သူ့ရဲ့ရုပ်ရှင်ထုတ်လုပ်ရေးကုမ္ပဏီက သေနတ်အစစ်အသုံးပြုမှာမဟုတ်တော့ဘူးလို့ ကတိကဝတ်ပြုလိုက်တဲ့ The Rock

11-5-2021yyl1.jpg

The Rock လို့ အများကခေါ်ကြတဲ့ အက်ရှင်မင်းသားကြီး ဒွိန်း ဂျွန်ဆင် (Dwayne Johnson) ဟာ သူ့ရဲ့ထုတ်လုပ်ရေးကုမ္ပဏီ Seven Bucks Productions က ထုတ်လုပ်တဲ့ ဘယ်ပရောဂျက်တွေမှာမှ သေနတ်အစစ်အသုံးပြုတော့မှာမဟုတ်ဘူးလို့ ကတိကဝတ်ပြုခဲ့ပါတယ်။ “Rust” ဇာတ်ကားရိုက်ကွင်းမှာ ရိုက်ကူးရေးသမား Halyna Hutchins သေဆုံးခဲ့တဲ့ မတော်တဆမှုဖြစ်ရပ်ဖြစ်ပွားပြီးတဲ့နောက်မှာ The Rock က အခုလို ကတိကဝတ်ပြုလိုက်တာဖြစ်ပါတယ်။

The Rock က ရိုင်ယန် ရေးနိုးလ် (Ryan Reynolds) နဲ့ ဂယ်ဂဒေါ့ (Gal Gadot) တို့လည်း ပါဝင်သရုပ်ဆောင်ထားတဲ့ Netflix ရုပ်ရှင်ကားသစ် “Red Notice” အထူးပြပွဲမှာ ပြောကြားခဲ့တာပါ။ “ကျွန်တော် အခြားသူတွေအတွက် မပြောနိုင်ပေမဲ့ ရှေ့လျှောက် Seven Bucks Productions က ထုတ်လုပ်တဲ့ ဘယ်ရုပ်ရှင်ကားမဆို၊ ဘယ်တီဗီရှိုးမဆို၊ ကျွန်တော်တို့ထုတ်လုပ်တဲ့အရာမှန်သမျှမှာမဆို သေနတ်အစစ်ကို အသုံးပြုတော့မှာမဟုတ်ဘူးလို့ ကျွန်တော်ပြောနိုင်ပါတယ်”လို့ The Rock က ပြောခဲ့ပါတယ်။

သူ့ရဲ့ထုတ်လုပ်ရေးကုမ္ပဏီက ရာဘာသေနတ်ကို ပြောင်းလဲအသုံးပြုသွားမှာဖြစ်ပြီး ဇာတ်ကားထဲမှာ အစစ်နဲ့တူအောင် အထူးပြုလုပ်ချက်တွေထည့်သွားမှာဖြစ်တယ်လို့ The Rock က ပြောပါတယ်။ The Rust ရိုက်ကွင်းက ဝမ်းနည်းစရာဖြစ်ရပ်ကနေ သင်ခန်းစာယူသင့်ပြီး အကောင်းဆုံးနည်းလမ်းနဲ့ ဘယ်လိုရှေ့ဆက်လုပ်ဆောင်ကြမလဲဆိုတာ အဖြေရှာသင့်တယ်လို့လည်း The Rockက ဆိုပါတယ်။ ရုပ်ရှင်ဇာတ်ဝင်ခန်းသုံးသေနတ်ရဲ့ကျည်ဆံမှန််ပြီး သေဆုံးခဲ့တဲ့ Hutchinsရဲ့သတင်းကို ကြားတော့ ဝမ်းနည်းခဲ့ရတယ်လို့ The Rock က ပြောပါတယ်။

၂၀၁၂ခုနှစ်မှာ The Rock တည်ထောင်ခဲ့ပြီး စီးပွားရေးလုပ်ငန်းပါတနာ ဒါနီ ကာစီရာ (Dany Garcia) နဲ့ စီမံခန့်ခွဲနေတဲ့ Seven Bucks Productions က Jumanji ဇာတ်ကား (၂) ကား၊ Jungle Cruise နဲ့ Black Adam ရုပ်ရှင်ကားအသစ် အပါအဝင် The Rock ရဲ့ရုပ်ရှင်ကားတော်တော်များများကို ရိုက်ကူးထုတ်လုပ်ခဲ့တာပါ။

Ref: ABCNews “Dwayne Johnson pledges no real guns on his productions in wake of ‘Rust’ tragedy”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top