Gene ပြုပြင်ခံထားရတဲ့ တတိယမြောက်ကလေးငယ်ဟာ ဘယ်အချိန်မွေးဖွားလာမလဲဆိုတာကို သိနိုင်မည်မဟုတ်ပါ

gene-edited-babies-china-investigation-1.jpg

၂၀၁၈ ခုနှစ် နိုဝင်ဘာလတုန်းက တရုတ်သိပ္ပံပညာရှင်တစ်ဦးဖြစ်သူ He Jiankui က သူဟာ လူသန္ဒေသားများကို gene ပြုပြင်ထားပြီးဖြစ်တယ်လို့ ကြေညာလိုက်ခြင်းက တစ်ကမ္ဘာလုံးကသိပ္ပံနဲ့ ကျန်းမာရေးအသိုင်းအဝိုင်းကြီးတစ်ခုလုံးကို ဂယက်ထသွားစေပါတယ်။

HIV ပိုးများက လူ့ဆဲလ်များကို ရောဂါကူးစက်ဖို့အတွက်အသုံးပြုတဲ့ CCR5 gene ကို ဒီသန္ဓေအတွင်းမှ ထုတ်ခဲ့ခြင်းအားဖြင့် အမွှာ (၂) ဦးကို HIV ရောဂါဘယ်တော့မှမဖြစ်စေတော့အောင် လုပ်ဆောင်နိုင်ခဲ့

သူဟာ HIV ပိုးများက လူ့ဆဲလ်များကို ရောဂါကူးစက်ဖို့အတွက်အသုံးပြုတဲ့ CCR5 gene ကို ဒီသန္ဓေအတွင်းမှ ထုတ်ခဲ့ခြင်းအားဖြင့် ဒီအမွှာ (၂) ဦးကို HIV ရောဂါဘယ်တော့မှမဖြစ်စေတော့အောင် လုပ်ဆောင်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီနောက်ပိုင်းမှာလဲ တရုတ်အစိုးရက ဒီကိစ္စအပေါ်မှာနှုတ်ပိတ်နေခဲ့ပြီး ဒီထဲက တတိယမြောက်ကလေးငယ်ဟာ မကြာခင်မှာ မွေးတော့မှာဖြစ်တယ်လို့ MIT Technology Review မှာ ဖော်ပြထားပါတယ်။

He က gene ပြုပြင်ထားတဲ့ တတိယမြောက်ကလေးငယ်ဟာ ရှိတဲ့အချက်အလက်များမှတစ်ဆင့် ခန့်မှန်းရသလောက် ဂျွန်လကုန် သို့မဟုတ် ဂျူလိုင်လဆန်းပိုင်းမှာ မွေးဖွားမှာဖြစ်တယ်လို့ Stanford မှ bioethicist တစ်ဦးဖြစ်သူ William Hurlbut က ပြီးခဲ့တဲ့ ဇန်နဝါရီလအတွင်းမှာ ပြောကြားခဲ့ဖူးပါတယ်။ အခုဆိုရင် သူပြောတဲ့ ဂျွန်လကုန်ဆိုတာကိုကျော်လွန်သွားပြီး ဂျူလိုင်လဆန်းပိုင်းကို ရောက်ရှိနေပါပြီ။ ဒါပေမဲ့ ဒီကိစ္စနဲ့ပတ်သတ်ပြီး ဘာသတင်းမှမကြားရသေးတဲ့အတွက် တရုတ်အစိုးရဟာ ဒီကိစ္စရပ်အပေါ်မှာ ထဲထဲဝင်ဝင် ဖုံးဖိလုပ်ဆောင်နေပုံရပါတယ်။ ဆေးပညာသိပ္ပံမှာ ကြီးမားတဲ့ controversy ကြီးတစ်ခုကို ချုပ်ကိုင်နေပုံရပါတယ်။

ပိတ်ထားသောတံခါးများ

He က သူ gene များပြုပြင်ခဲ့ကြောင်းကြေညာပြီး မကြာခင်မှာတင် တရုတ်အစိုးရဟာ သူ့ရဲ့သိပ္ပံလေ့လာမှု သုတေသနအားလုံးကိုရပ်ဆိုင်းခဲ့ပြီး ဒီလုပ်ရပ်ကို ခရီးမဆက်နိုင်အောင်တားဆီးခဲ့ပါတယ်။

gene များပြုပြင်ခဲ့ကြောင်းကြေညာပြီး မကြာခင်မှာတင် တရုတ်အစိုးရဟာ သူ့ရဲ့သိပ္ပံလေ့လာမှု သုတေသနအားလုံးကိုရပ်ဆိုင်းခဲ့

လက်ရှိမှာတော့ ဒီတိုးတက်လာနေတဲ့ gene ပြုပြင်ခြင်း CRISPR နည်းပညာကို လူသားများအပေါ်မှာ အသုံးမချဖို့အတွက် ထိထိရောက်ရောက်တားဆီးနိုင်ဖို့ဆိုတာ လုံလောက်တဲ့စည်းမျဉ်းစည်းကမ်း၊ လုပ်ထုံးလုပ်နည်းများမရှိသေးပါဘူး။ ဒါပေမဲ့ ထိပ်တန်းတက္ကသိုလ်ကြီးများနဲ့ သက်ဆိုင်ရာအစိုးရများ ပူးပေါင်းပြီးတော့ တားဆီးနိုင်တယ်လို့ အများစုကအကြံပြုထားပါတယ်။ ဒါပေမဲ့ အခုလို တရုတ်အစိုးရက ဒီကိစ္စကို လိုက်လံဖုံးဖိပြီး ပွင့်လင်းမြင်သာမှုရှိမနေခြင်းဟာ အဆိုပါ စုပေါင်းတားဆီးမယ့်ရည်ရွယ်ချက်ကို နှောင့်နှေးနေစေတယ်လို့ သိပ္ပံပညာရှင်များကမှတ်ချက်ပေးထားကြောင်း MIT Tech Review မှာ ဖော်ပြထားပါတယ်။

တရုတ်အစိုးရဟာ ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီးတော့ နောက်ဆက်တွဲကိစ္စများ၊ ရလဒ်များကို နိုင်ငံတကာအသိုင်းအဝိုင်းထံအသိပေးပြီး ပူးပေါင်းလုပ်ဆောင်ဖို့တာဝန်ရှိ

ဒီကိစ္စကို သေသေချာချာ လေ့လာကြည့်မယ်ဆိုရင် တရုတ်အစိုးရဟာ ထဲထဲဝင်ဝင်ဝင်ရောက်စွက်ဖက်ပြီး ဖုံးဖိနေတာသိသာပြီး ဘာကြောင့် ဒါကိုလျို့ဝှက်ချက်ကြီးတစ်ခု လုပ်နေရတာလဲ လို့ University of Miami မှ bioethicist တစ်ဦးဖြစ်သူ Rosario Isasi က MIT Tech Review ကို ပြောကြားခဲ့ပါတယ်။ တရုတ်အစိုးရဟာ ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီးတော့ နောက်ဆက်တွဲကိစ္စများ၊ ရလဒ်များကို နိုင်ငံတကာအသိုင်းအဝိုင်းထံအသိပေးပြီး ပူးပေါင်းလုပ်ဆောင်ဖို့တာဝန်ရှိပါတယ်လို့ သူက ထပ်မံပြောကြားခဲ့ပါတယ်။

ဒီသတင်းကို ရိုးရာလေးရဲ့မိတ်ဖက် သိပ္ပံစာပေဝက်ဘ်ဆိုက် Curiosity မှာ ဖော်ပြထားတာဖြစ်ပါတယ်။

Ref: Curiosity
Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top