သမီးနှစ်ယောက်ကို အုပ်ထိန်းခွင့်ရဖို့ သူ့ကိုယ်သူ အမျိုးသမီးအဖြစ် ပြောင်းလဲခံယူခဲ့တဲ့ ဖခင်

10-1-2023-yyl-71.jpg

အီကွေဒေါနိုင်ငံက အမျိုးသားတစ်ဦးဟာ ဇနီးဖြစ်သူနဲ့ ကွာရှင်းခဲ့ပြီးနောက် သမီး ၂ ဦးကို အုပ်ထိန်းခွင့်ရဖို့အတွက် တရားဝင် မှတ်တမ်းမှတ်ရာမှာ သူ့ကိုယ်သူ အမျိုးသမီးအဖြစ် ပြောင်းလဲခံယူခဲ့ပါတယ်။

အသက် ၄၇ နှစ်အရွယ်ရှိတဲ့ ရီနီရာမို့စ်ဟာ နေ့စဉ်ဘဝမှာ အမျိုးသားတစ်ယောက်လို ပြုမူနေထိုင်ပေမဲ့ အီကွေဒေါနိုင်ငံရဲ့ တရားရေးစနစ်အရ အိမ်ထောင်ကွာရှင်းတဲ့အခါ သားသမီးတွေ အုပ်ထိန်းခွင့်အတွက် မိခင်ကပဲ အသာရတဲ့ တရားရေးစနစ်ကြောင့် အခုလို ပြောင်းလဲခဲ့တာပါ။

သူ့သမီးတွေဟာ ခက်ထန်ကြမ်းတမ်းတဲ့ ပတ်ဝန်းကျင်မှာ နေထိုင်နေရပြီး သူနဲ့ တွေ့ခွင့်မရတာလည်း ၅ လ ရှိပြီလို့ ရာမို့စ်က ဆိုပါတယ်။ ” အခုတော့ ကျွန်တော်က အမျိုးသမီးဖြစ်သွားပါပြီ။ သမီးနှစ်ယောက်အတွက် မိခင်တစ်ယောက်ဖြစ်ပေးမယ်လို့ ခံယူထားပါတယ်။ မိခင်တစ်ယောက်ရဲ့ချစ်ခြင်းနဲ့ ကာကွယ်မှုလည်း ပေးသွားမှာပါ” လို့ သူက ပြောပါတယ်။

Ref: ‘Punished’ dad legally changes gender to female in bid to gain custody of kids

NZ (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top