တက္ကသိုလ် ကျောင်းသားတွေကတောင် ဆရာတင်ရလောက်တဲ့ သင်္ချာပါရမီရှင်လေး

yyl-022.jpg

သင်္ချာအတွက်အချက်မှာ ပါရမီပါပြီး ထူးချွန်ဖို့ဆိုတာ လွယ်ကူတဲ့ အရာတော့မဟုတ်ပါဘူး။ ဒါပေမဲ့ တောင်ကိုရီးယားနိုင်ငံက အသက် (၆) နှစ်အရွယ်ကောင်လေး လီဂျောင်ဝူး (Lee Jeong Woo) က အရမ်းရှုပ်ထွေးလှတဲ့ တက္ကသိုလ်အဆင့် သင်္ချာပုစ္ဆာတွေကို ဂိမ်းကစားသလိုပဲ လွယ်လွယ်ကူကူ ဖြေရှင်းနိုင်စွမ်းရှိပါတယ်။ အခုဆိုရင် အခြား YouTubeဆယ်လီတွေလိုပဲ အဲဒီကလေးဟာ သူ့ရဲ့ YouTube ချန်နယ်မှာ subscribe လုပ်သူ ထောင်ပေါင်းများစွာရှိနေပါပြီ။

သူ့ရဲ့YouTube ဗီဒီယိုတွေမှာ ဝိုက်ဘုတ်နဲ့ သင်္ချာပုစ္ဆာတွေကို ရှင်းပြနေတာကို တွေ့ရမှာပါ။ သူ့ရဲ့ဂဏန်းသင်္ချာ ကျွမ်းကျင်မှုကို သက်သေပြဖို့ မလုံလောက်ဘူးဆိုပေမဲ့ သူက Massachusetts Institute of Technology ရဲ့သင်္ချာပြိုင်ပွဲက ဖြေရှင်းဖို့ခက်တဲ့ သင်္ချာပြဿနာကိုတောင် (၁၅) မိနစ်အတွင်း ဖြေရှင်းနိုင်ပါတယ်။ တက္ကသိုလ်ကျောင်းသားတွေတောင် သူ့လို မဖြေရှင်းနိုင်ခဲ့ပါဘူး။

သင်္ချာပုစ္ဆာကို မဖြေရှင်းနိုင်တဲ့ သူတွေအတွက် အဲဒီကောင်လေးက ဂဏန်းသင်္ချာတွေရဲ့ ရှုပ်ထွေးပုံကို ရှင်းပြထားတဲ့ ပို့ချချက်တွေ လုပ်ပေးထားပါတယ်။ အမေရိကန်နိုင်ငံက သင်္ချာပြိုင်ပွဲက မေးခွန်းတစ်ခုတောင် ပါဝင်ပါသေးတယ်။ သင်္ချာပုစ္ဆာတွေကို ဖြေရှင်းဖို့ခက်ခဲနေတဲ့ တက္ကသိုလ် ကျောင်းသားတွေအတွက် လီဂျောင်ဝူးက သူတို့ရဲ့ကယ်တင်ရှင်ကြီး ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။

လီဂျောင်ဝူးလို ငယ်ငယ်ရွယ်ရွယ်နဲ့ ပါရမီရှိတဲ့ အခြားကလေးတွေ တော်တော်များများလည်း ရှိပါတယ်။ ဒါပေမဲ့ အသက် (၆)နှစ်အရွယ် လီဂျောင်ဝူးလောက်တော့ အသက်မငယ်ပါဘူး။ သူတို့တွေထဲမှာတော့ လီဂျောင်ဝူးက အသက်အငယ်ဆုံး သင်္ချာဉာဏ်ကြီးရှင်လေးဖြစ်ပါတယ်။

Ref: Korean boy, 6, is better at solving university-level math problems than most of us

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top