စွမ်းအင်ချွေတာနိုင်စေမယ့် ကမ္ဘာ့အဖြူဆုံး အိမ်သုတ်ဆေး

whitest-1.jpg

Xiulin Ruan, a Purdue University professor of mechanical engineering, and his students have created the whitest paint on record. (Purdue University photo/John Underwood)

စွမ်းအင်ချွေတာရေးမှာ အလှည့်အပြောင်းတစ်ရပ် ဖြစ်လာနိုင်စေမယ့် ကမ္ဘာ့အဖြူဖွေးဆုံး အိမ်သုတ်ဆေးတစ်မျိုးကို အမေရိကန်သိပ္ပံပညာရှင်တွေက တီထွင်ဖန်တီးခဲ့ပါတယ်။

အင်ဒီယားနားပြည်နယ် ပါဂျူးတက္ကသိုလ်မှ သုတေသီတွေ တီထွင်ခဲ့တဲ့ အိမ်သုတ်ဆေးဟာ အင်မတန်ဖြူဖွေးပြီး နေအလင်းရောင် ၉၈.၁ ရာခိုင်နှုန်းကို ရောင်ပြန်လွှတ်စေတာကြောင့် လေအေးပေးစက် ဖွင့်စရာမလိုဘဲ အခန်းအပူချိန်ကို လျှော့ချပေးနိုင်မှာပါ။


လေအေးပေးစက် အသုံးပြုစရာ မလိုတာကြောင့် စွမ်းအင်ချွေတာရေးအတွက် အထောက်အကူ ဖြစ်စေနိုင်ပြီး ကမ္ဘာ့အပူချိန် ထိန်းညှိနိုင်ရေးအတွက် အပြောင်းအလဲတစ်ရပ် ဖြစ်လာစေဖို့ မျှော်မှန်းထားကြပါတယ်။

ပါဂျူးတက္ကသိုလ် စက်မှုအင်ဂျင်နီယာဌာန ပါမောက္ခ ရွှေလင်ယွမ်နဲ့ ကျောင်းသားတစ်စု ဖန်တီးခဲ့တဲ့ အဲဒီအိမ်သုတ်ဆေးဟာ ကမ္ဘာ့အဖြူဆုံး အိမ်သုတ်ဆေးအဖြစ် ဂင်းနက်စ်စံချိန် တင်ခဲ့ပြီး ၂၀၂၃ ခုနှစ်အတွက် South by Southwest Conference & Festivals မှာ ပေးအပ်တဲ့ တီထွင်ဖန်တီးမှုဆု ဆွတ်ခူးခဲ့ပါတယ်။

Ref: Purdue’s ‘world’s whitest paint’ wins 2023 SXSW Innovation …

NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top