လူမှုဆက်ဆံရေး သိပ်မလုပ်သူများက နှလုံး နှင့် ဆီးချိုဆိုင်ရာ ရောဂါများ ရနိုင်ချေပိုများ

besocial.jpg

ဗြိတိန်နိုင်ငံရှိ ဆေးဝါးနှင့် ကျန်းမာရေး ဆိုင်ရာ ဆရာဝန်များရဲ့ ပြုလုပ်တဲ့ စစ်တမ်းအရ အပေါင်းအသင်းနည်းသူ၊ တစ်ယောက်တည်း နေတတ်သူများ ဟာ နှလုံးနဲ့ ဆက်စပ်ရောဂါများ ပိုမိုကြုံတွေ့ရပြီး အသက်ကြီးလာရင် ဆီးချိုရောဂါများ ရနိုင်ဖွယ်ရှိကြောင်း ဆိုပါတယ်။

လူမှုဆက်ဆံရေးသိပ်မလုပ်ပဲ တစ်ယောက်တည်း အနေများသူများဟာ လုပ်ဆောင်ချက်နည်းပါးပြီး အိမ်တွင်းပုန်းတာ များပါတယ်။ မဟုတ်လည်း အလုပ်နဲ့ အိမ်မျှလောက်သာရှိပြီး သူ့ဆီမှာ ကိုယ်ယာလ လှုပ်ရှားမှု နည်းပါတယ်။ ယင်း နည်းပါးမှုရဲ့ ရလဒ်အနေနဲ့ နှလုံးရဲ့ လုပ်ဆောင်ချက်ဟာ ပုံမှန်မဟုတ်ပဲ နှေးကွေးပြီး နှလုံးနဲ့ ဆက်စပ် ရောဂါများ ရရန် ပိုပြီးတော့ အလားအလာများမှာ ဖြစ်ပါတယ်။

ဒါ့အပြင် လူငယ်ဘဝမှာ အပေါင်းအသင်းနည်းရင် အသက်ကြီးပိုင်းရောက်တဲ့အခါ ဆီးချိုရောဂါရနိုင်ချေဟာ အပေါင်းအသင်းများသူထက် ၅၀ ရာခိုင်နှုန်းကျော် ပိုများမှာ ဖြစ်ကြောင်း ဆိုပါတယ်။

ငယ်စဉ်ချိန်မှာ အပေါင်းအသင်းများ ရှိရန်လိုအပ်ပြီး အသက်အရွယ်က လူလတ်ပိုင်းနဲ့ လူအိုပိုင်းရောက်လာချိန်ဆိုရင်တော့ အပေါင်းအသင်း နည်းလာတာဟာ ပြဿနာ တစ်ခု မဟုတ်ကြောင်း ဆိုပါတယ်။

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top