အူရီဒူးမြန်မာက အရင်နှစ်ပထမဆုံးသုံးလထက် အခုနှစ်မှာ သုံးစွဲသူနှင့် ဝင်ငွေတိုးတက်မှုရှိ

Ooredoo-Group-Financial-Statement-Updates-for-Q1-2020.jpg

အူရီဒူးက တစ်နှစ်ထက်တစ်နှစ်နှိုင်းယှဉ်ထားသောဝင်ငွေ ကာတာရီရယ်(QAR) ၇.၃ ဘီလီယံ ဝင်ငွေတိုးတက်မှုနှုန်းရဲ့ ၁% ရှိကြောင်းကို ဒီကနေ့မှာ ထုတ်ပြန်ကြေညာခဲ့ပြီး တိုးတက်မှုပိုမိုရရှိနိုင်တဲ့ အင်ဒိုနီးရှား၊ တူနီးရှား၊ မြန်မာ နှင့် အခြားဈေးကွက်များမှာ COVID-19 ကပ်ရောဂါကြောင့် တိုးတက်မှုကို အဟန့်အတားအဖြစ် သက်ရောက်မှုများရှိခဲ့သည့်အပြင် ဟန်းဆက်ရောင်းချမှုများလျော့ကျခြင်းနှင့် အခြားသောဈေးကွက်များတွင် စီးပွားရေး ဈေးကွက်ရဲ့အနေအထားကြောင့် ဖြစ်ပေါ်လာသော အားနည်းချက်များကလည်း သက်ရောက်မှုများရှိခဲ့ပါတယ်။

စုစုပေါင်းအမြတ် (အတိုး၊အခွန်၊ တန်ဖိုးလျော့ချခြင်း၊ မူပိုင်ခွင့်နှုန်းထားများ မနှုတ်ယူခင်အမြတ်ငွေ – EBITDA) မှာ တစ်နှစ်ထက်တစ်နှစ် နှိုင်းယှဉ်မှုအရ ၅% ကာတာရီရယ် ၃.ဝဘီလီယံ ကျဆင်းသွားခဲ့ပါတယ်။ အယ်လ်ဂျီးရီးယား၊ ကာတာ၊ ကူဝိတ်နှင့် အိုမန် စသည့်ဒေသများရှိ ဈေးကွက်များတွင် စိန်ခေါ်မှုများရှိနေပြီး အခြားသောဒေသများတွင်လည်း COVID-19 ကပ်ရောဂါ ပျံ့နှံ့မှုကြောင့်လည်း အခုလိုသက်ရောက်မှုကို ဖြစ်ပေါ်စေခဲ့ပါတယ်။ အူရီဒူးအုပ်စုရဲ့အသားတင်အမြတ်ငွေက ပြီးခဲ့တဲ့နှစ်ကို အခုအချိန်ကာလနှင့် နှိုင်းယှဉ်ပါက အူရီဒူးရဲ့ရှယ်ယာရှင်များအတွက် ၂၀၂၀ ပထမသုံးလပတ်တွင် ၈% ကာတာရီရယ် ၃၈၇ သန်း ကျဆင်းခဲ့ပါတယ်။ EBITDA လျှော့ကျခြင်းကြောင့် ပြီးခဲ့သည့်နှစ် ယခုအချိန်ကာလနှင့် နှိုင်းယှဉ်ပါက နိုင်ငံခြားငွေလဲလှယ်နှုန်း ပတ်ဝန်းကျင်အတွက် အသာစီးပေးမှုကို တစ်စိတ်တစ်ပိုင်း ချနှိမ်ပေးရာ ရောက်ခဲ့ပါတယ်။

ဒေတာကိုဦးဆောင်မှုနှင့် ဒစ်ဂျစ်တယ်စနစ်ကို ပြောင်းလဲဖော်ဆောင်ခြင်း လုပ်ဆောင်ချက်များ ကြောင့် ဒေတာအသုံးပြုခြင်းက ရရှိတဲ့ဝင်ငွေက စုစုပေါင်းဝင်ငွေရဲ့ ၅၀% ကျော်ရှိတာကို တွက်ချက်ရရှိပါတယ်။ အဆိုပါကာလအတွင်း ထူးခြားမှုများတွင် ခေါင်းဆောင်အဖွဲ့အပြောင်းအလဲပါဝင်ပါတယ်။ COVID-19 ကပ်ရောဂါကာလအတွင်းတွင် အူရီဒူးသည် ဝန်ထမ်းများနှင့် ဝန်ဆောင်မှုအသုံးပြုသူများရဲ့ ကျန်းမာရေးနှင့် အန္တရာယ်ကင်းရှင်းစေရေးတို့အတွက် ကာကွယ်မှုများစွာကို လုပ်ဆောင်ပေးခဲ့တဲ့ အပြင် လူမှုပတ်ဝန်းကျင်ကို ပံ့ပိုးကူညီရန် လုပ်ဆောင်ချက်များစွာကို မိတ်ဆက်ဖော်ဆောင် ပေးခဲ့တယ်လို့လည်း သိရပါတယ်။

အူရီဒူးမြန်မာက မြန်မာနိုင်ငံတွင် အဆင့်မြင့် 4G ကွန်ရက်ကို နိုငငံတဝန်းဖြန့်ကြက်ပေးခြင်းနှင့်အတူ ဒစ်ဂျစ်တယ်စနစ် ပြောင်းလဲဖော်ဆောင်ရေး မဟာဗျူဟာကို အဓိကထားဆက်လက်လုပ်ဆောင်လျက် ရှိနေပါတယ်။ 4G ကွန်ရက်ကို ပိုမိုဖြန့်ကြက်ပေးနိုင်စေရန် လုပ်ဆောင်ခြင်းကြောင့် အူရီဒူးမြန်မာရဲ့ 4G LTE TURBO ကွန်ရက်က ၉၀၀ MHz လှိုင်းစဉ်ကို အသုံးပြုပြီး မြန်မာနိုင်ငံရဲ့ လူဦးရေ အများဆုံးကို လွှမ်းခြုံပေးနိုင်စေရန် လုပ်ဆောင်ပေးနိုင်ခဲ့သဖြင့် ၂၀၂၀ခုနှစ် ပထမသုံးလပတ်တွင် အူရီဒူးအသုံးပြုသူ ၁၅.၆သန်းအထိ ရှိလာခဲ့သဖြင့် သုံးစွဲသူ ၄၃% အထိ တိုးတက်များပြားလာခဲ့သောကြောင့် သုံးစွဲသူသိသာထင်ရှားစွာ များပြားလာသောကာလအဖြစ် မှတ်တမ်းတစ်ခုကို ပြသနိုင်ခဲ့ပါတယ်။

အူရီဒူးမြန်မာမှ ၂၀၂၀ခုနှစ် ပထမသုံးလပတ်တွင် ဝင်ငွေ ကာတာရီရယ် (QAR) ၂၈၄ သန်း ရရှိတယ်လို့ အစီရင်ခံခဲ့ပြီး ပြီးခဲ့တဲ့နှစ် ယခုကာလနှင့် နှိုင်းယှဉ်ပါက ၉% အထိတိုးတက်လာခဲ့ခြင်းက အဲဒီကာလအတွင်း ဒေတာအသုံးပြုမှု ပိုမိုများပြားလာခြင်းကြောင့်ဖြစ်ပါတယ်။ ၂၀၁၉ ပထမသုံးလပတ်တွင်ရရှိသော အမြတ်ငွေ ကာတာရီရယ် ၅၉ သန်းနှင့် နှိုင်းယှဉ်ပါက အခုနှစ်မှာ ကာတာရီရယ် သန်း၅၀ရရှိခဲ့သဖြင့် အမြတ်ငွေ (EBITDA) ကျဆင်းခဲ့ခြင်းက သုံးစွဲသူများကို ရယူသည့်စရိတ်များလာခြင်းကြောင့် အမြတ်အစွန်းပမာဏကျုံ့သွားခြင်း ဖြစ်ပါတယ်။ အူရီဒူး“Supernet Wireless” ၏ Fixed Wireless Broadband ဝန်ဆောင်မှုက အသုံးပြုသူများ များပြားလာသည်သာမကဘဲ ဝင်ငွေပါ ဆက်လက်တိုးတက်လာလျှက်ရှိပါတယ်။ အူရီဒူးမြန်မာရဲ့ 3G နှင့် 4G ကွန်ရက်များက နိုင်ငံတစ်ဝန်းတွင် မြန်နှုန်းအားဖြင့် နံပါတ်တစ်နေရာတွင် ရပ်တည်နေခဲ့ပြီး “My Ooredoo” အက်ပလီကေးရှင်းက သုံးစွဲသူများကို အူရီဒူးမြန်မာရဲ့ ဒစ်ဂျစ်တယ် ဝန်ဆောင်မှုများအတွက် ဝယ်လိုအားများကို ဖြစ်ပေါ်စေမှုကိုလည်း အခိုင်အမာဖြစ်နေစေခဲ့တယ်လို့ သိရပါတယ်။

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top