အိုမီဂါ ၃ ကို နေ့စဉ် သောက်သုံးပေးသင့်တဲ့ အကြောင်းအရင်းများ

yyl-013-10.jpg

အိုမီဂါ ၃ ဖက်တီးအက်ဆစ် (fatty acids) က အမျိုးမျိုးသောခန္ဓာကိုယ် လုပ်ဆောင်ချက်တွေအတွက် အရေးကြီးပါတယ်။ အိုမီဂါ ၃ ဖက်တီးအက်ဆစ်ကို ဆလမွန်ငါး၊ တူနာငါး၊ ထရောက်ငါးတို့အပါအဝင် ပင်လယ်စာတွေမှာ သဘာဝအလျောက်တွေ့ရပါတယ်။ တချို့ဟင်းသီးဟင်းရွက်တွေ၊ ပဲနို့နဲ့ ကနိုလာဆီ (Canola Oil) တို့မှာ တွေ့ရတဲ့ ALA လို့ခေါ်တဲ့ အိုမီဂါ ၃ လည်းရှိပါတယ်။ ကျွန်တော်တို့ခန္ဓာကိုယ် လုပ်ဆောင်ချက်အတွက် အိုမီဂါ ၃ ကို နေ့တိုင်းစားပေးဖို့ တကယ်ကို အရေးကြီးပါတယ်။ အိုမီဂါ ၃ ကို နေ့စဉ် သောက်သုံးပေးမယ်ဆိုရင်

စိတ်ဓာတ်ကျခြင်းနဲ့ စိုးရိမ်ပူပန်ခြင်းကို တိုက်ဖျက်ပေးတယ်

စိတ်ဓာတ်ကျခြင်းနဲ့ စိုးရိမ်ပူပန်ခြင်းတွေက လက်ရှိလူတော်တော်များများ ကြုံတွေ့နေရတဲ့ စိတ်ပိုင်းဆိုင်ရာအားနည်းမှု ဖြစ်ပါတယ်။ အဲဒီလိုပြဿနာတွေကို လျော့နည်းသွားအောင် အိုမီဂါ ၃ က ကူညီပေးနိုင်တယ်လို့ လေ့လာချက်တွေက ဆိုပါတယ်။ အိုမီဂါ ၃ ကို နေ့စဉ်သောက်သုံးတဲ့လူတွေက စိတ်ဓာတ်ကျခြင်းနဲ့ စိုးရိမ်ပူပန်ခြင်းတွေ မရှိသလောက်နည်းပါးပါတယ်။ စိတ်ဓာတ်ကျခြင်းနဲ့ စိုးရိမ်ပူပန်ခြင်းတွေ ခံစားနေရတဲ့သူတွေတောင် အိုမီဂါ ၃ ကို နေ့စဉ်စားသုံးပြီးတဲ့နောက်မှာ တိုးတတ်မှုရှိတယ်လို့ ဆိုပါတယ်။

မျက်လုံးကျန်းမာရေးကို တိုးတတ်စေတယ်

အိုမီဂါ ၃ လုံလုံလောက်လောက် မရတဲ့အခါမှာ အမြင်အာရုံပြဿနာတွေ တိုးလာနိုင်ပါတယ်။ အိုမီဂါ ၃ကို နေ့တိုင်းစားသုံးပေးခြင်းက မျက်စိအာရုံတဖြည်းဖြည်း ပျက်စီးနိုင်ခြေကို လျော့ချပေးနိုင်ပြီး အမြင်အာရုံကောင်းစေနိုင်ပါတယ်။

ကလေးတွေရဲ့ ခန္ဓာကိုယ်ဖွံ့ဖြိုးမှု အားနည်းတဲ့လက္ခဏာရပ်တွေကို လျော့ချပေးတယ်

ကျန်းမာသန်စွမ်းတဲ့ ကလေးတွေနဲ့ယှဉ်ရင် ခန္ဓာကိုယ်ဖွံ့ဖြိုးမှုအားနည်းတဲ့ ကလေးတွေက အိုမီဂါ ၃ ပမာဏ နည်းပါးတယ်လို့ လေ့လာချက်မှာတွေ့ရှိရပါတယ်။ ကလေးတွေကိုလည်း အိုမီဂါ ၃ ကို ငယ်ငယ်ကတည်းက တိုက်ပေးသင့်မယ်ဆိုရင် ခန္ဓာကိုယ်ဖွံ့ဖြိုးမှုအားနည်း တဲ့လက္ခဏာရပ်တွေကိုလည်း လျော့ချပေးနိုင်တယ်လို့ ဆိုပါတယ်။

ကိုယ်ခံအားဖောက်ပြန်ပြောင်းလဲတဲ့ရောဂါကို တိုက်ဖျက်ပေးတယ်

ကိုယ်ခံအားဖောက်ပြန်ပြောင်းလဲတဲ့ရောဂါမှာ ကိုယ်ခံအားစနစ်က ကျန်းမာသန်စွမ်းတဲ့ဆဲလ်တွေကို foreign ဆဲလ်တွေအဖြစ် အမှတ်မှားပြီး တိုက်ခိုက်ကြပါတယ်။ ဆီးချိုရောဂါမှာတော့ ကိုယ်ခံအားစနစ်က ပန်ကရိယမှာ အင်ဆူလင်ထုတ်လုပ်ပေးတဲ့ဆဲလ်တွေကို တိုက်ဖျက်ကြပါတယ်။ ငယ်ငယ်ကတည်းက အိုမီဂါ ၃ကို ပုံမှန်သောက်သုံးပေးခြင်းက ဒီလိုရောဂါမျိုးတွေ ဖြစ်လာနိုင်ခြေကို လျော့ချပေးတယ်လို့ ဆိုပါတယ်။
Ref: Reasons why you need to consume Omega 3 daily

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top