ အဝတ်တွေ ဝတ်ပါ
ရေများများသောက်ပြီး
အရက်ကို ရှောင်ရှားဖို့ တိုက်တွန်းပါရစေ

Ref : hellosayarwon

ရေးသားသူ Dr. Thiha Phyo Myint
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top