ဂျပန်နိုင်ငံရဲ့ တချို့နေရာတွေမှာ ခါတိုင်းနှစ်တွေထက်ပိုစောပြီး ချယ်ရီပန်းတွေ ဖူးပွင့်နေ

yyl-060-1.jpg

နွေဦးရာသီမှာ နိုင်ငံခြားခရီးသွားဧည့်သည်တွေဟာ ဂျပန်ကို အလည်အပတ်ပိုပြီးလာကြပါတယ်။ အဲဒီအချိန်မှာမှ ဘာလို့ဂျပန်ကို အလည်လာရတာလဲဆိုရင် ဂျပန်နိုင်ငံရဲ့သင်္ကေတအမှတ်အသားလို့ပြောလို့ရတဲ့ ချယ်ရီပန်းတွေ ဖူးပွင့်တဲ့အချိန်ဖြစ်တာကြောင့် ချယ်ရီပန်းပွင့်တာကို ကြည့်ကြဖို့ပါပဲ။ အခုနှစ်ကတော့ ဂျပန်မှာ ချယ်ရီပန်းပွင့်တွေကို ခါတိုင်းနှစ်တွေထက် အစောကြီး မြင်တွေ့ရမှာဖြစ်ပါတယ်။

ချယ်ရီပန်းပွင့်တဲ့ရာသီက မတ်လအလယ်ကနေ ဧပြီထိဖြစ်ပေမဲ့ အခု ဂျပန်နိုင်ငံက တချို့နေရာတွေမှာ ချယ်ရီပန်းတွေ ဖူးပွင့်လို့နေပါတယ်။ ဆာကူရာလို့လည်းသိကြတဲ့ ချယ်ရီပန်းတွေ ဖူးပွင့်တာက နွေဦးရာသီနဲ့ တိုက်ပြီး ပွင့်ကြတာဖြစ်ပါတယ်။ ချယ်ရီပန်းတွေက အိုကီနာဝါမှာ မတ်လဆို အမြဲလိုလို ဖူးပွင့်လာပါတယ်။ အိုကီနာဝါမှာ ဖေဖော်ဝါရီ ၃ ရက်နေ့က ချယ်ရီပန်းတွေ ပွင့်လာတာဖြစ်ပြီး ခဝဇုကတော့ ဖေဖော်ဝါရီ ၁၃ ရက်က ချယ်ရီပန်းတွေ ပွင့်လာတဲ့အပြင် မတ်လအလယ်မှာ ပွင့်မယ်လို့ ခန့်မှန်းထားတဲ့ တိုကျိုကလည်း ဖေဖော်ဝါရီ လလယ်မှာ ချယ်ရီပန်းတွေ ပွင့်နေပြီလို့ သိရပါတယ်။

ဂျပန်မိုးလေဝသဆိုင်ရာအေဂျင်စီက ချယ်ရီပန်းဖူးပွင့်မယ့်အချိန်ကို ခန့်မှန်းပြီး ကြေညာခဲ့ပါတယ်။ ချယ်ရီပန်းဖူးပွင့်မယ့်အချိန်ကို မြို့ (၅၁) မြို့အတွက် ခန့်မှန်းပေးခဲ့တာဖြစ်ပါတယ်။ ဒါပေမဲ့ ကြိုတင်ခန့်မှန်းထားတဲ့အတိုင်း စောပြီး တချို့နေရာတွေက ချယ်ရီပန်းတွေဖူးပွင့်ခဲ့တာဖြစ်ပါတယ်။ အောက်မှာဖော်ပြပေးထားတဲ့ပုံက ဂျပန်နိုင်ငံမှာ ချယ်ရီပန်းဖူးပွင့်မယ့်အချိန်ကို ကြိုတင်ခန့်မှန်းချက်တွေဖြစ်ပါတယ်။ သေချာတာက ကြိုတင်ခန့်မှန်းထားတဲ့ရက်တွေထက် အခု ပိုစောနေမှာဖြစ်ပါတယ်။


အချိန်စောပြီး ပွင့်နေတဲ့ ချယ်ရီပန်းတွေရဲ့ပုံတွေကို တချို့လူတွေက ဓာတ်ပုံတောင် ရိုက်ပြီးသွားကြပါပြီ။ အခုဆိုရင် ဂျပန်နိုင်ငံတစ်နိုင်ငံလုံးက ခါတိုင်းနှစ်ထက်စောပြီး ချယ်ရီပန်းရာသီကို ကြိုဆိုရတော့မှာဖြစ်ပါတယ်။

Ref: Cherry blossoms blooming early by Feb. 2020 in some parts of Japan

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top