အလုပ်စားပွဲမှာ အမြဲတမ်းရှိထားသင့်တဲ့ အရာတွေ

yyl-024-4.jpg

ကျွန်တော်တို့ရဲ့အချိန်တော်တော်များများကို ရုံးမှာကုန်ဆုံးရတာများပါတယ်။ တစ်ခါတရံ ကျွန်တော်တို့အလုပ်ချိန်က ကျွန်တော်တို့အိမ်မှာ ကုန်ဆုံးထက်အချိန်ထက်တောင်ပိုများနေပါတယ်။ ကျွန်တော်တို့ရဲ့အလုပ်စားပွဲကို confort zone လုပ်သင့်တယ်ထင်တယ်နော်။ ဒါကြောင့် ကျွန်တော်တို့ရဲ့အလုပ်စားပွဲပေါ်မှာ ရှိသင့်တဲ့အရာတွေကို ဒီဆောင်းပါးလေးကနေ ပြောပြပေးလိုက်ပါတယ်နော်..။

လုပ်ရမယ့်စာရင်း

တစ်နေ့တာစလိုက်တာနဲ့ သင့်အလုပ်ကို ဦးစားပေးရပါတယ်။ လုပ်ရမယ့်တာဝန်တွေ၊ ပြီးဖို့လိုအပ်တဲ့အလုပ်တွေကို စာရင်းလုပ်ထားသင့်ပါတယ်။ အဲဒီစာရင်းကို သင့်အလုပ်စားပွဲပေါ်မှာ ရှိထားသင့်ပါတယ်။

ရေဗူး

အလုပ်ကို စိတ်နှစ်ပြီးလုပ်လိုက်တာနဲ့ ပုံမှန်လုပ်ဆောင်နေရတဲ့အရာကို မေ့သွားနိုင်ပါတယ်။ အဲဒါကတော့ ရေသောက်တာပါပဲ။ ရေသောက်ဖို့ မမေ့အောင် သင့်လက်တော့စ်၊ ကွန်ပျူတာဘေးမှာ ရေဗူးရှိထားပါ။ ရေသောက်ပေးဖို့မမေ့ပါနဲ့။ ပုံမှန်ရေသောက်ပေးတာက တစ်နေ့လုံး ရေဓာတ်ပြည့်နေအောင်ကူညီပေးပါတယ်။

သွားရည်စာ

နေ့ခင်းနေ့လည်မှာ အလုပ်လုပ်တုန်း ဗိုက်ဆာရင် အလုပ်ကိုအာရုံစိုက်နိုင်မှာမဟုတ်ပါဘူး။ သင် ဗိုက်ဆာရင်စားလို့ရအောင် ပေါ့ပေါ့ပါးပါးစားလို့ရတဲ့ အစေ့အဆံ၊ အသီးတွေလို အစားအစာတွေကို စားပွဲပေါ်မှာ ဆောင်ထားသင့်ပါတယ်။

တစ်ရှုးဗူး

အလုပ်စားပွဲမှာ တစ်ရှုးဗူးကို အဆင်သင့်ဆောင်ထားပါ။ သင် ချွေးထွက်ရင်ပဲဖြစ်ဖြစ်၊ တစ်ခုခုသုတ်ချင်ရင်ပဲဖြစ်ဖြစ် အသုံးပြုလို့ရအောင်၊ လုပ်ဖော်ကိုင်ဖက်တွေ လိုအပ်ရင်လည်းပေးလို့ရအောင် တစ်ရှုးဗူးထားသင့်ပါတယ်။

ဓာတ်ပုံ

သင့်မိသားစုပုံ (ဒါမှမဟုတ်) သင့်ရဲ့ပုံ၊ သင့်မြတ်နိုးတဲ့ပုံပဲဖြစ်ဖြစ် ဓာတ်ပုံဘောင်လေးနဲ့ စားပွဲပေါ်မှာတင်ထားသင့်ပါတယ်။ အလုပ်လုပ်ရင်းနဲ့ ပုံတွေကို မြင်ရတာ သင့်ရဲ့တစ်နေ့တာကို တောက်ပနေစေပါလိမ့်မယ်။

ဖုန်းအားသွင်းကြိုး

ဖုန်းကလည်း ကျွန်တော်တို့နဲ့ အမြဲရှိနေတဲ့အရာပါပဲ။ တချို့အလုပ်တွေဆို ဖုန်းနဲ့အလုပ်လုပ်ရတာဖြစ်တဲ့အတွက် ဖုန်းအားက တစ်နေ့ကုန်မခံနိုင်ပါဘူး။ ဒါကြောင့် ဖုန်းအားကုန်သွားတဲ့အခါ အလွယ်တကူအားသွင်းလို့ရအောင် အလုပ်စားပွဲမှာ ဖုန်းအားသွင်းကြိုးကိုလည်း ရှိထားသင့်ပါတယ်။

Ref: Things you should always keep at your work desk

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top