ဒီမိုကရေစီယဉ်ကျေးမှု အမှန်တကယ်ပြန့်ပွားဖို့ဆိုရင် ပူးပေါင်းဆောင်ရွက်ဖို့က တာဝန်တစ်ခုဖြစ်တယ်လို့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောကြား

local_01_01.jpg

ဒီမိုကရေစီဆိုတာ စနစ်ဟုဆိုရမည်ထက် ယဉ်ကျေးမှုတစ်ရပ်ဖြစ်ပြီး ဒီမိုကရေစီယဉ်ကျေးမှု အမှန်တကယ် ပြန့်ပွားရန်အတွက် ပူးပေါင်းဆောင်ရွက်ရန်မှာ တာဝန်တစ်ခုဖြစ်ကြောင်း စက်တင်ဘာ ၁၅ ရက်က နေပြည်တော် တွင်ကျင်းပသည့် အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့အခမ်းအနားတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်။

‘‘ဒီမိုကရေစီဆိုတာ တကယ်တော့ စနစ်လို့ ဆိုရမှာထက် ယဉ်ကျေးမှုတစ်ခုလို့ပဲ ဆိုချင်ပါတယ်။ ဒါဟာ နိုင်ငံရေးကိစ္စတင်မဟုတ်ပါဘူး၊ လူမှုရေး၊ စီးပွားရေး၊ အတွေးအခေါ်ကိစ္စတွေလည်း ပါပါတယ်။ ဒါကြောင့် ယဉ်ကျေးမှုတစ်ရပ်ပါ။ ဒီမိုကရေစီယဉ်ကျေးမှု အမှန်တကယ်ပြန့်ပွားဖို့အတွက် ပူးပေါင်းဆောင်ရွက်ဖို့ဟာ ဒီနေ့ ကျွန်မတို့ ညွှန်ပြလိုက်တဲ့ တာဝန်ပဲဖြစ်ပါတယ်’’ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

ထို့ပြင် ဒီမိုကရေစီကို တန်ဖိုးထားပြီး ရှင်သန်စေချင်သည်ဆိုလျှင် ပရဟိတနှင့် အတ္တဟိတကို ချိန်ခွင်လျှာ ညီမျှအောင် လုပ်ရမည်ဖြစ်ကြောင်း၊ အများအကျိုးအတွက်ဆောင်ရွက်မည်ဆိုလျှင် ချိန်ခွင်လျှာညီမျှရန် လိုပြီး တစ်ဦးချင်း တစ်ဦးချင်းသည် ချိန်ခွင်လျှာညီမျှခြင်း၏ တန်ဖိုးကိုလည်း သဘောပေါက်ရန် လိုအပ်ကြောင်းကိုလည်း ဒေါ်အောင်ဆန်းစုကြည်က ထည့်သွင်းပြောကြားခဲ့သည်။

KST (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top